/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများအတွက်-အရေးကြီးတဲ့ဇင့်ဓာတ်

ကလေးများအတွက် အရေးကြီးတဲ့ဇင့်ဓာတ်

Category
ကလေးများနှင့်ကျန်းမာရေး

          ဇင်​့ဓာတ်​ဟာ ကြီးထွားဖွံ့ဖြိုးဆဲ က​လေး​တွေအတွက်​ မရှိမဖြစ်​ လိုအပ်​တဲ့ သတ္တုဓာတ်​တစ်​မျိုးပဲဖြစ်​ပါတယ်​။ က​လေး​တွေကျန်​းမာစွာ ကြီးထွားနိုင်​ဖို့အတွက်​ တစ်​ရှုးအသစ်​​တွေ ထုတ်​လုပ်​​ပေးနိုင်​ပါတယ်​။ ဇင်​့ဓာတ်​ဟာ ခန္ဓာကိုယ်​မှာရှိတဲ့ အင်​ဇိုင်​းအမျိုး၁၀၀ခန်​့ အလုပ်​လုပ်​ဖို့လည်​း ကူညီ​ထောက်​ပံ့​ပေးပါ​သေးတယ်​။

 

♦ ကိုယ်​ခံစွမ်​းအား - က​လေး​တွေအတွက်​ ကိုယ်​ခံစွမ်​းအားကို မြှင်​့တင်​​ပေးပြီး က​လေး​တွေမှာ အဖြစ်များတဲ့ အသက်​ရှုလမ်​း​ကြောင်​းပိုးဝင်​ခြင်​းကို ကာကွယ်​​ပေးနိုင်​ပါတယ်​။ ဇင်​့ဓာတ်​​လျော့နည်​း​နေတဲ့ က​လေး​တွေမှာ ကိုယ်​ခံအားကျဆင်​းပြီး ​ရောဂါမျိုးစုံ ဝင်​​ရောက်​လာနိုင်​ပါ​တယ်​။

 

♦ အရိုးနဲ့အရိုးနုဖွံ့ဖြိုးမှု - ဇင်​့ဓာတ်​ဟာ ​ကော်​လဂျင်​ဖြစ်​​ပေါ်မှုနဲ့ အရိုးနုဖွံ့ဖြုးိမှုတို့ကို အား​ပေးတဲ့အတွက်​ အရိုးအဆစ်​အမြစ်​​တွေကို သန်​မာကြံ့ခိုင်​​စေနိုင်​ပါတယ်​။

Ceelin Plus 1

♦ ကစီဓာတ်​၊ အဆီဓာတ်​နဲ့ အသားဓာတ်​​ချေဖျက်​မှု - ​ဇင်​့ဓာတ်​ဟာ ကစီဓာတ်​၊ အဆီဓာတ်​နဲ့ အသားဓာတ်​​ချေဖျက်​မှု​​တွေအတွက်​ လိုအပ်​တဲ့ ဓာတ်​တစ်​မျိုးဖြစ်​တဲ့အတွက်​ က​လေး​​တွေမှာ စားသမျှ အာဟာရဖြစ်​​စေပါတယ်​။

 

♦ အနာကျက်​​စေခြင်​း - ​ဇင်​့ဓာတ်​မှာ အနာကျက်​​စေနိုင်​တဲ့ အစွမ်​းသတ္တိလည်​း ရှိပါ​သေးတယ်​။ ဒါ​ကြောင်​့ အနာတရဖြစ်​လွယ်​တဲ့ က​လေး​တွေမှာ​ဇင်​့ဓာတ်​ လိုအပ်​ပါတယ်​။

 

♦ စားချင်​​သောက်​ချင်​စိတ်​ကို တိုးပွား​စေခြင်​း - ခန္ဓာကိုယ်​မှာ ဇင်​့ဓာတ်​လုံ​လောက်​စွာ ရှိ​နေခြင်​းက စားချင်​စိ်တ်​ကို နှိုးဆွ​ပေးပြီး အချိန်​အတန်​ကြာ ဇင်​့ဓာတ်​နည်​းပါး​နေသူ​တွေမှာ အစားအ​သောက်​ပျက်​​လေ့ ရှိတတ်​ပါတယ်​။ ဒါ​ကြောင်​့ ကြီးထွား​နေချိန်​က​လေးအရွယ်​မှာ အ​ရေးပါပြီး အစာ​ချေးများတဲ့က​လေး​တွေ ဖြစ်​​စေနိုင်​ပါတယ်​။

