/
news/ကလေးများနှင့်ကျန်းမာရေး/နို့စို့ပြီးချိန်-ကလေးတွေ-အန်တဲ့အခါ

နို့စို့ပြီးချိန် ကလေးတွေ အန်တဲ့အခါ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးငယ်လေးတွေ နို့စို့ပြီးတိုင်း နို့တွေ ပြန်ပြန်အန်တာက အဖြစ်များပြီး သူ့ဘာသာ ပျောက်သွားတတ်ပါတယ်။

>>  ဘယ်လိုမျိုး ဖြစ်တတ်လဲ?
ကလေးတွေ အသက် ၈ ပတ်လောက်မှာ စဖြစ်တတ်ပြီး ၁ နှစ်လောက်မှာ ပျောက်သွားတတ်ပါတယ်။
●  နို့စို့ပြီး ခဏနေ ပြန်ထွက်လာတာ
●  နို့စို့နေချိန် ချောင်းဆိုးတာ၊ ကြို့ထိုးတာ
●  နို့စို့နေချိန် ဂဏှာမငြိမ်တာ
●  အရမ်းငိုတာ
●  နို့စို့ပေမယ့် ကိုယ်အလေးချိန် မတက်လာတာတွေ ဖြစ်ပါတယ်။

Ceelin 1

>>  သက်သာအောင် ဘာတွေလုပ်ပေးလို့ရလဲ?
●  ကလေးက ကျန်းမာနေတယ်၊ အလေးချိန်တိုးနေတယ်ဆို ဒီလိုဖြစ်တိုင်း ဆရာဝန် ပြစရာမလိုပါဘူး။
●  နို့တိုက်ပြီးချိန် ကလေးကို အချိန်တော်တော်ကြာ မတ်မတ်ချီထားပါ။
●  တကယ်လို့ နို့ဘူးတိုက်တဲ့ကလေးဆို နည်းနည်းစီ ခဏခဏ တိုက်ပါ။
●  ကလေးကို ပက်လက်ပဲ သိပ်ပါ၊ ဘေးတိုက် မှောက်ရက် သိပ်လို့မရပါဘူး။

>>  ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲ?
●  သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ လုပ်ပေးပြီး ၂ ပတ်ကျော်လို့မှ မသက်သာရင်
●  အသက် ၆ လ ကျော်ပြီးမှ ပထမဆုံးအကြိမ် စဖြစ်တာဆိုရင်
●  အသက် ၁ နှစ်ကျော်တဲ့အထိ မပျောက်ရင်
●  ကိုယ်အလေးချိန် မတက်လာရင် ဒါမှမဟုတ် ကျသွားရင်

Ceelin 2

>>  အရေးပေါ် ဘယ်အချိန်ပြရမလဲ?
●  အန်တဲ့ထဲမှာ အဝါရောင်၊ အစိမ်းရောင်တွေ ပါရင်၊ သွေးပါရင်
●  ဝမ်းသွားတဲ့ထဲ သွေးပါရင်
●  ဖျားရင်
●  ဘာကိုမှ မစားနိုင်ဘဲ အန်ပဲ အန်နေရင်
●  နို့စို့ဖို့ ငြင်းဆန်ရင်
●  ဗိုက်က ဖောင်းတင်းပြီး နာရင်
●  အရမ်းငို၊ ဂျီကျနေရင်
●  ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေရှိရင်

>>  ဘာကြောင့် ဖြစ်ရတာလဲ?
ကလေးလေးတွေရဲ့ အစာပြွန်အောက်ဆုံးပိုင်းက ကြွက်သားတွေက ကောင်းကောင်း မဖွံဖြိုးသေးတာကြောင့် နို့ကို အစာအိမ်ထဲ မသိမ်းထားနိုင်ဘဲ ပြန်ပြန်ထွက်လာတာ ဖြစ်ပါတယ်။
ကြီးလာတာနဲ့အမျှ ကြွက်သားတွေက တဖြည်းဖြည်းဖွံဖြိုးလာပြီး ပျောက်သွားပါလိမ့်မယ်။

Dr. Htar (www.drmyanmar.com)