/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-ထိခိုက်ဒဏ်ရာရတဲ့အခါ-ပြုလုပ်ပေးသင့်တဲ့-ရှေးဦးသူနာပြုနည်းလမ်းများ

ကလေးတွေ ထိခိုက်ဒဏ်ရာရတဲ့အခါ ပြုလုပ်ပေးသင့်တဲ့ ရှေးဦးသူနာပြုနည်းလမ်းများ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးငယ်များရှိသော မိသားစုတိုင်းမှာ အရေးပေါ်ပြဿနာတွေနှင့် ကြုံကြိုက်တဲ့အခါမှာ နည်းမှန်လမ်းမှန်နှင့် ပြုစုပေးဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုမဟုတ်ဘဲ ဆေးမြီတိုများ အသုံးပြုခြင်း၊ ကြားဖူးနားဝနည်းလမ်းများကို အသုံးပြုခြင်းတို့ ပြုလုပ်မယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိူးတွေနှင့် ရင်ဆိုင်ရနိုင်ပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ အရေးပေါ်ပြဿနာတွေနှင့် ဖြေရှင်းနည်းလမ်းတွေကို မေမေတို့ လေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁)  ထိခိုက်ရှနာများ
ပထမဆုံးအနေနှင့် သွေးတိတ်အောင် ဒဏ်ရာပေါ်သို့ ဖိအားတစ်ခုခု ပေးထားရပါမယ်။ ဒုတိယအနေနှင့် ရေဖြင့်ဆေးချပြီးနောက် ပိုးသတ်ဆေးအရည်ဖြင့်  ထပ်မံဆေးပေးပြီး အနာပေါ်ကပ်နေတဲ့ ဖုန်မှုန့်နှင့်သဲမှုန့်တွေကို ဖယ်ရှားလိုက်ပါ။ တတိယအနေနှင့် အနာပေါ်သို့ ပိုးသတ်ဆေးခရင်မ်လိမ်းပြီး ပတ်တီးဖြင့် ခပ်ဖွဖွစည်းထားပါ။

(၂)  အပူလောင်နာများ
အပူလောင်သောနေရာကို ချက်ချင်း ရေဘုံဘိုင်အောက်တွင်ထားကာ ငါးမိနစ်ခန့် ရေဆေးပါ။ အပူလောင်သောနေရာကို ရေခဲကပ်ခြင်းနှင့် ဆီ၊ ထောပတ်များ လိမ်းခြင်းကို မပြုလုပ်ရပါဘူး။

(၃)  နှာခေါင်းသွေးလျှံခြင်း
ကလေးကို ကုလားထိုင်ပေါ်တွင် ခါးမတ်မတ်ထိုင်စေပါ။ ခေါင်းကို ရှေ့သို့ အနည်းငယ် ငိုက်ထားခိုင်းပါ။ ကလေးရဲ့ နှာရိုးတစ်ဖက်တစ်ချက်ကို လက်ဖြင့် ၅-၁၀ မိနစ်ခန့် ခပ်ဖွဖွညှစ်ပေးပါ။ ခေါင်းမော့ခိုင်းခြင်းမျိုး မပြုလုပ်ပါနှင့်။

Biogesic for kids IA 1

(၄)  ပျားတုတ်ခြင်း
အရင်ဆုံး သန့်ရှင်းသောလက်ဖြင့် အဆူးကို ဖယ်ရှားပါ။ ထို့နောက် ဒဏ်ရာပေါ်သို့ ရေခဲဖြင့် ဖိပေးပါ။

(၅)  ခေါင်းထိခိုက်ခြင်း
ကလေးမှာ အမြင်ဝါးခြင်း၊ လမ်းလျှောက်ရာတွင် ယိုင်နေခြင်း၊ သတိလစ်ခြင်း၊ အန်ခြင်းစတဲ့ ပြင်းထန်သော ခေါင်းထိခိုက်ခြင်းလက္ခဏာတွေ ရှိ၊ မရှိ စစ်ဆေးပါ။ သွေးထွက်သောနေရာရှိပါက ရေဖြင့်ဆေးပြီးနောက် အရက်ပြန် သို့မဟုတ် ပိုးသတ်ဆေးရည်ဖြင့် ဆေးကြောပါ။ သွေးထွက်နေပါက သန့်ရှင်းသောအဝတ်စဖြင့် ၁၀ မိနစ်ခန့် ဖိထားပြီး ဆေးရုံသို့ အမြန်သွားပါ။

(၆)  အစွန်းချွတ်ဆေး မျိုချမိခြင်း
ကလေးရဲ့ပါးစပ်ကို ရေဖြင့် အမြန်ဆုံးဆေးကြောပါ။ ကလေးရဲ့အဝတ်တွေကို အမြန်လဲပေးပါ။ ထို့နောက် အစွန်းချွတ်ဆေးအာနိသင် ပြယ်စေရန် နွားနို့တိုက်ပြီး ဆေးရုံသို့ အမြန်သွားပါ။

(၇)  လက်ကျိုးခြင်း
သွေးထွက်နေပါက အဝတ်သန့်သန့်ဖြင့် ဖိထားပေးပါ။ ကလေးကို သက်သောင့်သက်သာ အနေအထားတွင်ထားပါ။ ထို့နောက် ဒဏ်ရာပေါ်သို့ ရေခဲ ကပ်ပေးပါ။ ဆေးရုံသို့ ချက်ချင်းသွားပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

