/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်တဲ့-အသက်အရွယ်

ကိုယ်ဝန်ဆောင်တဲ့ အသက်အရွယ်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          အမျိုးသမီးအများစုက အသက်၃၀အရွယ်​မှာ ပညာ​တွေစုံ၊ အလုပ်​အကိုင်အသင်​့အတင်​့ ​အောင်​မြင်​ပြီး စိတတည်​ငြိမ်​ရင်​့ကျက်​တဲ့အရွယ်​ဖြစ်​တဲ့အတွက်​ မိသားစုတစ်​ခုကို ထူ​ထောင်​ဖို့ အ​ကောင်​းဆုံး​သော အချိန်​ဖြစ်​တ​ယ်​လို့ ယူဆကြပါတယ်​။ မ​ကောင်​းတာ​က​တော့ အသက်​၃၀​နောက်​ပိုင်​း​ရောက်​လာ​လေ​လေ က​လေးရဖို့ အခွင်​့အလမ်​းနည်​းလာ​လေ​လေပဲဖြစ်​ပါတယ်​။ ဒါ​ကြောင်​့ အမျိုးသမီး​တွေမှာ အသက်​၃၀​ကျော်​လာပြီး က​လေးယူဖို့ အစီအစဉ်​ရှိရင်​ အချိန်​မဆွဲပဲ အမြန်​ယူကြဖို့ မျိုးဆက်​ပွားကျန်​းမာ​ရေး ပညာရှင်​များက တိုက်​တွန်​းကြပါတယ်​။

 

​ကောင်​းကျိုးများ

          ​ကံ​ကောင်​း​ထောက်​မစွာပဲ အသက်​၃၀​ကျော်​အရွယ်​မှာ အမျိုးသမီး​တွေဟာ က​လေးကို ပြုစုပျိုး​ထောင်​ဖို့ လူခွန်​အား၊ စိတ်​ဓာတ်​ခွန်​အား​တွေ ပြည်​့ဝ​နေကြပါ​သေးတယ်​။ ဒါ​ကြောင်​့ အသက်​၂၀အရွယ်​ထက်​ ကိုယ်​့ကိုယ်​ကို ယုံကြည်​စိတ်​ချမှု ပိုသလို အသက်​၄၀အရွယ်​​လောက်​လည်​း တစ်​လမ်​းသွား မဖြစ်​တတ်​ပါဘူး။ အသက်​၃၀ ဝန်​းကျင်​မှာ စိတ်​ဓာတ်​အရ​ရော စီးပွား​ရေးအရပါ အဆင်​သင်​့ ဖြစ်​​နေတဲ့အရွယ်​လို့ ဆိုနိုင်​ပါတယ်​။

ဆိုးကျိုးများ

          လေ့လာမှု​တွေနဲ့ ကျွမ်​းကျင်​ပညာရှင​်ေ​တွ အာလုံးက အသက်​၃၅အရွယ်​ဟာ အမျိုးသမီး​တွေအတွက်​ ​နောက်​ဆုံးက​လေးယူသင့်တဲ့အရွယ်​လို့ တစ်​​ပြေးတည်​း ဆိုကြပါတယ်​။ အသက်​၃၀အစပိုင်​းမှာ က​လေးရနိုင်​​ခြေဟာ အသက်​၂၀​ကျော်​အရွယ်​နဲ့ သိပ်​မကွာ​သေးပါဘူး။ ကိုယ်​ဝန်​ပျက်​နိုင်​​ခြေနဲ့ ​ဒေါင်​း​ရောဂါက​လေးငယ်​​မွေးနိုင်​​ခြေဟာလည်​း အသက်​၂၀​ကျော်​သူ​တွေထက်​ အနည်​းငယ်​သာ များပါတယ်​။ ဒါ​ပေမယ်​့ အသက်​၃​၅​ရောက်​လာတဲ့ အခါမှာ​တော့ က​လေးရနိုင်​​ခြေ တစ်​စထက်​တစ်​စ ​လျော့နည်​းလာပါတယ်​။

