/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်သွေးအားမနည်းအောင်

ကိုယ်ဝန်ဆောင်ချိန်သွေးအားမနည်းအောင်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ကိုယ်​ဝန်​​ဆောင်​ချိန်​ဟာ တစ်​​ယောက်​နဲ့တစ်​​ယောက်​ မတူညီတတ်​ကြဘူး။ ဒါ​ပေမယ်​့ တစ်​ချို့အရာ​တွေ​က​တော့ ကြိုတင်​​မျှော်​မှန်​းထားလို့ရတယ်​။ ​သွေးအားနည်​းနိုင်​​ခြေများတာက​တော့ ကိုယ်​ဝန်​​ဆောင်​ချိန်​ဖြစ်​​နေကျ အ​ခြေအ​နေတစ်​ခုပါပဲ။

 

ခန္ဓာကိုယ်​မှာရှိတဲ့တစ်​ရှူး​တွေထဲကို ​အောက်​ဆီဂျင်​သယ်​ယူ​ပေးဖို့ ​သွေးနီဥလုံလုံ​လောက်​​လောက်​ မရှိတာကို ​သွေးအားနည်​းတယ်​လို့ ​ခေါ်တယ်​။ နည်​းနည်​းပါးပါး​သွေးအားနည်​းတာက နုံ​း​နေရုံ​လောက်​နဲ့ပဲ လာနိုင်​​ပေမယ်​့ ​သွေးအားပိုပိုနည်​းလာမယ်​၊ မကုဘဲထားမယ်ဆိုရင်​ ​ရောဂါလက္ခဏာ​တွေ ပိုဆိုးလာပါလိမ်​့မယ်​။ ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ ​သွေးအားနည်​းတာဟာ က​လေးကို လ​မ​စေ့​ပေါင်​မပြည့်ဖြစ်​​စေနိုင်​ပြီး​တော့ အ​မေ​သေနှုန်​းကိုလည်​း များ​စေနိုင်​တယ်​။

 

ဒီလို​နောက်​ဆက်​တွဲဆိုးကိျုး​တွေမဖြစ်​ရ​လေ​အောင်​ ​သွေးအားနည်​းခြင်​းအမျိုးမျိုး၊ ​သွေးအားနည်​းခြင်​းရဲ့ လက္ခဏာ​တွေ၊ ကုသနည်​းအမျိုးမျိုး​တွေကို သိထားဖို့လိုတယ်​။

 

ကိုယ်​ဝန်​​ဆောင်​ချိန်​မှာဘာလို့​သွေးအားနည်​းရတာလဲ?

 

ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ အမျိုးသမီးအ​တော်​များများ အနည်​းနဲ့အများ​သွေးအားနည်​း​လေ့ရှိတယ်​။ ဒါ​ပေမယ်​့ တစ်​ခါတစ်​​လေ ကုဖို့လို​လောက်​​အောင်​ ဆုးိလာတတ်​တယ်​။ ​အောက်​ဆီဂျင်​ကိုတစ်​ကိုယ်​လုံးကိုသယ်​ပို့​ပေးမယ်​့ ​သွေးနီဥမလုံ​လောက်​တဲ့အခါ ကိုယ်​တွင်​းအင်္ဂါ​တွေနဲ့ ကိုယ်​ခန္ဓာလုပ်​ငန်​း​ဆောင်​တာ​တွေအ​ပေါ် သက်​​ရောက်​မှု​တွေ ရှိလာတတ်​တယ်​။

 

​သွေးအားနည်​းခြင်​းအမျိုး၄၀၀​ကျော်​​တောင်​ရှိတယ်​တဲ့​နော်​။ ဖြစ်​​စေတဲ့အ​ကြောင်​းရင်​း​တွေလည်​း အများကြီးရှိတာ​ပေါ့။

 

>> သံဓာတ်​အားနည်​းခြင်​

 

​သွေးအားနည်​း​စေတဲ့ အများဆုံးအ​ကြောင်​းရင်​းက​တေ့ာ သံဓာတ်​အားနည်​း​နေတာပါပဲ။ ၁၅%က​နေ ၂၅%​သော ကိုယ်​ဝန်​​ဆောင်​အမျိုးသမီး​တွေမှာ ဒီလို​သွေးအားနည်​းတတ်​တယ်​။ သံဓာတ်​​လျော့နည်​း​နေတဲ့အခါ ​haemoglobinလို့​ခေါ်တဲ့ ​သွေးအားအမှတ်​ကိုလည်​း ပုံမှန်​အတိုင်​းမထုတ်​လုပ်​နိုင်​​တော့ဘူး​ပေါ့။

 

