/
news/ကလေးများနှင့်ကျန်းမာရေး/ကလေး-နားဖောက်ခါနီးမှာ

ကလေး နားဖောက်ခါနီးမှာ

Category
ကလေးများနှင့်ကျန်းမာရေး

>>  ကလေးနားမဖောက်ခင် သိထားသင့်တဲ့အချက်တွေ -
●  နားဖောက်ထားတာ ကောင်းကောင်းအနာကျက်ဖို့ ၄ လ ကနေ ၁၂ လလောက်အထိ အချိန်ယူရတတ်ပါတယ်။
●  အသက် ၂ နှစ်ကနေ ၅ နှစ်အတွင်းဟာ နားဖောက်ဖို့ အခက်ဆုံးအချိန်တွေပါပဲ။ နားကပ်ဝတ်ချင်တာသာ သိပေမယ့် နားဖောက်ရတဲ့ဖြစ်စဉ်ကို နားမလည်နိုင်သေးတယ့်အရွယ်ပေါ့။
●  ကျောင်းတက်နေပြီဖြစ်တဲ့ကလေးတွေမှာ တခြားကလေးတွေ၊ ရောဂါပိုးမွှားတွေနဲ့ အမြဲထိတွေ့နေရတာမို့ နားဖောက်ခြင်းရဲ့ နောက်ဆက်တွဲတွေကို ပိုခံစားရတတ်ပါတယ်။ ဒါ့ကြောင့် အရွယ်နည်းနည်းရလာတဲ့ ကလေးတွေကို ကျောင်းပိတ်ရက်ရှည်တွေမှာ ဖောက်လို့ရပါတယ်။
●  ကလေးအားလုံးနီးပါးကတော့ နားဖောက်ရင်ငိုမှာ မြေကြီးလက်ခတ်မလွဲပါပဲနော်။

>>  ကလေးအတွက် နားကပ်ဆင်တဲ့အခါ -
ဆရာဝန်တွေကတော့ ပလတ်စတစ်နဲ့ တိုင်တေနီယမ် ရောစပ်ပြုလုပ်ထားတဲ့ ဆေးနားကပ်ကို တပ်ဆင်ပေးလေ့ရှိပါတယ်။ အရေးကြီးတာက အပေါစားနားကပ်တွေ မတပ်ဆင်မိစေဖို့ပါပဲ။ အပေါစားနားကပ်တွေဟာ အပေါစားသတ္တုတွေနဲ့ ပြုလုပ်ထားတာမို့ ဓာတ်မတည့်တာ၊ အနာကျက်ချိန် ကြာတာတွေ ဖြစ်တတ်ပါတယ်။ နားကပ်နဲ့ပတ်သတ်ရင် အရည်အသွေးက အရေးကြီးပါတယ်။ ပလတ်စတစ်နားကပ်တွေမှာတော့ သတ္တု မပါတဲ့အတွက် သတ္တုနဲ့ ဓာတ်မတည့်သူတွေအတွက် အသုံးဝင်ပါတယ်။

Ceelin Plus 1

●  နားဖောက်တဲ့အခါ ဆရာဝန်၊ ဆရာမတွေဆီမှာ ဖောက်သင့်သလား၊ အလှပြင်ဆိုင်မှာ ဖောက်သင့်သလား။
ဆရာဝန်ဆီမှာ ဖောက်တာကတော့ စိတ်အချရဆုံးပေါ့။

●  ကလေးတွေကို အလှပြင်ဆိုင်မှာ နားဖောက်ရင်ရောရလား။
တချို့ကတော့ လက်ခံပါတယ်။ တစ်ခါသုံးပစ္စည်းတွေနဲ့ သန့်သန့်ရှင်းရှင်း ပိုးသတ်ထားတဲ့ပစ္စည်းတွေသာ အသုံးပြုရင် စိတ်ချရပါတယ်။