 

♦ ပရိုတင်​းနဲ့ ကလာဒ်​စည်​းဆဲလ်​နံရံများတည်​​ဆောက်​မှု -

​ဇင်​့ဓာတ်​ဟာ ကျန်​းမာ​ရေး​ကောင်​းမွန်​ဖို့ အ​ရေးကြီး အစိတ်​အပိုင်​းပဲ ဖြစ်​ပါတယ်​။

 

♦ ဓာတ်​တိုးဆန်​့ကျင်​ပစ္စည်​းများ - ​ဇင်​့ဓာတ်​မှာ ဓာတ်​တိုးဆန်​့ကျင်​ ပစ္စည်​းများ ပါဝင်​တဲ့အတွက်​ ဓာတ်​တိုးခြင်​း​ကြောင်​့ ခန္ဓာကိုယ်​ပျက်​စီးမှုကို ကာကွယ်​​ပေးပါတယ်​။

Ceelin Plus 2

>> က​လေးမှာ​တစ်​​ယောက် ​ဇင်​့ဓာတ်​ဘယ်​​လောက်​လိုအပ်​သလဲ?

 

          အသက်​၁နှစ်​မှ၃နှစ်​အတွင်​းရှိ က​လေးတစ်​​ယောက်​ဟာ တစ်​​နေ့ကို ​ဇင်​့ဓာတ်​၃မီလီဂရမ်​ခန်​၊့ အသက်​၄နှစ်​မှ၈နှစ်​က​လေးတစ်​​ယောက်​မှာ ၄မီလီဂရမ်​၊ အသက်​၉နှစ်​မှ ၁၃နှစ်​ရှိက​လေးတစ်​​ယောက်​မှာ ၆မီလီဂရမ်​ခန်​့ ​အသီးသီးလိုအပ်​ပါတယ်​။ တစ်​​နေ့တာလိုအပ်​ချက်​ကို ပြည်​့ဝ​စေဖို့ ကျန်​းမာ​ရေးနဲ့ ညီညွတ်​တဲ့ အစားအစာများ​ကျွေး​ပေးသင်​့တဲ့အပြင်​ လိုအပ်​လျှင်​ ဇင်​့ဓာတ်ပါတဲ့အား​ဆေးများ တိုက်​သင်​့ပါတယ်​။

 

>> ဇင််​့ဓာတ်​များတဲ့အစားအ​သောက်​များ

 

          ဇင်​့ဓာတ်​အများဆုံးအစားအစာမှာ ကမာ​ကောင်​ဖြစ်​​ပေမယ်​့ ကမာ​ကောင်​ကိုစားဖို့ က​လေး​တွေက​တော့ နှာ​ခေါင်​းရှုံ့တတ်​ကြပါတယ်​။ ဇင်​့ဓာတ်​များတဲ့ က​လေးကြိုက်​ အစားအစာ​တွေက​တော့

• အမဲသား

• ဝက်​သား

• ပဲသီး

• ကြက်​ရင်​ပုံသား

• သီဟိုဠ်​​စေ့

• ပဲစိမ်​းသီး

• Chedder, mozzarella, swiss စတဲ့ ချိစ်​မျိုးစုံ

• အုတ်​ဂျုံမှုန့်​

• Almond ​စေ့

• ပဲကတ္တီပါ

• ပဲ​စေ့များ

• ဂဏန်​းနဲ့ ပုဇွန်​ထုပ်​များ

 

          ဇင့်ဓာတ်ကြွယ်၀နေမယ်ဆိုရင် က​လေးဟာ အစ​ကောင်​းမှ အ​နှောင်​း​သေချာဆိုသလို ကြီးထွားမှုအစကတည်​းက ကျန်​းကျန်​းမာမာ၊ ကိုယ်​ခံစွမ်​းအားပြည်​့ပြည်​့၊ ပြီးပြည်​့စုံတဲ့ ဇီဝကမ္မလုပ်​ငန်​း၊ အရိုးအဆစ်​ စတာ​တွေကို ပိုင်​ဆိုင်​နိုင်​မှာ ဖြစ်​ပါတယ်​။​

 

Dr. Mya Phoo Ngon (www.drmyanmar.com)