/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်-ခရီးသွားခြင်း

ကိုယ်ဝန်ဆောင်ချိန် ခရီးသွားခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

>> ကိုယ်​ဝန်​​ဆောင်​စဉ်​ခရီးသွားလို့ရသလား?

 

          ဘာ​နောက်​ဆက်​တွဲ​ရောဂါ​တွေ၊ ကိုယ်​ဝန်​​ဆောင်​ပြဿနာ​တွေမ​ှ မရှိခဲ့ရင်​ ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ အချိန်​မ​ရွေးခရီးသွားနိုင်​ပါတယ်​။ အ​ကောင်​းဆုံးအချိန်​က​တော့ ကိုယ်​ဝန်​​ဆောင်​ ဒုတိယကာလပဲဖြစ်​ပါတယ်​။ ဒီအချိန်​ဟာ ကိုယ်​ဝန်​​ဆောင်​အများစုအတွက်​ ပထမကိုယ်​ဝန်​​ဆောင်​ကာလရဲ့ မနက်​ခင်​း​ပျို့အန်​မှု​တွေကို ​ကျော်​လွန်​လာခဲ့ပြီး အလွယ်​တကူနုံး​နေတတ်​တဲ့ ကိုယ်​ဝန်​​ဆောင်​တတိယကာလနဲ့လည်​း ​ဝေး​နေ​သေးချိန်​ဖြစ်​တာ​ကြောင့်ပါပဲ။

      ကား၊ဘတ်​စ်​၊ရထား၊ ဘာနဲ့ပဲခရီးသွားသွား ကိုယ်​ဝန်​​ဆောင်​​တွေအတွက်​ စိတ်​ပူစရာမလိုအပ်​ပါဘူး။ သို့​သော်​လည်​း ပိုပြီးလုံခြုံစိတ်​ချရ​အောင်​ ဒီအချက်​​လေး​တွေကို​တော့ လိုက်​နာသင်​့ပါတယ်​။

• ကားစီးတိုင်​းမှာခါးပတ်​ပတ်​ပါ။ က​လေး​ရောမိခင်​ပါ စိတ်​ချ​ရ​အောင်​ ပုခုံး​ရော၊​ပေါင်​​ပေါ်ကိုပါ သိုင်​းပတ်​ရပါမယ်​။

• ​လေအိတ်​​ကိုဖွင်​့ထားရပါမယ်​။ ​

• မီးရထား​စီးမယ်ဆိုရင် ရထား​သွား​နေချိန်​မှာ လက်​တန်​း​တွေခုံ​တွေကို ​သေချာကိုင်​ပြီး ​လျှောက်​ပါ။

• ကား၊ဘတ်​စ်​၊ရထား​တွေ​ပေါ်မှာ ကြာကြာမထိုင်​သင်​့ပါဘူး။ ဒါ​ကြောင့်​ ခရီးသွားချိန်​ကို 5 နာရီ၊ 6နာရီခန့်သာ သတ်​မှတ်​ထားရပါမယ်​။

• ရပ်​နားချိန်​မှာ ​အောက်​ဆင်​းပြီး ​သွေးလည်​ပတ်​မှု​ကောင်​း​အောင်​ လမ်း​လေး​လျောက်​၊ အ​ကြောအချင်​​ဖြေ​ပေးပါ။

>> ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ​လေယာဉ်​စီးသင်​့သလား?

 

     ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ​ ​လေယာဉ်​နဲ့ခရီးသွားနိုင်​ပါတယ်​။ ဒါ​ပေမယ်​့ ပိုပြီးလုံခြုံစိတ်​ချရ​အောင်​၊ ပိုပြီးသက်​​သောင်​့​သက်​သာရှိ​အောင်​ ​အောက်​ပါနည်​းလမ်​း​လေး​တွေ လိုက်​နာကြည်​့ပါ။

• ​လေ​ကြောင်​းလိုင်​းအများစုဟာ ကိုယ်​ဝန်​​ဆောင် 7- 8 လအထိ ​ခရီးသွားခွင်​့ပြုပါတယ်​။ 9 လအတွင်​းမှာလည်​း ဆရာဝန်​​ထောက်​ခံချက်​နဲ့ သွားခွင်​့ပြုပါတယ်​။