●  တချို့အမေအဖေတွေက ကလေးကို နား လုံးဝမဖောက်စေတာ ဘာကြောင့်လဲ။
တစ်ခါတလေကျတော့ ကလေးကြီးလာပြီး ကိုယ့်ကိုယ်ကို ဆုံးဖြတ်နိုင်တော့မှ ဖောက်စေတာမျိုး ရှိပါတယ်။ နားဖောက်တာဟာ ဓလေ့ရိုးရာအလိုက် လုပ်ကြတာမျိုးလည်း ရှိပါတယ်။ ယောက္ခမလူကြီးမိဘတချို့က ကလေးကို ဘာလို့နားမဖောက်သေးတာလဲဆိုပြီး အပြစ်တင်တာမျိုးလည်း ရှိတယ်လို့ တချို့မိဘတွေ ပြောတတ်ကြပါတယ်။
တချို့မိသားစုတွေမှာဆိုရင် သမီးမိန်းကလေး မွေးပြီဆိုတာနဲ့ နားဖောက်ကြတာမျိုးလည်း ရှိတတ်ပါတယ်။

>>  နောက်ဆုံးပြောချင်တာက -
ကလေးကို နားဖောက်ချင်လား? ဖောက်ပါ။ ရပါတယ်။ ဘယ်မှာဖောက်သင့်သလဲဆိုတာ သေချာစုံစမ်းပါ။ အဓိကက ပိုးသတ်ပြီး သန့်ရှင်းတဲ့ တစ်ခါသုံးပစ္စည်းတွေ သုံးပေးဖို့ပါပဲ။ ကလေးကို နားဖောက်ဖို့ အမေက ဆိုင်ကို ခေါ်သွားပေးတာဟာ အမေနဲ့သမီးကြားက အမှတ်ရစရာ အရာတစ်ခုလည်း ဖြစ်နေမှာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)

Ceelin Plus 2

(Zawgyi)

>>  ကေလးနားမေဖာက္ခင္ သိထားသင့္တဲ့အခ်က္ေတြ -
●  နားေဖာက္ထားတာ ေကာင္းေကာင္းအနာက်က္ဖို႔ ၄ လ ကေန ၁၂ လေလာက္အထိ အခ်ိန္ယူရတတ္ပါတယ္။
●  အသက္ ၂ ႏွစ္ကေန ၅ ႏွစ္အတြင္းဟာ နားေဖာက္ဖို႔ အခက္ဆုံးအခ်ိန္ေတြပါပဲ။ နားကပ္ဝတ္ခ်င္တာသာ သိေပမယ့္ နားေဖာက္ရတဲ့ျဖစ္စဥ္ကို နားမလည္ႏိုင္ေသးတယ့္အ႐ြယ္ေပါ့။
●  ေက်ာင္းတက္ေနၿပီျဖစ္တဲ့ကေလးေတြမွာ တျခားကေလးေတြ၊ ေရာဂါပိုးမႊားေတြနဲ႔ အၿမဲထိေတြ႕ေနရတာမို႔ နားေဖာက္ျခင္းရဲ႕ ေနာက္ဆက္တြဲေတြကို ပိုခံစားရတတ္ပါတယ္။ ဒါ့ေၾကာင့္ အ႐ြယ္နည္းနည္းရလာတဲ့ ကေလးေတြကို ေက်ာင္းပိတ္ရက္ရွည္ေတြမွာ ေဖာက္လို႔ရပါတယ္။
●  ကေလးအားလုံးနီးပါးကေတာ့ နားေဖာက္ရင္ငိုမွာ ေျမႀကီးလက္ခတ္မလြဲပါပဲေနာ္။

