/
news/ကလေးများနှင့်ကျန်းမာရေး/ဆောင်းရာသီမှာ-ဘေဘီလေးတွေရဲ့-အသားအရေကို-ဘယ်လိုထိန်းသိမ်းကြမလဲ

ဆောင်းရာသီမှာ ဘေဘီလေးတွေရဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ?

Category
ကလေးများနှင့်ကျန်းမာရေး

ရာသီဥတုကလည်း တဖြည်းဖြည်း အေးစပြုလာပြီဆိုတော့ မေမေတို့ရဲ့  အသားအရေကို ဂရုစိုက်ပေးသလို ဘေဘီလေးတွေရဲ့ အသားအရေကိုလည်း ဂရုစိုက်ပေးဖို့ မမေ့ကြပါနဲ့နော်။ ဘေဘီလေးတွေရဲ့ အရေပြားဟာ အလွန်နူးညံ့တာကြောင့် ဆောင်လေအေးနဲ့ထိတွေ့တဲ့အခါ ခြောက်သွေ့ကြမ်းတမ်းလွယ်တတ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ဘေဘီလေးတို့အတွက် အသားအရေထိန်းသိမ်းမှု နည်းလမ်းတွေကို မေမေတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

●    အဝတ်အစား ဝတ်ဆင်ပေးတဲ့အခါ မထူလွန်း၊ မပါးလွန်းစေရန် ဂရုစိုက်ပေးပါ။

●    မကြာခဏ ရေချိုးပေးခြင်းကို ရှောင်ကြဥ်ပါ။

●    အသားအရေထိန်းသိမ်းထုတ်ကုန်တွေကို ဘေဘီလေးတို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကိုပဲ ရွေးချယ်သုံးစွဲပါ။

●    အမွှေးရနံ့မပါသော၊ Hypoallergic စမ်းသပ်ထားပြီးဖြစ်သော ဘေဘီလိုရှင်းကို တစ်နေ့နှစ်ကြိမ် လိမ်းပေးခြင်းဖြင့် အစိုဓာတ်ထိန်းပေးပါ။

Babi Mild လိုးရှင်းဟာဆိုရင် နူးညံ့သိမ်မွေ့တဲ့ ဖော်မြူလာနဲ့ ထုတ်လုပ်ထားတာကြောင့် လျှင်မြန်စွာစိမ့်ဝင်နိုင်ပြီး စေးကပ်မှုမရှိဘဲ အာဟာရဖြည့်တင်းပေးကာ အသားအရေကို အချိန်ကြာကြာ ချောမွေ့နူးညံ့စေပါတယ်။ အမွှေးနံ့သာများနဲ့ အန္တရာယ်ရှိသော ဓာတုပစ္စည်းများ မပါဝင်ဘဲ Hypoallergic စမ်းသပ်ထားပြီးဖြစ်လို့ မွေးကင်းစကလေးများနဲ့ ထိခိုက်လွယ်အသားအရေအတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

www.drmyanmar.com