ချက်ကြိုးကို ပိုးသတ်ဆေးသုံးပြီး သန့်စင်ပေးပါကမွေးကင်းစကလေးငယ် သေဆုံးနှုန်းကိုလျော့ချနိုင်
Cochrane စာကြည့်တိုက်မှ ထုတ်ပြန်သောာ သုံးသပ်ချက်များအရ Chlorhexidine (ကလိုဟက်ဇဒင်း) သုံးပြီး မွေးကင်းစကလေးငယ်များရဲ့ ချက်ကြိုးကို သန့်စင်ပေးပါက မွေးကင်းစ ကလေးငယ်များသေဆုံးမှုကို ၁၂% ထိလျော့ချပေးနိုင်တယ်လို့သိရပါတယ်။ ဤသုံးသပ်ချက်ကို အရှေ့တောင်အာရှ၊ အာဖရိက၊ ဥရောပနဲ့ မြောက် အမေရိကရှိ ကလေးပေါင်း ရှစ်သောင်းခုနှစ်ထောင် ပါ၀င်တဲ့ လေ့လာမှု (၁၂)ခုပေါ်မှာ အခြေခံပြီး ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။
Chlorhexidine (ကလိုဟက်ဇဒင်း) ဟာ ကမ်ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က အသိအမှတ်ပြုထားတဲ့ ဆေးရုံ၊ ဆေးခန်းသုံး ပိုးသတ်ဆေးရည် တစ်မျိုးဖြစ်ပါတယ်။ ကလေးမီးဖွားစဉ်မှာ မိန်းမကိုယ်သန့်စင်ဆေးရည်အဖြစ် အသုံးပြုနိုင်တာကြောင့် မိခင်မှ ကလေးသို့ ဘက်တီးရီးယားပိုးမွှားတွေ ကူးစက်ခြင်းမရှိအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကလေးသေဆုံးမှုနှုန်းမြင့်မားသော နိုင်ငံ များမှ တွေ့ရှိချက်များအရ Chlorhexidine အသုံးပြုခြင်းက ရောဂါပိုးကူးစက်ခြင်းကြောင့် မွေးကင်းစ ကလေးငယ်များ သေဆုံးနှုန်းကို လျှော့ချပေးနိုင်ပေမယ့် Chlorhexidine နဲ့ ပတ်သက်လို့ လေ့လာမှုတွေပြုလုပ် ရဦးမယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
Dr. Htet Htet Aung






























