/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာဖြစ်တဲ့-အတက်ရောဂါ

ကလေးတွေမှာဖြစ်တဲ့ အတက်ရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

ကိုယ့်ရဲ့ကလေးမှာ အတက်ရောဂါရှိရင် မိဘတွေ အရမ်းရင်ပူပြီးတော့ စိုးရိမ်ရပါတယ်။ ကလေးတွေမှာ တက်တာက စိုးရွံ့စရာဆိုပေမယ့်လည်း ကုသမှု သေချာခံယူရင်တော့ တက်တဲ့အကြိမ်ရေ နည်းသွားတာ (သို့) လုံးဝမတက်တော့တာမျိုးအထိ ဖြစ်ပြီးတော့ ပုံမှန်ဘဝကို ပြန်ရနိုင်ပါတယ်။

>>  အတက်ရောဂါဆိုတာ ဘာလဲ?
ကလေး ၂၀ မှာ တစ်ယောက်လောက်ကတော့ တစ်ကြိမ်လောက် တက်ဖူးကြပါတယ်။ ဒါပေမဲ့ အယောက် ၁၀၀ မှာ ၁ ယောက်လောက်ကသာပဲ တစ်ကြိမ်ထက် ပိုပြီးတက်ပြီးတော့ အတက်ရောဂါရှိတယ်လို့ ပြောလို့ရပါတယ်။ ဦးနှောက်ထဲက လျှပ်စီးအချက်ပြမှုတွေကို ထိန်းလို့မရတဲ့အခါမှာ တက်တတ်ပါတယ်။

>>  ကလေးတွေ ဘာကြောင့်တက်ရသလဲ?
အတက်ရောဂါရှိတဲ့ ကလေးအချို့မှာ မျိုးရိုးဗီဇက တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ အတက်ရောဂါရှိတဲ့ တချို့ကလေးတွေက ဦးနှောက်တည်ဆောက်မှုပုံစံ၊ ရောဂါပိုးဝင်ရောက်ပြီးလို့ ထိခိုက်ပျက်စီးခြင်း၊ ဦးနှောက်ထိခိုက်ဒဏ်ရာရပြီး အနာရွတ်ထင်ခြင်း၊ အောက်ဆီဂျင် ပြတ်လတ်ပြီးတော့ ဦးနှောက်ထိခိုက်ခြင်းတွေကြောင့် အတက်ရောဂါ ရတတ်ပါတယ်။ ဦးနှောက်ကင်ဆာကြောင့် တက်တာက ဖြစ်တော့ဖြစ်ပေမယ့် ရှားပါတယ်။
ကလေးအများစုမှာ အတက်ရောဂါဖြစ်စေတဲ့ သိသာထင်ရှားတဲ့အကြောင်းအရင်း မရှိပါဘူး။

>>  အတက်ရောဂါကို ဘယ်လိုရှာဖွေဖော်ထုတ်မလဲ?
ကလေးမှာ အတက်ရောဂါရှိရင် ကလေးအထူးကု (သို့) အာရုံကြောအထူးကုကို သွားပြဖို့လိုပါတယ်။ ဆရာဝန်က ရောဂါကို သေချာရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် မိဘတွေက ကိုယ့်ကလေး တက်တဲ့အကြောင်းကို ဆရာဝန်ကိုပြောပြရမယ်၊ တက်တဲ့အချိန်မှာ ဗွီဒီယိုလေးရိုက်ပြီးတော့ ဆရာဝန်ကို ပြန်ပြပေးရမယ်။ တစ်ခါတလေမှာ ကလေးတက်တာကို သေချာသိချင်လို့ ဆေးရုံမှာ ခဏတက်နေခိုင်းတတ်ပါတယ်။
EEG လို့ခေါ်တဲ့ ကလေးရဲ့ဦးနှောက်ကို လျှပ်စစ်နဲ့ရိုက်ပြီးတော့ ဦးနှောက်ထဲက လှုပ်ရှားမှုတွေကို ဖတ်လို့ရပါတယ်။ ဒါက နာကျင်မှုမရှိတဲ့စစ်ဆေးမှုပါ။ တချို့ကလေးတွေကို CT, MRI တွေရိုက်ဖို့ လိုတတ်ပါတယ်။

