ကလေးမွေးခါနီးလို့ ဗိုက်နာတာလား ၊ မွေးချင်လို့ နာတာမဟုတ်ဘဲ နာနေတာလား
ကလေးမွေးခါနီးလို့ ဗိုက်နာတာလား၊ မွေးချင်လို့ နာတာမဟုတ်ဘဲ နာနေတာလား ဆိုတာကို ခွဲခြားရတာ ခက်ပါတယ်။ ဒီနှစ်ခုရဲ့ ကွာခြားချက်တွေကို ဖော်ပြလိုက်ပါတယ်။
>> တကယ်မွေးခါနီးလို့ ဗိုက်နာခြင်း
● ကိုယ်ဝန် ၃၇ ပတ်ကျော်မှစပြီး ဗိုက်နာလေ့ရှိပြီး ဒီထက်စောပြီး ဗိုက်နာတယ်ဆိုရင် လမစေ့ဘဲ မွေးချင်တဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။
● ဗိုက်နာတဲ့ပုံစံရှိပြီး ပုံမှန်နာလေ့ ရှိပါတယ်။
● အချိန်ကြာလာလေ ဗိုက်နာတာ ပိုဆိုးလာလေဖြစ်ပြီး ဗိုက်နာချိန်လည်း ပိုကြာလာပါတယ်။
● ခါးအောက်ပိုင်း အနောက်ဘက်ကနေ စနာပြီး ပေါင်ခြံဘက်ဆီကို နာတာ ပြန့်သွားတတ်ပါတယ်။
● ဘယ်လိုလှုပ်ရှားမှုမျိုးကြောင့်မဆို သားအိမ်ကျုံ့တာ ရပ်မသွားစေပါဘူး။
● ရေမွှာ ပေါက်လာနိုင်ပါတယ်။
● သွေးဆင်းနိုင်ပါတယ်။
● သားအိမ်ခေါင်း အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။
>> မွေးခါနီးမဟုတ်ဘဲနာခြင်း
● ကိုယ်ဝန် ဒုတိယသုံးလပတ်ကတည်းကစပြီး ဗိုက်နာနေပြီး မွေးခါနီးသုံးလမှာဆိုရင် နာတာ ပိုစိပ်လာပါတယ်။
● ဗိုက်နာတာက ပုံမမှန်ဘဲ နာချင်သလို နာပါတယ်။
● အချိန်ကြာလာပေမယ့် ပိုဆိုးလာတာမျိုး မရှိပါဘူး။
● ဗိုက်တစ်ခုလုံးတင်းပြီး နာနေတတ်ပါတယ်။
● လှုပ်ရှားမှု တစ်ခုခုကြောင့် ဗိုက်နာတာ ရပ်သွားပါတယ်။
● ရေမွှာ မပေါက်ပါဘူး။
● သွေးမဆင်းပါဘူး။
● သားအိမ်ခေါင်း အပြောင်းအလဲ မရှိပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