ကိုယ်​ဝန်​​ဆောင်​​နေချိန်​မှာ က​လေးအတွက်​ အစာအာဟာရ လုံလုံ​လောက်​​လောက်​ရ​အောင်​ ကိုယ်​ခန္ဓာက ပိုပိုပြီ​း​တော့ အလုပ်​လုပ်​ရတယ်​။ ဒါ​ကြောင်​့ ​သွေးပမာဏကလညး်​ ၃၀%က​နေ ၅၀%​လောက်​အထိကို များလာတတ်​တယ်​။ ဒီလို​သွေးပမာဏများလာတာ​ကြောင်​့ ​အောက်​ဆီဂျင်​နဲ့ အစာအာဟာရ​တွေကို များများသယ်​​ဆောင်​​ပေးနိုင်​တယ်​။

>> ​ဖောလစ်​အက်ဆစ်​​(folate)ဓာတ်​အားနည်​းခြင်​

 

​ဖောလစ်​အက်​ဆစ်​​ဓာတ်​အားနညး်​တာဟာလည်​း အဖြစ်​များတဲ့ အ​ကြောင်​းရင်​းတစ်​ခုပါပဲ။ ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ ​ဖောလစ်​အက်​ဆစ်​ဓာတ်​ပိုလိုအပ်​တယ်​။ ဒါ​ကြောင်​့ ကိုယ်​ဝန်​မ​ဆောင်​ခင်​ကတည်​းကကို ​ဖောလစ်​အက်​ဆစ်​ဖြည်​့စွက်​အား​ဆေး​သောက်​​ပေးသင်​့တယ်​။ ​ဖောလစ်​အက်​ဆစ်​ဆိုတာ ကိုယ်​ဝန်​​ဆောင်​စဉ်​မှာ အာရုံ​ကြောပြွန်​မထိခိုက်​​အောင်​ ကာကွယ်​​ပေးတဲ့ ​ဗီတာမင်​တစ်​မျိုးဖြစ်​တာ​ကြောင်​့ ​သောက်​သင်​့တဲအား​ဆေးတစ်​မျိုးပါပဲ။

 

>> ဗီတာမင်​ဘီ12အားနည်​းခြင်​

 

​သွေးနီဥ​တွေထုတ်​လုပ်​ဖို့အတွက်​ ဗီတာမင်​ဘီ12လည်​း လိုအပ်​တယ်​။ တစ်​ချို့အမျိုးသမီး​တွေမှာ ဗီတာမင်​ဘီ12ထုတ်​ဖို့ အခက်​အခဲဖြစ်​တတ်​ကြတယ်​။ ​ဖောလစ်​​အက်​ဆစ်​ချို့တဲ့မှုနဲ့ ဗီတာမင်​ဘီ12ချို့တဲ့မှုဟာ ​ပေါငး်​ပြီး​တွေ့ရတတ်​တယ်​။ ဘယ်​​သွေးအားနည်​းခြင်​းအမျိုးအစားဖြစ်​​နေလဲဆိုတာသိဖို့ ​သွေးစစ်ချက်​​တွေလုပ်​ဖို့လိုတယ်​။

 

** ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ​သွေးအားမနည်​းရ​အောင်​ **

 

များ​သောအားဖြင်​့​တော့ ကိုယ်​ဝန်​​ဆောင်​ချိန်​ ​သွေးအားမနည်​း​အောင်​ ကာကွယ်​​ပေးလို့ရတယ်​။ ​သွေးနီဥပမာဏပုံမှန်​ဖြစ်​​အောင်​ ဒီနည်​းလမ်​း၃ခုကို လိုက်​နာလုပ်​​ဆောင်​ကြည့်​ပါ​နော်​။

 

၁။ ကိုယ်​ဝန်​​ဆောင်​စဉ်​ ဗီတာမင်​အား​ဆေး

 

ကိုယ်​ဝန်​​ဆောင်​စဉ်​ ​သောက်​သင်​့တဲ့​ဗီတာမင်​​တွေက​တော့ သံဓာတ်​နဲ့​ဖောလစ်​အက်​ဆစ်​ပါ။ ဗီတာမင်​အား​ဆေး​တွေကို တစ်​​နေ့၁လုံး​သောက်​​ပေးရုံနဲ့တင်​ ​သွေးနီဥ​တွေလုံလုံ​လောက်​​လောက်​ ရရှိနိုင်​ပါလိမ်​့မယ်​​နော်​။

 

၂။ သံဓာတ်​ဖြည်​့စွက်​အား​ဆေး

 

