ကလေးများနဲ့ အူစွပ်ခြင်း
မိဘတစ်ယောက်ရဲ့ ဘဝမှာ စိတ်အပူပန်ရဆုံးက ကလေးတွေရဲ့ ကျန်းမာရေးဖြစ်တတ်ပါတယ်။ လူမှုဘဝ အရှုပ်အထွေးတွေကြားထဲက ကလေးရဲ့ စားပုံသောက်ပုံကအစ ကာကွယ်ဆေးတွေအဆုံး အကုန်ဂရုစိုက်နေပါရက်နဲ့ တစ်ခါတစ်ရံ ကလေးတွေ ဖျားနာတတ်ကြပါတယ်။ ကလေးတွေဟာ ရောဂါပိုးမွားတွေနဲ့ တစ်ချို့ရောဂါတွေကို ခံနိုင်စွမ်းအားမရှိတာကြောင့် ပိုဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဒီရောဂါတွေအကြောင်းကို သိထားခြင်းဖြင့် ရောဂါလက္ခဏာတွေကို စောစောသိ၊ စောစောကုကာ မဆိုးရွားအောင် ကာကွယ်နိုင်ပါလိမ့်မယ်။ ကလေးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုကတော့ အူစွပ်ခြင်းပဲ ဖြစ်ပါတယ်။
>> ကလေးတွေမှာ အူစွပ်တယ်ဆိုတာ ဘာလဲ?
အူတစ်ဖက်ဟာ အခြားတစ်ဖက်ထဲ ဝင်သွားတာကို အူစွပ်တယ်လို့ခေါ်ပါတယ်။ အများအားဖြင့် အသက်၃လနဲ့၅နှစ်ကြားကလေးတွေမှာ အဖြစ်များပါတယ်။ အူစွပ်ခြင်းဟာ ကလေးတွေမှာ အူပိတ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။
Nutroplex 1
>> ကလေးတွေမှာအူစွပ်ရခြင်းအကြောင်းရင်းတွေက ဘာတွေလဲ?
1. အလုံးအကျိတ်တွေရှိနေခြင်း
2. ဗိုင်းရပ်စ်ပိုးဝင်ခြင်း
3. ပြန်ရည်ကြောအကျိတ်ကြီးခြင်းတို့ကြောင့် ဖြစ်ပါတယ်။
အူစွပ်ခြင်းကြောင့် အူနံရံတွေ ကပ်ကုန်ပြီး
• ရောင်ရမ်းခြင်း
• နာကျင်ခြင်း
• သွေးစီးဆင်းမှုနည်းခြင်း စတာတွေဖြစ်လာနိုင်ပါတယ်။
အူစွပ်ခြင်းဟာ အစာတွေကိုပါ ပိတ်စေတတ်ပါတယ်။ အူကိုသွေးအလာနည်းလာတဲ့အခါမှာလည်း တစ်ဖြည်းဖြည်းချင်း အူပုတ်လာစေနိုင်ပါတယ်။ အူပုတ်တဲ့အခါ သွေးတွေထွက်လာပြီး နောက်ဆုံးအပေါက်ကြးီဖြစ်သွားကာ ပိုးဝင်တာ၊ ရေဓာတ်ခမ်းခြောက်တာနဲ့ ရုတ်တရက်သွေးပေါင်ကျကာ သတိမေ့တတ်ပါတယ်။
Nutroplex 2
>> ကလေးတွေမှာ အူစွပ်တဲ့လက္ခဏာများ
ကလေးဟာ မခံမရပ်နိုင်ေလာက်အောင် ဗိုက်အရမ်းအောင့်လာတတ်ပြိး
1. ဗိုက်အောင့်တာဟာ တောက်လျောက်မဟုတ်ပဲ ပြတ်တောင်းပြတ်တောင်းဖြစ်တတ်ပါတယ်။
2. ပြန်ပြန်နာတဲ့အခါ ပိုပိုဆိုးလာပြီး ပိုပိုကြာလာတတ်ပါတယ်။
3. အဖျားဝင်လာနိုင်ပါတယ်။
4. အန်လည်းအန်လာတတ်ပါတယ်။
5. သွေးပေါင်ကျလာတဲ့အခါ ကလေးဟာ ချွေးစေးတွေတအားပြန်လာပြီး ဖြူ ဖျော့လာပါလိမ့်မယ်။
6. ဝမ်းထဲသွေးတွေချွဲတွေပါလာနိုင်ပါတယ်။
အပေါ်က လက္ခဏာတွေ တစ်ခုမဟုတ်တစ်ခု ခံစားလာရတတ်ပါတယ်။
>> ဘယ်လိုသိနိုင်မလဲ?
ကလေးအသက်နဲ့ ဘယ်လောက်ထိဆိုးရွားလဲပေါ်မူတည်ပြီး ဆရာဝန်က စမ်သပ်စစ်ဆေးရာမှာ
• ဗိုက်မှာအလုံးစမ်းမိခြငး်
• သွေးပေါင်ကျ၊ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေတွေ့ခြင်း စတတွေအပြင်
• ဗိုက်ကိုဓာတ်မှန်ရိုက်ခြင်း
• လေသို့မဟုတ်ဆေးမြိုပြီးဓာတ်မှန်ရိုက်တာမျိုးတွေ လုပ်ပါလိမ့်မယ်။
>> ကုသနည်းလမ်းများ
• ကလေးကိုအရင်ငြိမ်အောင်ထားရပါမယ်။
• ကလေးကိုနှာခေါင်းပိုက်ထည့်ရပါမယ်။
• အရည်ဓာတ်ခမ်းခြောက်ခြငး်ကို ကာကွယ်နိုင်ဖို့ ပုလင်းချိတ်ရပါမယ်။
• ကလေးအူတွေပုံမှန်ပြန်အလုပ်လုပ်နိင်သည်အထိ ပုလင်းတောက်လျောက်ချိတ်ရပါလိမ့်မယ်။ လိုအပ်ရင် • လေသို့မဟုတ်ဆေးမြိုပြီး ဓာတ်မှန်ရိုက်ဖို့ လိုပါတယ်။ ရောဂါပိုးတွေမဝင်အောင် ပိုးငတ်ဆေးတိုက်ပါလိမ့်မယ်။
ဒါနဲ့မှအလုပ်မဖြစ်ခဲ့ရင် ခွဲစိတ်ဖို့ လိုအပ်နိုင်ပါတယ်။
အူစွပ်တာကိုစောစောသိခဲ့ရင် စောစောကုသပျောက်ကငး်နိုင်ပါတယ်။ ဒါကြောင့် ကလေးမှာတစ်စုံတစ်ခုပြောင်းလဲတာ၊ ငိုနေတာ၊ ဂျီတိုက်တာတွေရှိပါက သတိထားပါ။ ဘာကြောင့်ငိုနေရသလဲဆိုတာရှာပါ။ ကလေးဗိုက်ပြင်လေးကိုသေချာစမ်းကြည့်ပါ။ အထူးသဖြင့် ကလေးငယ်ငယ်လေးတေမှာ ပိုသတိထားရပါတယ်။






