          ဒီအသက်​အရွယ်​ဟာ မျိုးရိုးဗီဇ​ရောဂါ​တွေဖြစ်​နိုင်​​ခြေ အများဆုံးအချိန်​လည်​းပဲ ဖြစ်​​နေပါတယ်​။ ဒါ​ကြောင့် ကျွမ်​းကျင်​သူ​တွေ အသက်​၃၅ဝန်​းကျင်​မိခင်​​လောင်​း​တွေကို DNA စစ်​​ဆေးမှု​တွေ၊ ​ရေမြွှာ​ရေစစ်​​ဆေးမှု​တွေ၊ အချင်​းလွှာ ​စစ်​​ဆေးမှု​စတာ​တွေလုပ်​ကြည်​့ဖို့ တိုက်​တွန်​း​လေ့ရှိပါတယ်​။

          ကိုယ်​ဝန်​ပျက်​ကျနိုင်​​ခြေနဲ့ အခြားကိုယ်​ဝန်​ပြဿနာ ​တွေဟာ အသက်​အရွယ်​ကြီးလာတာနဲ့အမျှ ပိုပိုတက်​လာတတ်​ပါတယ်​။ ၃၅ နှစ်​ အမျိုးသမီးတစ်​​ယောက်​မှာ ​နေရာမှားသ​နေ္ဓတည်​ဖို့ အခွင်​့အလမ်​း ပိုများပါတယ်​။

          အသက်​၂၀​ ကျော်​အရွယ်​မှာ ဗိုက်ခွဲ​မွေးရဖို့ အခွင်​့အလမ်​းမှာ ၃၀%​လောက်​သာရှိ​ပေမယ်​့ အသက်​ ၃၅ ​ကျော်​လာတဲ့အခါ​ က​လေး​ရေမွန်​းခြင်​း၊ ဗိုက်​နာချိန်​ကြာမြင်​့​နေခြင်​းစတာ​တွေ​ကြောင်​့ ဗိုက်​ခွဲ​မွေးရဖို့ အခွင်​့အလမ်​း လည်း ၄၃%​လောက်ထိ​ ပိုများလာနိုင်​ပါတယ်​။

က​လေးရနိုင်​​ခြေ

       အသက်​၂၉နှစ်​မှ၃၅နှစ်​အတွင်​း က​လေးရနိုင်​​ခြေကျသွားတယ်​ဆို​ပေမယ်​့​ ဒီအသက်​အရွယ်​ အမျိုးသမီးအများစုမှာ က​လေးရနိုင​်​​ခြေ ရှိပါ​သေးတယ်​။ ဒါ​ပေမယ်​့ ၃၈နှစ်​၊ ၃၉နှစ်​အရွယ်​မှာ​တော့ ​တော်​​တော်​အခွင်​့အလမ်​းနည်​း​နေပြီလို့ ဆိုနိုင်​ပါပြီ။

       အသက်​၃၀​ကျော်​မှာ သားဥတစ်​ခါ​ကြွေတိုင်​း က​လေးရနိုင်​​ခြေ၁၅%ရှိပါတယ်​။ တစ်​နှစ်​အတွင်​းမှာ ဆိုရင်​​တော့ ၇၅%ရှိပါတယ်​။ ဒါ​ပေမယ်​့ အသက်​ကြီးလာတာနဲ့အမျှ ကျလာတဲ့အတွက်​ ၃၀​နှောင်​းပိုင်​းမှာ​တော့ ၆၅%ခန်​့အထိ ကျဆင်​းသွားပါတယ်​။

       ထို့အတူ ကိုယ်​ဝန်​ပျက်​ကျနိုင်​စွမ်​းဟာလည်​း အသက်​၃၀​ကျော်​လာတဲ့အခါ တစ်​ဖြည်​းဖြည်​းနဲ့ တက်​တက်​လာပါတယ်​။ အသက်​၃၅နှစ်​မှာ ၁၈%သာရှိ​ပေမယ်​့ အသက်​၄၀နားကပ်​လာတဲ့အခါ ၃၄%ဖြစ်​လာပါတယ်​။

        အသက်​၃၅က​နေ၃၉အရွယ်​မှာ ဘာမျိုးဆက်​ပွားအ​ထောက်​အကူမှမယူပဲ အမြွှာ​မွေးနိုင်​​ခြေ ပိုမိုများပြားလာပါတယ်​။

      ဒါ​ကြောင်​့ အသက်​ကြီးလာတဲ့အမျိုးသမီး​တွေမှာ က​လေးရဖို့ အခွင်​့အလမ်​းပိုများပြီး ရလာတဲ့အခါမှာလည်​း အမြွှာ​မွေးဖို့အခွင်​့အလမ်​း ပိုများပါတယ်​။

 

Dr. Emerald (www.drmyanmar.com)