/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေး-မမွေးနိုင်ခြင်း-သို့-မွေးချိန်ကြာခြင်း

ကလေး မမွေးနိုင်ခြင်း (သို့) မွေးချိန်ကြာခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကလေး မမွေးနိုင်ခြင်း (သို့) မွေးချိန်ကြာခြင်းကတော့ မွေးရမယ့်အချိန်မှာ မမွေးဘဲနဲ့ ကလေးထွက်လာဖို့ အချိန်ကြာပြီးတော့ ရပ်တန့်နေတာပါ။ ဖြစ်ရတဲ့အကြောင်းအရင်း အမျိုးမျိုး ရှိပါတယ်။ သားဦးကိုယ်ဝန်ဆိုရင်တော့ ဗိုက်စနာတဲ့အချိန်ကနေပြီးတော့ နာရီ ၂၀ ကျော်အထိ ကလေး မမွေးသေးတာကို ခေါ်ပါတယ်။ သားဦးမဟုတ်တဲ့ ကိုယ်ဝန်တွေဆိုရင်တော့ ဗိုက်စနာတဲ့အချိန်ကနေပြီးတော့ ၁၄ နာရီကျော်တာကို ခေါ်ပါတယ်။

          ဒီလိုကြာတာက စဦးအဆင့်နဲ့ ကလေးမထွက်ခင်မှာ ဖြစ်တာဆိုရင် မိခင် မောပန်းတာကလွဲပြီးတော့ ကျန်တဲ့ပြဿနာ မရှိတတ်ပေမယ့်လည်း ကလေးမွေးရင်းတန်းလန်း မထွက်လာတာဆိုရင်တော့ တစ်ခုခုလုပ်ပေးဖို့ လိုပါတယ်။

>>    မွေးဖွားချိန်ကြာစေတဲ့ အကြောင်းအရင်းတွေကတော့ -

•        သားအိမ်ခေါင်း ကျယ်လာတာ နှေးခြင်း

•        သားအိမ်ခေါင်းအဝ ပါးလာတာ နှေးခြင်း

•        ကလေးကြီးခြင်း

•        မွေးလမ်းကြောင်း (သို့) မိခင်အရိုးကွင်းသေးခြင်း

•        အမြွှာမွေးခြင်း

•        စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးမှု၊ ကြောက်ရွံ့ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့် ဖြစ်ပါတယ်။

          အနာသက်သာအောင်ပေးတဲ့ဆေးတွေကလည်း သားအိမ်ညှစ်တာကို အားနည်းစေ (သို့) နှေးစေနိုင်ပါတယ်။

          မွေးဖို့ရာကို ရှေ့တိုးမလာဘဲ တန့်နေပါက ပထမဆုံးအနေနဲ့ မိခင်ကို စိတ်လျှော့စေပြီးတော့ စောင့်ကြည့်ပါ။ နောက်ပိုင်းအဆင့်တွေမှာ ဆိုရင်တော့ မွေးဖို့ဆေးသွင်းတာ (သို့) ဗိုက်ခွဲမွေးတာတွေ လုပ်လို့ရပါတယ်။

www.drmyanmar.com

(Unicode)



www.drmyanmar.com