>>  ကလေးတက်ရင် ဘာလုပ်ပေးသင့်သလဲ?
ကိုယ့်ကလေးတက်ရင် ပျာယာခတ်မနေဘဲနဲ့ စိတ်ကို တည်ငြိမ်အောင်ထားပါ။
●  ကလေးကို ထိခိုက်စေနိုင်တဲ့အရာတွေကို ဖယ်ပါ။
●  ရေထဲမှာ တက်တာဆိုရင် ကလေးမျက်နှာကို ရေပေါ်မှာထားပါ။
●  ကလေးတက်တဲ့ကြာချိန်ကို မှတ်ထားပါ။
●  အဝတ်အစားကျပ်ကျပ်တွေကို ဖြေလျော့ပါ။
●  ကလေးခေါင်းအောက်မှာ ခေါင်းအုံးပျော့ပျော့ (သို့) ပျော့တဲ့အရာလေး ခံပေးပါ။
●  ကလေးပါးစပ်ထဲကို ဘာမှမထည့်ပါနဲ့။
●  ကလေး တက်တာ ရပ်သွားရင် ဘေးလေးစောင်းပေးပါ (သို့) ကလေးပါးစပ်ထဲမှာ အရည်တွေ ရှိနေရင်တော့ အတက် မရပ်ခင်ကတည်းက စောင်းပေးပါ။
●  အတက်ကျသွားပြီးရင် အသက် ပုံမှန်ပြန် ရှူ၊ မရှူ သေချာစစ်ပါ။

Nutroplex 1

>>  အောက်ပါလက္ခဏာတွေ တွေ့ရင်တော့ အရေးပေါ်ကား ချက်ချင်းခေါ်ပါ (သို့) ဆေးရုံဆေးခန်း ချက်ချင်းပို့ပါ။
●  ကလေးတက်တာ ၅ မိနစ်ထက်ကြာရင်
●  ကလေးပါးစပ်ထဲမှာ အစားအစာ (သို့) သောက်စရာ တစ်ခုခုရှိနေရင်
●  ရေချိုးကန် (သို့) ရေကန်ထဲမှာ ကလေး တက်ရင်
●  ဒါက ကလေး ပထမဆုံးတက်တာဆိုရင်
●  တက်ပြီးလို့ ၅ မိနစ်ကျော်တဲ့အထိ သတိမလည်လာရင် (သို့) အသက်ပုံမှန်မရှူရင်
●  ခဏခဏတက်ရင်
●  ကလေးမှာ ထိခိုက်ဒဏ်ရာလည်း ရထားရင်
●  ကလေးမှာအကူအညီလိုမလိုမသေချာရင်

>>  ကုထုံးများ
ကလေးကို မတက်စေဖို့အတွက် -
●  အိပ်ရေးဝဝ အိပ်ပါစေ။
●  အစားပုံမှန်စားပြီး လေ့ကျင်ခန်း ပုံမှန်လုပ်ခိုင်းပါ။
●  အလင်းစူးစူးတွေလိုမျိုး တက်တာကို ပိုဆိုးစေတဲ့အရာတွေကို ရှောင်ပါ။
●  ကလေးကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ဆေး သေချာတိုက်ပါ။

ကလေးအများစုကတော့ သောက်ဆေးတွေနဲ့ အထောက်အကူဖြစ်ပေမယ့်လည်း တချို့ကလေးတွေ ကျတော့လည်း ပိုပြီးပြင်းထန်တဲ့ကုသမှုတွေပေးဖို့ လိုပါတယ်။
●  ကလေးကိုတက်စေတဲ့ ဦးနှောက်တစ်သျှူးအပိုင်းအစတွေကို ခွဲစိတ်ဖယ်ရှားခြင်း
●  လည်ပင်းမှာရှိတဲ့ vagus nerve လို့ခေါ်တဲ့ အာရုံကြောကိုလှုံ့ဆော်တဲ့ ကိရိယာတစ်ခုကို အရေပြားအောက်မှာ ထည့်ထားခြင်း
●  အဆီများ၊ အသားဓာတ်နဲ့ ကစီဓာတ်နည်းတဲ့ အထူးအစားအစာကျွေးခြင်း (Keto Diet)

