ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားရမယ့် လိပ်ခေါင်းရောဂါ
လိပ်ခေါင်းရောဂါဆိုတာကို ကြားဖူးကြမှာပါ။ လိပ်ခေါင်းရောဂါဆိုတာ စအိုနားက သွေးကြောလေးတွေ ရောင်ပြီး ဖောင်းလာလို့ ဖြစ်ပါတယ်။ အများအားဖြင့် စအိုမှ သွေးကျတာနဲ့ သတိထားမိတတ်ပါတယ်။ တစ်ခါတလေကျရင်တော့ လိပ်ခေါင်းတွေဟာ လက္ခဏာမပြတတ်ပါဘူး။ ယားတာ၊ ပူတာ၊ နာတာ၊ သွေးထွက်တာနဲ့ အလုံးထွက်တာစတဲ့ လက္ခဏာတွေလည်း တွေ့ရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် လိပ်ခေါင်း အဖြစ်များတတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းလည်း ချုပ်တတ်တာမို့ ဝမ်းညှစ်ရတဲ့အခါ စအိုတစ်ဝိုက်ကကြွက်သားတွေ၊ သွေးကြောတွေ ဖောင်းကား၊ ရောင်လာတာမို့ လိပ်ခေါင်းဖြစ်စေပါတယ်။
Obimin 1

>> ဒါဆို ဘယ်လိုကာကွယ်ကုသကြမလဲဆိုတာ ကြည့်လိုက်ရအောင်။
1. နေထိုင်စားသောက်ပုံကို ပြုပြင်ပါ။
2. အဓိက,ကတော့ ဝမ်းမချုပ်အောင် ကာကွယ်ရမှာပါ။
3. အမျှင်ဓာတ်များတဲ့အသီးအနှံ၊ အသီးအရွက်တွေကို များများစားပေးပါ။
4. မနက်တိုင်း ဝမ်းသွားတဲ့အကျင့် လုပ်ပေးထားပါ။
5. ရေများများသောက်ပါ။ တစ်နေ့ကို ၁ လီတာခွဲကနေ ၂ လီတာလောက် သောက်ပါ။
6. ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
7. လိပ်ခေါင်းကြောင့် နာတာကို ရေနွေးနဲ့စိမ်ရင် သက်သာတယ်လို့ ဆိုကြပါတယ်။ တစ်နေရာတည်းမှာ အကြာကြီး ထိုင်တာက သွေးကြောတွေကို ဖိအားပေးသလိုဖြစ်လို့ လမ်းလျှောက်ပေးပါ။
8. တကယ်လို့အပေါ်က ပြောခဲ့တာတွေလုပ်တာတောင်မှ ဝမ်းချုပ်တုန်းပဲဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ သုံးလို့ရတဲ့ ဝမ်းနုတ်ဆေးတွေ ရှိပါတယ်။ ဒါပေမဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးပဲ သောက်ရမှာဖြစ်ပြီး အချိန်အကြာကြီး သောက်လို့မရပါဘူး။
Obimin 2

>> အနာသက်သာအောင်လို့
တချို့ကိုယ်ဝန်ဆောင်သည်တွေအဖို့ လိပ်ခေါင်းဟာ မခံမရပ်နိုင်အောင် နာကျင်တတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ပါရာစီတမောတော့ သောက်လို့ရပါတယ်။ ဒါပေမဲ့ တခြားအကိုက်အခဲပျောက်ဆေးတွေတော့ သောက်လို့မရပါဘူး။ ဘာကြောင့်ဆို သွေးထွက်ပိုများစေတဲ့အပြင် ကိုယ်ဝန်ကိုလည်း ထိခိုက်နိုင်ချေရှိလို့ပါ။
Dr. Htar (www.drmyanmar.com)






























