ကလေး ခွေးကိုက်ခံရရင် ...
>> ရှေးဦးသူနာပြုစုနည်း
ကလေးငယ်လေးတွေဆိုရင် ခြေထောက်မှာ အများဆုံး အကိုက်ခံရတတ်ပါတယ်။
● ဒဏ်ရာသေးရင် - ဒဏ်ရာကို ရေရယ်၊ ဆပ်ပြာရယ်နဲ့ သေချာဆေးကြောပါ၊ ရောဂါပိုးဝင်တာက ကာကွယ်ဖို့အတွက် ပိုးသတ်ဆေးပါဝင်တဲ့ လိမ်းဆေးတစ်မျိုးမျိုးကို လိမ်းပါ။
● ဒဏ်ရာကြီးရင် - သွေးထွက်များရင် အဝတ်ခြောက် သန့်သန့်တစ်ခုနဲ့ သွေးတိတ်အောင် စည်းနှောင်ပြီး ဆရာဝန်ဆီ အမြန်သွားပါ။
ပြီးရင်
● ခွေးက ပိုင်ရှင်ရှိရင် ကာကွယ်ဆေးတွေ ထိုးတာလားမေးပါ။ အရေးကြီးဆုံးက ခွေးရူးပြန်ကာကွယ်ဆေးပါ။
● ခွေးကို တစ်ခုခု သွားလုပ်လို့၊ စလို့ကိုက်တာလား။ ဘာမှမလုပ်ဘဲ လာကိုက်တာလားဆိုတာ မေးပါ။
Biogesic for kids IA 1
>> ဘယ်လိုကုသမလဲ?
1. ဒဏ်ရာကို သန့်ရှင်းအောင် သေချာဆေးကြောရမယ်။
2. အပေါက်တွေကို ရေသန့်၊ စီးနေတဲ့ ရေနဲ့ ဆေးရမယ်။
3. ပိုးဝင်တဲ့လက္ခဏာတွေ့ရင် ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးရမယ်။
4. ဒဏ်ရာကို မအုပ်၊ မချုပ်ဘဲ ဖွင့်ထားရမယ်။
5. ပိုးဝင်နိုင်တဲ့ လက္ခဏာရှိရင် ပိုးသတ်ဆေး ပေးပါလိမ့်မယ်။
6. ဒဏ်ရာ ပိုးဝင်တာ ရှိ၊ မရှိကို ၂၄-၄၈ နာရီအတွင်း ပြန်ပြီး စစ်ဆေးပါလိမ့်မယ်။
7. လက်ဖဝါး၊ ခြေဖဝါးမှာရှိတဲ့ ဒဏ်ရာတွေကိုတော့ ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသရပါမယ်။
8. ခွေးရူးကာကွယ်ဆေး/မေးခိုင်ကာကွယ်ဆေး ထိုးဖို့ လို၊ မလိုကို ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။
>> မေးခိုင်ကာကွယ်ဆေး ထိုးဖို့လိုလား?
ဒဏ်ရာက သန့်တယ်ဆိုရင် မေးခိုင်ကာကွယ်ဆေးကို အပြည့်ထိုးထားဖူးရင်တော့ မလိုပါဘူး။ တကယ်လို့ ဒဏ်ရာက ကြီးတယ်၊ မသန့်ဘူး။ ကလေးက ကာကွယ်ဆေးကို တစ်ခါမှ မထိုးဖူးဘူး၊ ဒါမှမဟုတ် အပြည့်မထိုးဖူးဘူးဆိုရင်တော့ ထိုးဖို့ လိုအပ်ပါတယ်။
Dr. Htar (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
>> ေရွးဦးသူနာျပဳစုနည္း
ကေလးငယ္ေလးေတြဆိုရင္ ေျခေထာက္မွာ အမ်ားဆုံး အကိုက္ခံရတတ္ပါတယ္။
● ဒဏ္ရာေသးရင္ - ဒဏ္ရာကို ေရရယ္၊ ဆပ္ျပာရယ္နဲ႔ ေသခ်ာေဆးေၾကာပါ၊ ေရာဂါပိုးဝင္တာက ကာကြယ္ဖို႔အတြက္ ပိုးသတ္ေဆးပါဝင္တဲ့ လိမ္းေဆးတစ္မ်ိဳးမ်ိဳးကို လိမ္းပါ။
● ဒဏ္ရာႀကီးရင္ - ေသြးထြက္မ်ားရင္ အဝတ္ေျခာက္ သန႔္သန႔္တစ္ခုနဲ႔ ေသြးတိတ္ေအာင္ စည္းေႏွာင္ၿပီး ဆရာဝန္ဆီ အျမန္သြားပါ။
ၿပီးရင္
● ေခြးက ပိုင္ရွင္ရွိရင္ ကာကြယ္ေဆးေတြ ထိုးတာလားေမးပါ။ အေရးႀကီးဆုံးက ေခြး႐ူးျပန္ကာကြယ္ေဆးပါ။
● ေခြးကို တစ္ခုခု သြားလုပ္လို႔၊ စလို႔ကိုက္တာလား။ ဘာမွမလုပ္ဘဲ လာကိုက္တာလားဆိုတာ ေမးပါ။
>> ဘယ္လိုကုသမလဲ?
1. ဒဏ္ရာကို သန႔္ရွင္းေအာင္ ေသခ်ာေဆးေၾကာရမယ္။
2. အေပါက္ေတြကို ေရသန႔္၊ စီးေနတဲ့ ေရနဲ႔ ေဆးရမယ္။
3. ပိုးဝင္တဲ့လကၡဏာေတြ႕ရင္ ဓာတ္ခြဲခန္းပို႔ၿပီး စစ္ေဆးရမယ္။
4. ဒဏ္ရာကို မအုပ္၊ မခ်ဳပ္ဘဲ ဖြင့္ထားရမယ္။
5. ပိုးဝင္ႏိုင္တဲ့ လကၡဏာရွိရင္ ပိုးသတ္ေဆး ေပးပါလိမ့္မယ္။
6. ဒဏ္ရာ ပိုးဝင္တာ ရွိ၊ မရွိကို ၂၄-၄၈ နာရီအတြင္း ျပန္ၿပီး စစ္ေဆးပါလိမ့္မယ္။
7. လက္ဖဝါး၊ ေျခဖဝါးမွာရွိတဲ့ ဒဏ္ရာေတြကိုေတာ့ ခြဲစိတ္ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ကုသရပါမယ္။
8. ေခြး႐ူးကာကြယ္ေဆး/ေမးခိုင္ကာကြယ္ေဆး ထိုးဖို႔ လို၊ မလိုကို ဆရာဝန္က ဆုံးျဖတ္ေပးပါလိမ့္မယ္။
>> ေမးခိုင္ကာကြယ္ေဆး ထိုးဖို႔လိုလား?
ဒဏ္ရာက သန႔္တယ္ဆိုရင္ ေမးခိုင္ကာကြယ္ေဆးကို အျပည့္ထိုးထားဖူးရင္ေတာ့ မလိုပါဘူး။ တကယ္လို႔ ဒဏ္ရာက ႀကီးတယ္၊ မသန႔္ဘူး။ ကေလးက ကာကြယ္ေဆးကို တစ္ခါမွ မထိုးဖူးဘူး၊ ဒါမွမဟုတ္ အျပည့္မထိုးဖူးဘူးဆိုရင္ေတာ့ ထိုးဖို႔ လိုအပ္ပါတယ္။
Dr. Htar (www.drmyanmar.com)




