>>  အတက်ရောဂါရဲ့ ရေရှည်နောက်ဆက်တွဲဆိုးကျိုးများ
ကလေးဘဝမှာ အတက်ရောဂါခံစားရတဲ့ ကလေး ၁၀ ယောက်မှာ ၇ ယောက်က ကြီးလာတဲ့အခါမှာ ပုံမှန်ပြန်ဖြစ်သွားပါတယ်။
တက်တတ်တဲ့ကလေးတွေက တခြားကလေးတွေလိုပဲ လုပ်ဆောင်နိုင်ပေမယ့်လည်း ကလေးကို တစ်ယောက်တည်း ရေကူးတာတွေကို ခွင့်မပြုပါနဲ့။ ပြီးတော့ စက်ဘီးစီးရင်လည်း ဦးထုပ်အမာ ဆောင်းခိုင်းပါ။
ကလေးက ကျောင်းမှာပြဿနာရှိရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပါတယ်။ အတက်ရောဂါရှိတဲ့ ကလေးအများစုကတော့ သင်ယူတဲ့နေရာမှာ အခက်အခဲမရှိတတ်ပေမယ့် တချို့မှာရှိနိုင်ပါတယ်။ အာရုံမစိုက်နိုင်တာလိုမျိုး ပြဿနာတွေအတွက် ကုသမှုသေချာခံယူဖို့ လိုပါတယ်။
အတက်ရောဂါကြောင့် ဦးနှောက်ပျက်စီးသွားတာ၊ သေဆုံးတာတွေကတော့ ဖြစ်လေ့မရှိပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Nutroplex 2

(Zawgyi)

ကိုယ့္ရဲ႕ကေလးမွာ အတက္ေရာဂါရွိရင္ မိဘေတြ အရမ္းရင္ပူၿပီးေတာ့ စိုးရိမ္ရပါတယ္။ ကေလးေတြမွာ တက္တာက စိုး႐ြံ႕စရာဆိုေပမယ့္လည္း ကုသမႈ ေသခ်ာခံယူရင္ေတာ့ တက္တဲ့အႀကိမ္ေရ နည္းသြားတာ (သို႔) လုံးဝမတက္ေတာ့တာမ်ိဳးအထိ ျဖစ္ၿပီးေတာ့ ပုံမွန္ဘဝကို ျပန္ရႏိုင္ပါတယ္။

>>  အတက္ေရာဂါဆိုတာ ဘာလဲ?
ကေလး ၂၀ မွာ တစ္ေယာက္ေလာက္ကေတာ့ တစ္ႀကိမ္ေလာက္ တက္ဖူးၾကပါတယ္။ ဒါေပမဲ့ အေယာက္ ၁၀၀ မွာ ၁ ေယာက္ေလာက္ကသာပဲ တစ္ႀကိမ္ထက္ ပိုၿပီးတက္ၿပီးေတာ့ အတက္ေရာဂါရွိတယ္လို႔ ေျပာလို႔ရပါတယ္။ ဦးေႏွာက္ထဲက လွ်ပ္စီးအခ်က္ျပမႈေတြကို ထိန္းလို႔မရတဲ့အခါမွာ တက္တတ္ပါတယ္။

>>  ကေလးေတြ ဘာေၾကာင့္တက္ရသလဲ?
အတက္ေရာဂါရွိတဲ့ ကေလးအခ်ိဳ႕မွာ မ်ိဳး႐ိုးဗီဇက တစ္စိတ္တစ္ပိုင္း ပါဝင္ပါတယ္။ အတက္ေရာဂါရွိတဲ့ တခ်ိဳ႕ကေလးေတြက ဦးေႏွာက္တည္ေဆာက္မႈပုံစံ၊ ေရာဂါပိုးဝင္ေရာက္ၿပီးလို႔ ထိခိုက္ပ်က္စီးျခင္း၊ ဦးေႏွာက္ထိခိုက္ဒဏ္ရာရၿပီး အနာ႐ြတ္ထင္ျခင္း၊ ေအာက္ဆီဂ်င္ ျပတ္လတ္ၿပီးေတာ့ ဦးေႏွာက္ထိခိုက္ျခင္းေတြေၾကာင့္ အတက္ေရာဂါ ရတတ္ပါတယ္။ ဦးေႏွာက္ကင္ဆာေၾကာင့္ တက္တာက ျဖစ္ေတာ့ျဖစ္ေပမယ့္ ရွားပါတယ္။
ကေလးအမ်ားစုမွာ အတက္ေရာဂါျဖစ္ေစတဲ့ သိသာထင္ရွားတဲ့အေၾကာင္းအရင္း မရွိပါဘူး။