ကေလးငယ္မ်ားရွိေသာ မိသားစုတိုင္းမွာ အေရးေပၚျပႆနာေတြႏွင့္ ႀကဳံႀကိဳက္တဲ့အခါမွာ နည္းမွန္လမ္းမွန္ႏွင့္ ျပဳစုေပးဖို႔ အလြန္အေရးႀကီးပါတယ္။ ဒီလိုမဟုတ္ဘဲ ေဆးၿမီတိုမ်ား အသုံးျပဳျခင္း၊ ၾကားဖူးနားဝနည္းလမ္းမ်ားကို အသုံးျပဳျခင္းတို႔ ျပဳလုပ္မယ္ဆိုရင္ေတာ့ ေနာက္ဆက္တြဲဆိုးက်ိဴးေတြႏွင့္ ရင္ဆိုင္ရႏိုင္ပါတယ္။ ကေလးေတြမွာ အျဖစ္မ်ားတဲ့ အေရးေပၚျပႆနာေတြႏွင့္ ေျဖရွင္းနည္းလမ္းေတြကို ေမေမတို႔ ေလ့လာႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁)  ထိခိုက္ရွနာမ်ား
ပထမဆုံးအေနႏွင့္ ေသြးတိတ္ေအာင္ ဒဏ္ရာေပၚသို႔ ဖိအားတစ္ခုခု ေပးထားရပါမယ္။ ဒုတိယအေနႏွင့္ ေရျဖင့္ေဆးခ်ၿပီးေနာက္ ပိုးသတ္ေဆးအရည္ျဖင့္  ထပ္မံေဆးေပးၿပီး အနာေပၚကပ္ေနတဲ့ ဖုန္မႈန႔္ႏွင့္သဲမႈန႔္ေတြကို ဖယ္ရွားလိုက္ပါ။ တတိယအေနႏွင့္ အနာေပၚသို႔ ပိုးသတ္ေဆးခရင္မ္လိမ္းၿပီး ပတ္တီးျဖင့္ ခပ္ဖြဖြစည္းထားပါ။

(၂)  အပူေလာင္နာမ်ား
အပူေလာင္ေသာေနရာကို ခ်က္ခ်င္း ေရဘုံဘိုင္ေအာက္တြင္ထားကာ ငါးမိနစ္ခန႔္ ေရေဆးပါ။ အပူေလာင္ေသာေနရာကို ေရခဲကပ္ျခင္းႏွင့္ ဆီ၊ ေထာပတ္မ်ား လိမ္းျခင္းကို မျပဳလုပ္ရပါဘူး။

(၃)  ႏွာေခါင္းေသြးလွ်ံျခင္း
ကေလးကို ကုလားထိုင္ေပၚတြင္ ခါးမတ္မတ္ထိုင္ေစပါ။ ေခါင္းကို ေရွ႕သို႔ အနည္းငယ္ ငိုက္ထားခိုင္းပါ။ ကေလးရဲ႕ ႏွာ႐ိုးတစ္ဖက္တစ္ခ်က္ကို လက္ျဖင့္ ၅-၁၀ မိနစ္ခန႔္ ခပ္ဖြဖြညႇစ္ေပးပါ။ ေခါင္းေမာ့ခိုင္းျခင္းမ်ိဳး မျပဳလုပ္ပါႏွင့္။

(၄)  ပ်ားတုတ္ျခင္း
အရင္ဆုံး သန႔္ရွင္းေသာလက္ျဖင့္ အဆူးကို ဖယ္ရွားပါ။ ထို႔ေနာက္ ဒဏ္ရာေပၚသို႔ ေရခဲျဖင့္ ဖိေပးပါ။

(၅)  ေခါင္းထိခိုက္ျခင္း
ကေလးမွာ အျမင္ဝါးျခင္း၊ လမ္းေလွ်ာက္ရာတြင္ ယိုင္ေနျခင္း၊ သတိလစ္ျခင္း၊ အန္ျခင္းစတဲ့ ျပင္းထန္ေသာ ေခါင္းထိခိုက္ျခင္းလကၡဏာေတြ ရွိ၊ မရွိ စစ္ေဆးပါ။ ေသြးထြက္ေသာေနရာရွိပါက ေရျဖင့္ေဆးၿပီးေနာက္ အရက္ျပန္ သို႔မဟုတ္ ပိုးသတ္ေဆးရည္ျဖင့္ ေဆးေၾကာပါ။ ေသြးထြက္ေနပါက သန႔္ရွင္းေသာအဝတ္စျဖင့္ ၁၀ မိနစ္ခန႔္ ဖိထားၿပီး ေဆး႐ုံသို႔ အျမန္သြားပါ။

(၆)  အစြန္းခြၽတ္ေဆး မ်ိဳခ်မိျခင္း
ကေလးရဲ႕ပါးစပ္ကို ေရျဖင့္ အျမန္ဆုံးေဆးေၾကာပါ။ ကေလးရဲ႕အဝတ္ေတြကို အျမန္လဲေပးပါ။ ထို႔ေနာက္ အစြန္းခြၽတ္ေဆးအာနိသင္ ျပယ္ေစရန္ ႏြားႏို႔တိုက္ၿပီး ေဆး႐ုံသို႔ အျမန္သြားပါ။

(၇)  လက္က်ိဳးျခင္း
ေသြးထြက္ေနပါက အဝတ္သန႔္သန႔္ျဖင့္ ဖိထားေပးပါ။ ကေလးကို သက္ေသာင့္သက္သာ အေနအထားတြင္ထားပါ။ ထို႔ေနာက္ ဒဏ္ရာေပၚသို႔ ေရခဲ ကပ္ေပးပါ။ ေဆး႐ုံသို႔ ခ်က္ခ်င္းသြားပါ။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)