/
news/ကလေးများနှင့်ကျန်းမာရေး/ဘေဘီလေးတွေ-နှုတ်ခမ်းတွေ-ပြာနေတာကို-ကြုံဖူးကြလား-အဲဒါဘာကြောင့်-ဖြစ်ရတာလဲ

ဘေဘီလေးတွေ နှုတ်ခမ်းတွေ ပြာနေတာကို ကြုံဖူးကြလား ... အဲဒါဘာကြောင့် ဖြစ်ရတာလဲ

Category
ကလေးများနှင့်ကျန်းမာရေး

လူ့ခန္ဓာကိုယ်မှာရှိတဲ့ သွေးနီဥလေးတွေဟာ အောက်ဆီဂျင်တွေကို သယ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အမျိုးမျိုးကို ရောက်အောင်ပို့ရပါတယ်။ အောက်ဆီဂျင်ပြည့်ဝနေတဲ့ သွေးနီဥလေးတွေဟာ နီရဲတဲ့အရောင်ရှိနေပြီး အောက်ဆီဂျင်မရရင်တော့ ပြာနှမ်းနေတတ်နေပါတယ်။ ဒါကြောင့်မို့ အသားအရည်တွေ နှုတ်ခမ်းတွေ ပြာနှမ်းနေတာပါ။

>>  ဘာကြောင့် အဲလိုဖြစ်တာလဲ?
●  အောက်ဆီဂျင်မရတဲ့ သွေးနီဥတွေ 5g/l ကျော်သွားရင် စပြီး ပြာနှမ်းလာပါတယ်။
●  ပုံမှန် သွေးနီဥပမာဏရှိတဲ့ လူတွေမှာ အောက်ဆီဂျင်ပမာဏက ၈၀-၈၇ % လောက်ရောက်ရင် စပြာပါတယ်။
●  သွေးအားနည်းရောဂါရှိတဲ့ လူတွေမှာတော့ အောက်ဆီဂျင်ပမာဏက ၆၀% လောက်ရောက်မှ သိသိသာသာ ပြာပါတယ်။

>>  လက္ခဏာတွေကရော
●  အသားအရေ၊ လက်သည်းနဲ့ နှုတ်ခမ်းတွေ ပြာတတ်ပါတယ်။ လက်တွေခြေတွေပဲ ပြာတာမျိုးကတော့ ကလေးငယ်လေးတွေမှာ တွေ့ရများပြီး ပုံမှန်ဖြစ်တာ များပါတယ်။
●  ရောဂါကြောင့် ဖြစ်တာကတော့ တစ်ကိုယ်လုံးပြာပြီး နှုတ်ခမ်းတွေ၊ လျှာတွေပါ ပြာတတ်ပါတယ်။ ဒါဟာ အရေးကြီးပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်တဲ့ရောဂါတွေ ရှိနိုင်တာမို့ ချက်ချင်း ဆေးခန်းပြရပါမယ်။
●  အဖြစ်များတာကတော့ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေ၊ သွေးနဲ့ ဆိုင်တဲ့ရောဂါတွေ၊ နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ အဖြစ်များပါတယ်။

>>  ရောဂါကြောင့်မဟုတ်ဘဲ ရုတ်တရက် ပြာနိုင်တဲ့ကိစ္စတွေလည်း ရှိပါသေးတယ်။ ဘယ်လိုမျိုးလဲ ဆိုတော့ -
●  ရုတ်တရက် သွေးပေါင်ကျသွားတာမျိုး
●  နှလုံး လုပ်ဆောင်ရည် ကျသွားတာ
●  အရမ်းအေးတဲ့နေရာမှာ အချိန်ကြာကြာ နေမိတာမျိုးတွေပါ။
●  အဓိက,က လက်သည်း၊ ခြေသည်းတွေ ပြာနေမယ်။ ခြေတွေ၊ လက်တွေ အေးမယ်။
●  ပြာ၊ မပြာ သိချင်ရင် လက်သည်း၊ ခြေသည်းလေးတွေကို ကြည့်တာ အကောင်းဆုံးပါ။
●  အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါကြောင့် ပြာတာဆို မောမယ်၊ အသက်ရှူမြန်မယ်၊ လက်သည်း၊ ခြေသည်းတွေ ပြာနေမယ်။ ခြေတွေ၊ လက်တွေ အေးစက်နေတာမျိုးတော့ မရှိတတ်ပါဘူး။
●  နှလုံးကြောင့် ဖြစ်တာဆိုရင်တော့ မွေးရာပါ နှလုံးရောဂါကြောင့် ပြာတာ အများဆုံး ဖြစ်နိုင်ပါတယ်။

Dr. Htar (www.drmyanmar.com)