/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်မှာ-ဆေးလိပ်သောက်ရင်-ဘာတွေဖြစ်မလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်ရင် ဘာတွေဖြစ်မလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်တာက မိခင်ရော၊ ကလေးရောရဲ့ ကျန်းမာရေးကို ကိုယ်ဝန်ဆောင်ချိန်မှာ၊ မွေးချိန်မှာနဲ့ ကလေးမွေးပြီးအချိန်တွေမှာပါ ထိခိုက်စေနိုင်ပါတယ်။

          ဆေးလိပ်သောက်လိုက်တဲ့အခါမှာ နီကိုတင်း၊ lead, arsenic, carbon monoxide စတ ဲ့အဆိပ်တွေကို ရှူသွင်းလိုက်ပါတယ်။ ဒီအဆိပ်တွေက ကလေးနဲ့မိခင်ကို ဆက်သွယ်ပေးထားပြီးတော့ ကလးဆီကို အောက်ဆီဂျင်တွေ၊ အာဟာရဓာတ်တွေပေးနေတဲ့ အချင်းဆီကို ရောက်သွားပါတယ်။ ဆေးလိပ်သောက်တာက ကိုယ်ဝန်ဆောင် နောက်ဆက်တွဲဆိုးကျိုး ဖြစ်နိုင်ချေကို များစေပြီးတော့ တချို့ဆိုရင် မိခင် (သို့) ကလေးရဲ့အသက်ကိုပါ ဆုံးရှုံးစေနိုင်ပါတယ်။

          ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်တဲ့ အန္တရာယ်တွေကတော့ -

•        ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း

•        လမစေ့ဘဲ ကလေးမွေးခြင်း

•        ပေါင်မပြည့်ခြင်း

•        မွေးရာပါချို့ယွင်းချက်ပါခြင်း တို့ဖြစ်ပါတယ်။

 

          မိခင်ကိုယ်တိုင် ဆေးလိပ်မသောက်သင့်သလို ဆေးလိပ်ငွေ့ရှူခြင်းကလည်း အန္တရာယ်ရှိတယ်ဆိုတာ မှတ်သားထားရမှာ ဖြစ်ပါတယ်။ မိခင်လောင်းက ဆေးလိပ်သောက်တတ်ရင် ဖြတ်နိ်ုင်အောင် ကြိုးစားပါ။

 

          ဆေးလိပ်ဖြတ်နေစဉ်မှာ အထောက်အကူဖြစ်စေနိုင်တဲ့အချက် အနည်းငယ် ရှိပါတယ်။

1.       ဆေးလိပ်ဖြတ်ရမယ့် အကြောင်းပြချက်တွေနဲ့ ဖြတ်လိုက်ရင်ရလာမယ့် အကျိုးကျေးဇူးတွေ အကုန်လုံးကို ချရေးထားပါ။ ကလေးအတွက်အဆိုရင် ကျန်းမာရေးပြဿနာတွေကို လျော့စေနိုင်တယ်။ အမေအတွက်ဆိုရင် နှလုံးရောဂါ၊ ကင်ဆာနဲ့ အဆုတ်ပြဿနာစတဲ့ ပြဿနာတွေကို လျော့ကျစေနိုင်တယ်။

2.       နေ့စဉ်လုပ်နေကျ အမူအကျင့်တွေကို ပြင်ပါ။ ဥပမာ - စာဖတ်တဲ့အချိန်မှာ ဆေးလိပ်သောက်မယ့်အစား milk shake, တခြားကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ ပြောင်းစားပါ။

3.       ခိုင်မာတဲ့ အထောက်အကူအဖွဲ့ရှိပါစေ။ ဆေးလိပ်ဖြတ်ရတာ ခက်ပါတယ်။ ဒီအချိန်မှာ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်တွေရဲ့ အထောက်အကူကိုရယူပါ။ ဆေးလိပ်မသောက်တဲ့သူတွေ ဘေးမှာ နေတာကလည်း အထောက်အကူ ရစေပါတယ်။

4.       ဆေးလိပ်သောက်ချင်လာတဲ့အချိန်မှာ ဆေးလိပ်ဖြတ်ဖို့အတွက် ကိုယ်ချရေးထားတဲ့ အကြောင်းပြချက်တွေကို ပြန်ကြည့်ပါ။

5.       ဆေးလိပ် သောက်ချင်လာတဲ့အချိန်မှာ စားလို့ရအောင် ပူရှိန်း (သို့) ပီကေ အထူးသဖြင့် သကြားမပါတဲ့ ပီကေကို အဆင်သင့် ဆောင်ထားပါ။

6.       ဆေးလိပ်သောက်တာကို စိတ်မရောက်အောင် လှုပ်လှုပ်ရှားရှားနေပါ။ - လမ်းလျှောက်၊ လေ့ကျင့်ခန်းလုပ်၊ စာအုပ်ဖတ်တာ၊ ဝါသနာအသစ်တစ်ခုခုကို ကြိုးစားပြီး လုပ်ကြည့်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)