/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးပါးစပ်မှာ-မှက်ခရုပေါက်တယ်ဆိုတာ

ကလေးပါးစပ်မှာ မှက်ခရုပေါက်တယ်ဆိုတာ

Category
ကလေးများနှင့်ကျန်းမာရေး

မှက်​ခရုဆိုတာ က​လေး​တွေမှာ အင်​မတန်​အဖြစ်​များတဲ့ မှိုပိုးတစ်​မျိုးပါပဲ။ က​လေးပါးစပ်​နား​လေး​တစ်​ဝိုက်​မှာ ယားယံတာ​တွေဖြစ်​​စေနိုင်​တယ်​။

 

>> ဒီလိုမှက်​ခရု​တွေ​ပေါက်​လာတဲ့အခါ

 

မှက်​ခရု​တွေဟာ လူတိုင်​းမှာ​ပေါက်​နိုင်​​ပေမယ်​့ များ​သောအားဖြင်​့​တော့ အသက်​ ၆ လ​အောက်​ က​လေး​တွေနဲ့ သက်​ကြီးရွယ်​အို​တွေမှာ အဖြစ်​အများဆုံး​ပေါ့။

မှက်​ခရု​ပေါက်​​နေတဲ့က​လေးတစ်​​ယောက်​မှာ နှုတ်​ခမ်​း​ထောင်​့​တွေ အက်​ကွဲ​နေတာ၊ နှုတ်​ခမ်​း၊ လျာ၊ ​ပါး​စောင်​​တွေမှာ ခွာမရတဲ့​ကော်​တိတ်​ချ်​ချိစ်​လိုမျိုး အဖြူ အဖတ်​ဖတ်​​တွေ​တွေ့ရတတ်​​တယ်​။

တစ်​ချို့က​လေး​တွေဆိုရင်​ ပါးစပ်​​လေးနာ​နေလို့ အစာ​ကောင်​း​ကောင်​းမစား​တော့တာ၊ နို့စို့ရတာ​အဆင်​​မ​ပြေတာဖြစ်​တတ်​​ပေမယ်​လည်​း တစ်​ချို့က​လေး​တွေက​တော့ ဘာမှကိုမဖြစ်​တတ်​ဘူး။

>> ဘာ​ကြောင်​့မှက်​ခရု​ပေါက်​တာလဲ?

 

Candida albicans လို့​ခေါ်တဲ့ မှိုပိုးတစ်​မျိုး​ကြောင်​့ ဖြစ်​တာ​နော်​။ ​မွေးကင်​းစ​တွေအပါအဝင်​ လူတိုင်​းရဲ့ ပါးစပ်​နဲ့ အစာအိမ်​အူလမ်​း​ကြောင်​းတစ်​​လျောက်​မှာ ဒီမှိုပိုး​တွေဟာ ပုံမှန်​အတိုင်​းရှိ​နေတတ်​တယ်​။ ခုခံအားစနစ်​​ကောင်​း​ကောင်​းနဲ့ ဇီဝဘတ်​တီးရီးယားပိုး​တွေက မှိုပိုး​တွေအများကြီးမပွားလာ​အောင်​ ထိန်​း​ပေးထားတယ်​။

ဒါ​ပေမယ့်​ ဖျားတာနာတာ၊ ကင်​ဆာ​ဆေး​လိုမျိုး​ဆေး​တွေသွင်​းတာစသဖြင်​့ ကိုယ်​ခံအားစနစ်ကျ​စေတဲ့အ​ကြောင်​းရင်​းတစ်​ခုခု​ကြောင်​့​သော်​လည်​း​ကောင်​း ​မွေးကင်​းစ​လေး​တွေမှာလို ကိုယ်​ခံအားစနစ်​​ကောင်​း​ကောင်​း မဖွံ့ဖြိုး​သေးလို့​သော်​လည်​း​ကောင်​း ဒီမှိုပိုး​တွေပွားလာ​တော့တာ​ပေါ့။ Candida မှိုပိုး​တွေပွားတာ​ကြောင်​့ ​သေးခံအနီကွက်​ထတာ၊ မိန်​းမကိုယ်​မှိုပိုးဝင်​တာ​တွေလည်​း ဖြစ်​လာနိုင်​တယ်​။ က​လေး​တွေမှာ ပါးစပ်​မှက်​ခရု​ပေါက်​တာနဲ့ ​သေခံအနိကွက်​ထတာဟာ တစ်​ပြိုင်​နက်​တည်​းလည်​း ဖြစ်​နိုင်​တယ်​။