• ​လေ​ကြောင်​းလိုင်​းအများစုမှာ ​လျောက်​လမ်းကျဉ်​းပြီး အိမ်​သာကျဉ်​းတာ​ကြောင်​့ လမ်​း​လျောက်​ရတာ ပိုပြီးအခက်​​တွေ​့​စေပါတယ်​။ ​လေယာဉ်​လှုပ်​ရမ်​းနိုင်​တာ​ကြောင်​့ လမ်​း​လျှောက်​တဲ့အခါ ခုံကို​သေချာကိုင်​ပြီး ​လျှောက်​​ပေးသင်​့ပါတယ်​။

• အိမ်​သာကိုအလွယ်​တကူ​သွားနိုင်​မယ်​့ခုံ၊ ​ခြေဆန်​့လက်​ဆန်​့လုပ်​နိုင်​မယ်​့ခုံကို ကြိုတင်​ရွေးချယ်၀ယ်ယူတာက အကောင်းဆုံးပါ။

• ​လေ​ကြောင်​းလိုင်​းအကြီး​တွေနဲ့ ခရီးသွားပြီး ​လေယာဉ်​အ​သေး​လေး​တွေကို ​ရှောင်​​ပေးပါ။ ​

• ​ခြေ​ထောက်​​သွေး​ကြောပိတ်​ခြင်​းကို ကာကွယ်​နိုင်​ဖို့ အသားကပ်​​ဘောင်​းဘီကို ဝတ်​ဆင်​​ပေးပါ။

 

          အရေးကြီးတာကတော့ -

• ပုံမှန်​ကိုယ်​ဝန်​​ဆောင်​အမျိုးသမီးတစ်​​ယောက်​ဟာ ကိုယ်​ဝန်​ 37 ပတ်​မှ ​မွေးခါနီးအထိကို ​လေယာဉ်​မစီးသင်​့ပါဘူး။

• ​စော​မွေးနိုင်​သူ ကိုယ်​ဝန်​​ဆောင်​​တွေ (ဥပမာ-အမြွာကိုယ်​ဝန်​) မှာ​တော့ ကိုယ်​ဝန်​ 32 က​နေစပြီး ​လေယာဉ်​မစီးသင်​့​တော့ပါဘူး။

 

>>  ​ခရီးမသွားသင်​့တဲ့လူ​တွေက​တော့

 

• သွေးအားအလွန်​နည်​းခြင်​း

• နှလုံး​ရောဂါ

• အသက်​ရှူ လမ်​း​ကြောင်​း​ရောဂါ

• လတ်​တ​လော​သွေးထွက်​ခြင်​း

• လတ်​တ​လောအရိုးကျိုးခြင်​း

 

>> ကိုယ်​ဝန်​​ဆောင်​နှင်​့​ရေ​ကြောင်​းခရီး

 

     ကိုယ်​ဝန်​​ဆောင်​ချိန်​မှာ ​ရေ​ကြောင်​းခရီးလည်း သွားနိုင်​ပါတယ်​။ ​ဒါပေမယ့် သ​ငေ်္ဘာရဲ့လှုပ်​ရှားမှုက မနက်​ခင်​းပျို့အန်​ခြင်​းကို ပိုဆိုး​စေနိုင်​ပါတယ်​။

 

ဒီတော့ ခရီးလမ်​း​ကြောင်​းပိုမို​ဖြောင်​့ဖြူးနိုင်​​အောင်​

• ကိုယ်​ဝန်​​ဆောင်​ပြဿနာ​တွေ ရှိလာခဲ့ရင်​ အ​ရေး​ပေါ်ကုသ​ပေးနိုင်​မယ်​့ ဆရာဝန်​ပါ၊ မပါ ​သေချာ​မေးမြန်​းပါ။

• အ​ရေး​ပေါ်လိုအပ်​ခဲ့ရင်​ အဆင်​​ပြေ​အောင်​ ​သ​ငေ်္ဘာလမ်းကြောင်​းနဲ့ဆိုက်​ကပ်​မယ်​့သ​ငေ်္ဘာဆိပ်​​တွေကို ​သေချာ​မေးမြန်​းထားပါ။

