ကလေးတွေ နွားနို့သောက်ဖို့ လိုသလား
● နို့နှင့်နို့ထွက်ပစ္စည်းတွေကို လုံလောက်စွာ သောက်သုံးခြင်းဖြင့် သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရရှိစေပါလိမ့်မယ်။
● ငယ်စဉ်ကတည်းက နို့သောက်သောကလေးများ ကြီးပြင်းတဲ့အခါ အရိုးပါးခြင်း၊ သွေးတိုးခြင်း၊ အဝလွန်ခြင်းနှင့် ကင်ဆာဖြစ်ခြင်း လျော့ကျတာ တွေ့ရှိရပါတယ်။
● ပညာရှင်တွေရဲ့ လေ့လာချက်များအရ ယနေ့ခေတ်မှာ အစားအသောက်မျိုးစုံ ပေါ်ပေါက်လာခြင်း၊ ကျောင်းတွင်းအာဟာရလိုအပ်ချက်၊ ကလေးတွေရဲ့နှစ်သက်မှု၊ ပတ်ဝန်းကျင်လွှမ်းမိုးမှု စတဲ့ အချက်တွေကြောင့် နွားနို့သောက်ခြင်း အလေ့အထဟာ အရင်ကလောက် ခေတ်စားခြင်း မရှိတော့ပါဘူး။
● အဆိုပါလွှမ်းမိုးမှုများအနက် နို့သောက်ခြင်းကို အကျင့်ပြုလုပ်ခြင်းနှင့် မိမိသောက်မယ့်နို့ရဲ့ အရသာကောင်းမွန်ခြင်းတို့က ကလေးတွေကို ရေရှည်နု့ိသောက်စေမယ့် အဓိကအချက်တွေပဲ ဖြစ်ပါတယ်။
● ပြင်ပလွှမ်းမိုးမှုများအနေနှင့် သူငယ်ချင်း၊ မိဘ၊ ကလေးထိန်းတို့ရဲ့လွှမ်းမိုးမှု၊ နို့ကရသော ကောင်းကျိုးတွေကို သိရှိမှု၊ သောက်ချင်စဖွယ်ထုပ်ပိုးမှုနှင့် ကလေးရဲ့ နို့ကို လိုလိုလားလား သောက်လိုမှုတို့ကလည်း အရေးပါလှပါတယ်။
● ဒီလိုကျန်းမာရေးတန်ဖိုးတွေပြည့်ဝတဲ့ နွားနို့ကို ကလေးငယ်တွေ နှစ်ခြိုက်စွာ သောက်သုံးရေးဟာလည်း မေမေတို့အတွက် အာရုံစိုက်စရာကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် သောက်ချင်စဖွယ် အရသာလေးတွေ ဖြည့်စွက်ကာ တိုက်ကျွေးခြင်း၊ နို့သောက်ခြင်းရဲ့ကောင်းကျိုးတွေကို သားသားမီးမီးလေးတွေ သိအောင် ပြောပြခြင်းတို့ဖြင့် အာဟာရပြည့်ဝတဲ့နို့ကို နေ့စဉ်သောက်တဲ့ အလေ့အကျင့်လေးကို ပျိုးထောင်ကြပါစို့ မေမေတို့ရေ ... ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)





