>>  ကေလးအတြက္ နားကပ္ဆင္တဲ့အခါ -
ဆရာဝန္ေတြကေတာ့ ပလတ္စတစ္နဲ႔ တိုင္ေတနီယမ္ ေရာစပ္ျပဳလုပ္ထားတဲ့ ေဆးနားကပ္ကို တပ္ဆင္ေပးေလ့ရွိပါတယ္။ အေရးႀကီးတာက အေပါစားနားကပ္ေတြ မတပ္ဆင္မိေစဖို႔ပါပဲ။ အေပါစားနားကပ္ေတြဟာ အေပါစားသတၱဳေတြနဲ႔ ျပဳလုပ္ထားတာမို႔ ဓာတ္မတည့္တာ၊ အနာက်က္ခ်ိန္ ၾကာတာေတြ ျဖစ္တတ္ပါတယ္။ နားကပ္နဲ႔ပတ္သတ္ရင္ အရည္အေသြးက အေရးႀကီးပါတယ္။ ပလတ္စတစ္နားကပ္ေတြမွာေတာ့ သတၱဳ မပါတဲ့အတြက္ သတၱဳနဲ႔ ဓာတ္မတည့္သူေတြအတြက္ အသုံးဝင္ပါတယ္။

●  နားေဖာက္တဲ့အခါ ဆရာဝန္၊ ဆရာမေတြဆီမွာ ေဖာက္သင့္သလား၊ အလွျပင္ဆိုင္မွာ ေဖာက္သင့္သလား။
ဆရာဝန္ဆီမွာ ေဖာက္တာကေတာ့ စိတ္အခ်ရဆုံးေပါ့။

●  ကေလးေတြကို အလွျပင္ဆိုင္မွာ နားေဖာက္ရင္ေရာရလား။
တခ်ိဳ႕ကေတာ့ လက္ခံပါတယ္။ တစ္ခါသုံးပစၥည္းေတြနဲ႔ သန႔္သန႔္ရွင္းရွင္း ပိုးသတ္ထားတဲ့ပစၥည္းေတြသာ အသုံးျပဳရင္ စိတ္ခ်ရပါတယ္။

●  တခ်ိဳ႕အေမအေဖေတြက ကေလးကို နား လုံးဝမေဖာက္ေစတာ ဘာေၾကာင့္လဲ။
တစ္ခါတေလက်ေတာ့ ကေလးႀကီးလာၿပီး ကိုယ့္ကိုယ္ကို ဆုံးျဖတ္ႏိုင္ေတာ့မွ ေဖာက္ေစတာမ်ိဳး ရွိပါတယ္။ နားေဖာက္တာဟာ ဓေလ့႐ိုးရာအလိုက္ လုပ္ၾကတာမ်ိဳးလည္း ရွိပါတယ္။ ေယာကၡမလူႀကီးမိဘတခ်ိဳ႕က ကေလးကို ဘာလို႔နားမေဖာက္ေသးတာလဲဆိုၿပီး အျပစ္တင္တာမ်ိဳးလည္း ရွိတယ္လို႔ တခ်ိဳ႕မိဘေတြ ေျပာတတ္ၾကပါတယ္။
တခ်ိဳ႕မိသားစုေတြမွာဆိုရင္ သမီးမိန္းကေလး ေမြးၿပီဆိုတာနဲ႔ နားေဖာက္ၾကတာမ်ိဳးလည္း ရွိတတ္ပါတယ္။

>>  ေနာက္ဆုံးေျပာခ်င္တာက -
ကေလးကို နားေဖာက္ခ်င္လား? ေဖာက္ပါ။ ရပါတယ္။ ဘယ္မွာေဖာက္သင့္သလဲဆိုတာ ေသခ်ာစုံစမ္းပါ။ အဓိကက ပိုးသတ္ၿပီး သန႔္ရွင္းတဲ့ တစ္ခါသုံးပစၥည္းေတြ သုံးေပးဖို႔ပါပဲ။ ကေလးကို နားေဖာက္ဖို႔ အေမက ဆိုင္ကို ေခၚသြားေပးတာဟာ အေမနဲ႔သမီးၾကားက အမွတ္ရစရာ အရာတစ္ခုလည္း ျဖစ္ေနမွာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)