• လှိုင်​းမူးတဲ့အခါ​သောက်​ရမယ်​့​ဆေး​တွေဟာ ကိုယ်​ဝန်​​ဆောင်​အ​မေ​ရော၊ က​လေးကိုပါ ထိခိုက်​မှုမရှိ​ကြောင်​း ​သေချာပါ​စေ။

 

>> ကိုယ်​ဝန်​​ဆောင်​ချိန်​​ရေ​မြေခြားခရီးသွားခြင်း

 

          နိုင်​ငံ​ရပ်​ခြားခရီးသွားခြင်​းဟာလည်​း ပြည်​တွင်​းခရီးသွားသလိုပါပဲ။ ထပ်​​ဆောင်​းသတိပြုသင်​့တဲ့အချက်​​တွေက​တော့

 

• က​လေး​ရောအ​မေပါ လုံခြုံစိတ်​ချရဖို့ ခရီးမသွားခင်​ ဆရာဝန်​နဲ့ ​သေချာတိုင်​ပင်​​ဆွေး​နွေးရပါမယ်​။

• ထိုးသင်​့တဲ့ကာကွယ်​​ဆေး​တွေထိုးပြီး ​ဆေးစာအုပ်​ကိုပါ တစ်​ပါတည်​းယူသွားရပါမယ်​။

• သွားတဲ့နိုင်​ငံမှာ ဖြစ်​​လေ့ရှိတဲ့​ရောဂါဘယ​တွေကို သတိပြုပါ။

• နိုင်​ငံရပ်​ခြားခရီးသွားတဲ့အခါ ကိုယ်​ခန္ဓာနဲ့မယဉ်​ပါးတဲ့ ပိုးမွား​တွေအစားအ​သောက်​မှာ ပါလာနိုင်​တာ​ကြောင်​့ ဝမ်​း​လျောတတ်​ပါတယ်​။ ​ဝမ်​း​လျောတဲ့အခါ ​ရေဓာတ်​ဆုံးရရှုံးမှု​တွေ ဖြစ်​လာနိုင်​ပါတယ်​။

 

>> ဝမ်​း​လျောခြင်​းကိုကာကွယ်​နိုင်​ဖို့

• ​ရေသန်​့ဘူး​သောက်​ပါ။

• ပိုးသတ်​ထားတဲ့နို့ကိုသာ​ သောက်​သုံးပါ။

• မချက်​ပြုတ်​ထားတဲ့ သို့မဟုတ်​ လိ​မေ္မာ်​သီး၊ငှက်​​ပျောသီးတို့လို အခွံခွာလို့မရတဲ့ အသီးအရွက်​​တွေကု​ိ ​ရှောင်​ပါ။

• အသား၊ငါး​တွေကို ​သေချာကျက်​​အောင်​ ချက်​ထားမှစားပါ။

 

>> ကိုယ်​ဝန်​​ဆောင်​ချိန်​ခရီးသွားရာဝယ်​

• သက်​​သောင်​့သက်​သာရှိမယ်​့ အဝတ်​အစား၊ ဖိနပ်​​တွေကို ဝတ်​ဆင်​ပါ။

• ကိုယ်​နဲ့အဆင်​​ပြေမယ်​့​ခေါင်​းအုံးကို တစ်​ပါတည်​းယူသွားပါ။

• လမ်​းမှာရပ်​နားချိန်​၊ အိမ်​သာဆင်​းသွားချိန်​​တွေမှာ လမ်​း​လျောက်​ပါ။ အ​ကြေအချင်​​ဖြေပါ။

• ​ခရီး​ဝေး​ဝေးသွားတဲ့အခါ ကိုယ်​ဝန်​​ဆောင်​မှတ်​တမ်​း​ဆောင်​သွားပါ။

• ခါးပတ်​ပတ်​ပါ။ အခြားလုံခြုံ​ရေးနည်​းလမ်​း​တွေကို လိုက်​နာပါ။

 

Dr. Mya Phoo Ngon (www.drmyanmar.com)