>>  အတက္ေရာဂါကို ဘယ္လိုရွာေဖြေဖာ္ထုတ္မလဲ?
ကေလးမွာ အတက္ေရာဂါရွိရင္ ကေလးအထူးကု (သို႔) အာ႐ုံေၾကာအထူးကုကို သြားျပဖို႔လိုပါတယ္။ ဆရာဝန္က ေရာဂါကို ေသခ်ာရွာေဖြေဖာ္ထုတ္ႏိုင္ဖို႔အတြက္ မိဘေတြက ကိုယ့္ကေလး တက္တဲ့အေၾကာင္းကို ဆရာဝန္ကိုေျပာျပရမယ္၊ တက္တဲ့အခ်ိန္မွာ ဗြီဒီယိုေလး႐ိုက္ၿပီးေတာ့ ဆရာဝန္ကို ျပန္ျပေပးရမယ္။ တစ္ခါတေလမွာ ကေလးတက္တာကို ေသခ်ာသိခ်င္လို႔ ေဆး႐ုံမွာ ခဏတက္ေနခိုင္းတတ္ပါတယ္။
EEG လို႔ေခၚတဲ့ ကေလးရဲ႕ဦးေႏွာက္ကို လွ်ပ္စစ္နဲ႔႐ိုက္ၿပီးေတာ့ ဦးေႏွာက္ထဲက လႈပ္ရွားမႈေတြကို ဖတ္လို႔ရပါတယ္။ ဒါက နာက်င္မႈမရွိတဲ့စစ္ေဆးမႈပါ။ တခ်ိဳ႕ကေလးေတြကို CT, MRI ေတြ႐ိုက္ဖို႔ လိုတတ္ပါတယ္။

>>  ကေလးတက္ရင္ ဘာလုပ္ေပးသင့္သလဲ?
ကိုယ့္ကေလးတက္ရင္ ပ်ာယာခတ္မေနဘဲနဲ႔ စိတ္ကို တည္ၿငိမ္ေအာင္ထားပါ။
●  ကေလးကို ထိခိုက္ေစႏိုင္တဲ့အရာေတြကို ဖယ္ပါ။
●  ေရထဲမွာ တက္တာဆိုရင္ ကေလးမ်က္ႏွာကို ေရေပၚမွာထားပါ။
●  ကေလးတက္တဲ့ၾကာခ်ိန္ကို မွတ္ထားပါ။
●  အဝတ္အစားက်ပ္က်ပ္ေတြကို ေျဖေလ်ာ့ပါ။
●  ကေလးေခါင္းေအာက္မွာ ေခါင္းအုံးေပ်ာ့ေပ်ာ့ (သို႔) ေပ်ာ့တဲ့အရာေလး ခံေပးပါ။
●  ကေလးပါးစပ္ထဲကို ဘာမွမထည့္ပါနဲ႔။
●  ကေလး တက္တာ ရပ္သြားရင္ ေဘးေလးေစာင္းေပးပါ (သို႔) ကေလးပါးစပ္ထဲမွာ အရည္ေတြ ရွိေနရင္ေတာ့ အတက္ မရပ္ခင္ကတည္းက ေစာင္းေပးပါ။
●  အတက္က်သြားၿပီးရင္ အသက္ ပုံမွန္ျပန္ ႐ွဴ၊ မ႐ွဴ ေသခ်ာစစ္ပါ။