သံဓာတ်​အားနည်​း​နေ​ကြောင်​း​တွေ့ရရင်​ ပုံမှန်​​သောက်​​နေကျ ဗီတာမင်​အား​ဆေး​တွေအပြင်​ သံဓာတ်​အား​ဆေး​လေး​တွေပါ ထည်​့​သောက်​​ပေးဖို့လိုတယ်​။ ကိုယ်​ဝန်​​ဆောင်​အမျိုးသမီးတစ်​​ယောက်​ဟာ တစ်​​နေ့ကို သံဓာတ်​၂၇မီလီဂရမ်​လိုအပ်​တယ်​။ ​သောက်​တဲ့သံဓာတ်​​အား​ဆေး​ပေါ်မူတည်​ပြီး ​ဆေးပမာဏကွာခြားလိမ်​့မယ်​။ ဘယ်​​လောက်​​သောက်​မလဲဆိုက​တော့ ဆရာဝန်​နဲ့ တိုင်​ပင်​ပါ။

 

သံဓာတ်​အား​ဆေး​သောက်​စဉ်​မှာ ကယ်​လ်​ဆီယမ်​များတဲ့ အစားအ​သောက်​​တွေကိုပါ ​​ရှောင်​သင်​​့တယ်​။ ​ကော်​ဖီ၊ လက်​ဖက်​ရည်​၊ နို့နဲ့နို့ထွက်​ပစ္စည်​း၊ ကြက်​ဥအနှစ်​​တွေလို စားစရာ​သောက်​စရာ​တွေဟာ သံဓာတ်​စုပ်​ယူမှုကို ဟန်​့တားနိုင်​တာ​ကြောင်​့ သတိထားသင်​့တယ်​​နော်​။

 

အစာအိမ်​အက်​ဆစ်​ဓာတ်​​ကျ​စေတဲ့​ဆေး​တွေကလည်​း သံဓာတ်​​ကောင်​း​ကောင်​းမစုပ်​ယူနိုင်​​အောင်​ တားဆီး​ထားတယ်​။ ဒါ​ကြောင်​့ ​ဆေးမ​သောက်​ခင်​ ၂နာရီ ဒါမှမဟုတ်​ ​ဆေး​သောက်​ပြီး၄နာရီအကြာမှာ သံဓာတ်​အား​ဆေးကို ​သောက်​​ပေးသင်​့တယ်​။

၃။ အာဟာရမျှမျှတတစားပါ။

 

ကိုယ်​ဝန်​​ဆောင်​အမျိုးသမီးအများစုဟာလည်​း အစားအစာကို မျှမျှတတစုံစုံလင်​လင်​စား​ပေးခြင်​းအားဖြင်​့ သံဓာတ်​နဲ့​ဖောလစ်​အက်​ဆစ်​လုံလုံ​လောက်​​လောက်​ ရရှိနိုင်​တယ်​။ ဒီဓာတ်​​တွေများတဲ့ အစားအ​သောက်​​တွေက​တော့

♦ ကြက်​၊ဘဲ

♦ ငါး

♦ အနီ​ရောင်​အသား​တွေ

♦ ပဲ

♦ အ​စေ့အဆံ​တွေ

♦ အစိမ်​းရင်​့​ရောင်​အသီးအရွက်​​တွေ

♦ ဓာတ်​​တွေဖြည်​့စွက်​ထားတဲ့cerealမနက်​စာ

♦ ဥအမျိုးမျိုး

♦ ငှက်​​ပျောသီး၊ ဖရဲသီးလိုအသီးမျိုး​တွေပါပဲ။

 

တိရစၦာန်​​တွေက​နေရတဲ့ သံဓာတ်​ကို စုပ်​ယူရလွယ်​ကူတယ်​။ အပင်​က​နေရတဲ့သံဓာတ်​​ဆိုရင်​​တော့ စုပ်​ယူမှုအား​ကောင်​း​အောင်​ ခရမ်​းချဉ်​သီး၊ လိ​မေ္မာ်​သီးစသဖြင်​့ ဗီတာမင်​စီများတဲ့အစားအစာ​တွေနဲ့ တွဲစား​ပေးသင်​့တယ်​။

 

တစ်​ခါတစ်​​လေ သံဓာတ်​အား​ဆေး​သောက်​ရုံ​လောက်​နဲ့ သံဓာတ်​များလာဖု့ိ မလွယ်​ကူလှဘူး။ တစ်​ခြားဘယ်​နည်​း​တွေနဲ့ သံဓာတ်​ဖြည်​့ရမလဲဆိုတာကို​တော့ ဆရာဝန်​နဲ့တိုင်​ပင်​ပါ။

 

အရမ်​းဆိုးတဲ့အ​ခြေအ​နေမျိုးမှာ​တော့ သံဓာတ်​ထိုး​ဆေး​ထိုးတာ၊ ​သွေးသွင်​းတာမျိုး လုပ်​ဖို့လိုတယ်​။

 

** ​သွေးအားနည်​း​စေနိုင်​တဲ့အ​ကြောင်း​ရင်​း​တွေက​တော့ **

 