ပိုးသတ်​​ဆေး​တွေ​သောက်​တဲ့အခါမှာလည်​း ​ကောင်​းတဲ့ဇီဝဘတ်​တီးရီးယားပိုး​တွေ​သေသွားပြီး မှိုပိုး​တွေပွားလာတတ်​တယ်​။ စတီးရွိုက်​​တွေ​သောက်​​နေရရင်​လည်​း ဖြစ်​တတ်​တယ်​။

 

>> မှက်​ခရုကိုကုမယ်​ဆိုရင်​

 

က​လေးမှာမှက်​ခရု​ပေါက်​​နေရင်​ ဆရာဝန်​နဲ့ကြည့်​ပါ။ တစ်​ချို့က​တော့ တစ်​ပတ်​၂ပတ်​​လောက်​မှာတင်​ သူ့အလိုလို​ပျောက်​သွားတတ်​​ပေမယ်​့ ဆရာဝန်​က​ မှိုပိုးသတ်​​ဆေး​တွေ ​ပေးလိုက်​မှာပါ။ ​​ဆေးကို ​ဖော့တံ​လေးနဲ့ ပါး​စောင်​ထဲ​တွေ၊ လျာ​တွေ​ပေါ်မှာ တစ်​​နေ့ကိုအကြိမ်​ကြိမ်​ လိမ်​း​ပေးပါ။

ဒါ့အပြင်​ဆရာဝန်​က က​လေးအသက်​နဲ့လိုက်​ပြီး lactobacilli ဇီဝဘတ်​တီးရီးယားပိုးပါတဲ့ ဒိန်​ချဉ်​​ကျွေးပါလိမ်​့မယ်​။ ဒီပိုး​တွေက မှိုပိုး​တွေကို ပြန်​တိုက်​ထုတ်သွားမှာပါ။

          က​လေးအသက် ၉လကျော်တဲ့အထိ ခဏခဏမှက်​ခရု​ပေါက်​​နေပြီဆိုရင်​​တော့ ​ရောဂါတစ်​ခုခုရှိ​နေနိုင်​လို့ ဆရာဝန်​နဲ့ပြကြည့်​သင်​့တယ်​။

>> မှက်​ခရုမဖြစ်​​အောင်​

 

က​လေး​တွေမှာ ​ပေါက်​​လေ့ရှိတယ်​ဆို​ပေမယ်​့ ကာကွယ်​လို့​တော့ရတာ​ပေါ့။

​ဖော်​မြူလာနို့ကို နု့ိဘူးနဲ့တိုက်​တယ်​၊ ချိုလိမ်​​ပေးစို့တယ်​ဆိုရင်​ နို့သီး​ခေါင်​း​တွေကို ​သုံးပြီးတိုင်​း ​သေချာ​ဆေး​ကြောပြိး ​ရေ​နွေးနဲ့တည်​ဖို့လိုတယ်​။ ဒါမှ နို့သီး​ခေါင်​းမှာ မှိုပိုးရှိ​နေရင်​ ပြန်​မကူးမှာ​ပါ။ အ​မေ့နို့နဲ့ ​ဖျော်​ပြီးသားနို့​တွေကို သိမ်​းချင်​ရင်​ မှိုပိုးမပွားနိုင်​​အောင်​ ​ရေခဲ​သေတ္တာထဲထည်​့​သိမ်​းပါ။

နို့တိုက်​မိခင်​​တွေအ​နေနဲ့လည်​း နု့ိသီး​ခေါင်​း​တွေ နီပြီး​ရောင်​​နေတယ်​ဆိုရင်​ မှိုပိုးဝင်​​နေတာဖြစ်​နိုင်​တယ်​။ က​လေးဆီကအ​မေ၊ အ​မေဆီကက​လေး အပြန်​အလှန်ကူးစက်​နိုင်​လို့ ဆရာဝန်​နဲ့ပြပြီး အ​မေနု့ိသီး​ခေါင်​းကို မှိုပိုးသတ်​​ဆေးလိမ်​း​ချိန်​မှာ က​လေးကိုလည်​း မှိုပိုးသတ်​​ဆေးလိမ်​း​ပေးသင်​့ပါတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)


 


 




 


 




 


 




 


 




 

Dr. Mya Phoo Ngon (www.drmyanmar.com)