>>  ေအာက္ပါလကၡဏာေတြ ေတြ႕ရင္ေတာ့ အေရးေပၚကား ခ်က္ခ်င္းေခၚပါ (သို႔) ေဆး႐ုံေဆးခန္း ခ်က္ခ်င္းပို႔ပါ။
●  ကေလးတက္တာ ၅ မိနစ္ထက္ၾကာရင္
●  ကေလးပါးစပ္ထဲမွာ အစားအစာ (သို႔) ေသာက္စရာ တစ္ခုခုရွိေနရင္
●  ေရခ်ိဳးကန္ (သို႔) ေရကန္ထဲမွာ ကေလး တက္ရင္
●  ဒါက ကေလး ပထမဆုံးတက္တာဆိုရင္
●  တက္ၿပီးလို႔ ၅ မိနစ္ေက်ာ္တဲ့အထိ သတိမလည္လာရင္ (သို႔) အသက္ပုံမွန္မ႐ွဴရင္
●  ခဏခဏတက္ရင္
●  ကေလးမွာ ထိခိုက္ဒဏ္ရာလည္း ရထားရင္
●  ကေလးမွာအကူအညီလိုမလိုမေသခ်ာရင္

>>  ကုထုံးမ်ား
ကေလးကို မတက္ေစဖို႔အတြက္ -
●  အိပ္ေရးဝဝ အိပ္ပါေစ။
●  အစားပုံမွန္စားၿပီး ေလ့က်င္ခန္း ပုံမွန္လုပ္ခိုင္းပါ။
●  အလင္းစူးစူးေတြလိုမ်ိဳး တက္တာကို ပိုဆိုးေစတဲ့အရာေတြကို ေရွာင္ပါ။
●  ကေလးကို ဆရာဝန္ၫႊန္ၾကားထားတဲ့အတိုင္း ေဆး ေသခ်ာတိုက္ပါ။

ကေလးအမ်ားစုကေတာ့ ေသာက္ေဆးေတြနဲ႔ အေထာက္အကူျဖစ္ေပမယ့္လည္း တခ်ိဳ႕ကေလးေတြ က်ေတာ့လည္း ပိုၿပီးျပင္းထန္တဲ့ကုသမႈေတြေပးဖို႔ လိုပါတယ္။
●  ကေလးကိုတက္ေစတဲ့ ဦးေႏွာက္တစ္သွ်ဴးအပိုင္းအစေတြကို ခြဲစိတ္ဖယ္ရွားျခင္း
●  လည္ပင္းမွာရွိတဲ့ vagus nerve လို႔ေခၚတဲ့ အာ႐ုံေၾကာကိုလႈံ႕ေဆာ္တဲ့ ကိရိယာတစ္ခုကို အေရျပားေအာက္မွာ ထည့္ထားျခင္း
●  အဆီမ်ား၊ အသားဓာတ္နဲ႔ ကစီဓာတ္နည္းတဲ့ အထူးအစားအစာေကြၽးျခင္း (Keto Diet)

>>  အတက္ေရာဂါရဲ႕ ေရရွည္ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား
ကေလးဘဝမွာ အတက္ေရာဂါခံစားရတဲ့ ကေလး ၁၀ ေယာက္မွာ ၇ ေယာက္က ႀကီးလာတဲ့အခါမွာ ပုံမွန္ျပန္ျဖစ္သြားပါတယ္။
တက္တတ္တဲ့ကေလးေတြက တျခားကေလးေတြလိုပဲ လုပ္ေဆာင္ႏိုင္ေပမယ့္လည္း ကေလးကို တစ္ေယာက္တည္း ေရကူးတာေတြကို ခြင့္မျပဳပါနဲ႔။ ၿပီးေတာ့ စက္ဘီးစီးရင္လည္း ဦးထုပ္အမာ ေဆာင္းခိုင္းပါ။
ကေလးက ေက်ာင္းမွာျပႆနာရွိရင္လည္း ဆရာဝန္နဲ႔ တိုင္ပင္ပါတယ္။ အတက္ေရာဂါရွိတဲ့ ကေလးအမ်ားစုကေတာ့ သင္ယူတဲ့ေနရာမွာ အခက္အခဲမရွိတတ္ေပမယ့္ တခ်ိဳ႕မွာရွိႏိုင္ပါတယ္။ အာ႐ုံမစိုက္ႏိုင္တာလိုမ်ိဳး ျပႆနာေတြအတြက္ ကုသမႈေသခ်ာခံယူဖို႔ လိုပါတယ္။
အတက္ေရာဂါေၾကာင့္ ဦးေႏွာက္ပ်က္စီးသြားတာ၊ ေသဆုံးတာေတြကေတာ့ ျဖစ္ေလ့မရွိပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)