တကယ်​လို့

♦ က​လေးအများကြီး​မွေးဖူးတာ

♦ ကိုယ်​ဝန်​၂ခါနဲ့အထက်​​တစ်​ဆက်​တည်​းလွယ်​တ

♦ သံဓာတ်​များတဲ့အစားအ​သောက်​​တွေလုံလုံ​လောက​်​​လောက်​မစားတာ

♦ ကိုယ်​ဝန်​မ​ဆောင်​မီ​သွေးအများကြီးဆင်​းတာ

♦ မနက်​ခင်​းအရမ်​းပျို့အန်​တာ​တွေ ရှိခဲ့ရင်​ ​သွေးအားနည်​းနိုင်​​ခြေ ပိုများတယ်​။

 

​သွေးအားနည်​းခြင်​းရဲ့လက္ခဏာ​တွေက​တော့

 

အနည်​းအကျဉ်​း​လောက်​​သွေးအားနည်​းတာ​လောက်​က​တော့ ဘာလက္ခဏာမှ မပြတတ်​ဘူး။ နည်​းနည်​းပိုဆိုးလာရင်​​တော့

♦ နုံး​နေ​တာ၊ အားနည်​း​နေတာ

♦ ဖြူ​ ​ဖျော့​နေတာ

♦ အသက်​ရှူ မဝတာ၊ ရင်​တုန်​တာ၊ ရင်​ဘတ်​​အောင်​့တာ

♦ ​ခေါင်​းမူးမိုက်​တာ

♦ ​ခြေ​တွေလက်​​တွေ​အေးစက်​လာတာ

♦ အမှိုက်​​တွေ၊ ရွှံ့​တွေ၊ ​ကော်​မှုန်​့​တွေလိုမျိုး မစားသင်​့တာ​တွေကို စားချင်​လာတာမျိုး ဖြစ်​တတ်​တယ်​။

 

ဒီလက္ခဏာ​တွေအားလုံးခံစားရတာပဲဖြစ်​ဖြစ်​၊ လုံးလုံးမခံစားရတာပဲဖြစ်​ဖြစ်​ ဖြစ်​နိုင်​တယ်​။ ကိုယ်​ဝန်​အပ်​ချိန်​မှာ ​သွေးစစ်​​ဆေးတဲ့အခါ ​သွေးအားနည်​းမနည်​းပါ တစ်​ခါတည်​းစစ်​​ဆေးပြီးသားဖြစ်​တာ​ကြောင်​့ စိတ်​ပူစရာ​တော့ မလိုပါဘူး။ ကိုယ်​ဝန်​အ​စောပိုင်​းမှာ တစ်​ခါစစ်​​ဆေးသလို ​မွေးခါနီးအချိန်​မှာလည်​း စစ်​​ဆေးသင်​့တယ်​။

 

တကယ်​လို့ အ​ပေါ်မှာ​ပြောခဲ့တဲ့လက္ခဏာ​တွေ ရှိလာခဲ့ရင်​ ဆရာဝန်​နဲ့ချက်​ချင်​းပြပါ။

 

နိဂုံးချုပ်​ရမယ်​ဆိုရင်​

 

ကိုယ်​ဝန်​​ဆောင်​စဉ်​မှာဖြစ်​ဖြစ်​၊ ကိုယ်​ဝန်​​ဆောင်​ဖို့ ကြိုးစား​နေချိန်​မှာပဲဖြစ်​ဖြစ်​ သံဓာတ်​၊ ​ဖောလစ်​အက်​ဆစ်​နဲ့ ဗီတာမင်​ဘီ12လုံလုံ​လောက်​​လောက်​ရရှိဖို့ လိုအပ်​တယ်​။ အာဟာရပြည့်​ပြည့်​ဝဝစားပါ။ ​သွေးအားနည်​းခြင်​းလက္ခဏာ​တွေ ခံစားလာရရင်​လည်​း ဆရာဝန်​နဲ့တိုင်​ပင်​သင်​့တယ်​။

 

ဘယ်​​တော့မှ ကိုယ်​့ဟာကိုယ်​ ​ရောဂါနာမည်​တပ်​ဖို့ မကြိုးစားနဲ့​နော်​။ ဆရာဝန်​မ​ပြောဘဲ သံဓာတ်​အား​ဆေး​တွေမ​သောက်​သင်​့ဘူး။ သံဓာတ်​အားနည်​းမနည်​းကို ​သေချာစစ်​​ဆေးပြီး ဆရာဝန်​က ဘယ်​​လောက်​​သောက်​ရမလဲဆိုတာ ညွှန်​ကြားပါလိမ်​့မယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 











 


 


 


 


 







 


 








 


 


 


 


 


Dr. Mya Phoo Ngon (www.drmyanmar.com)