/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မိခင်တွေမှာ-တုပ်ကွေးဖြစ်ရင်-ဘယ်လိုလုပ်ကြမလဲ

ကိုယ်ဝန်ဆောင်မိခင်တွေမှာ တုပ်ကွေးဖြစ်ရင် ဘယ်လိုလုပ်ကြမလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

         တုပ်ကွေးဖြစ်တဲ့အခါမှာ ဖျားမယ်၊ ပင်ပန်းနွမ်းနယ်မယ်၊ ခေါင်းကိုက်ပြီးတော့ တခြားအသက်ရှူလမ်းကြောင်း ပြဿနာတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ တုပ်ကွေးအရမ်းပြင်းထန်ရင် အသက်ဆုံးရှုံးတဲ့အထိတောင်မှ ဖြစ်နိုင်ပါတယ်။ တုပ်ကွေးက ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင် ပိုအန္တရာယ်များပြီးတော့ သန္ဓေသားလေးကိုလည်း ထိခိုက်ကောင်း ထိခိုက်နိုင်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးဖြစ်ပြီဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်စေဖို့ ဆရာဝန် အမြန်သွားပြဖို့ လိုပါတယ်။

>>    နောက်ဆက်တွဲဆိုးကျိုးများ
         ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားနည်းနေတော့ တုပ်ကွေးဖြစ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံရဖို့ ပိုများပါတယ်။ ပြီးတော့ ကိုယ်ဝန် ဒုတိယနဲ့ တတိယသုံးလပတ်တွေမှာ နှလုံးနဲ့အဆုတ်တွေပေါ်မှာ ဖိအားပိုများတဲ့အတွက်ကြောင့် ကိုယ်ခံအားစနစ်ကိုလည်း သွားပြီးတော့ သက်ရောက်ပြန်ပါသေးတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးဖြစ်တယ်ဆိုရင် လမစေ့ဘဲ ဗိုက်နာတာနဲ့ လမစေ့ဘဲ ကလေးမွေးတာတွေ ဖြစ်နိုင်ပါတယ်။

>>    တုပ်ကွေးလက္ခဏာများ
         တုပ်ကွေးရဲ့လက္ခဏာတွေကတော့ ကိုယ်ပူ၊ ကိုယ်လက်တွေ ကိုက်ခဲ၊ ချမ်းတုန်၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာရည်ယိုတာတွေ ဖြစ်ပြီးတော့ တစ်ချို့ဆိုရင် ဝမ်းပျက်ဝမ်းလျှောနဲ့ အန်တာတွေတောင် ဖြစ်ပါသေးတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးဖြစ်နေပြီလို့ ထင်ရင်တော့ ဆရာဝန်ကို ချက်ချင်းပြပါ။ အိမ်မှာနေ၊ ကောင်ကောင်း အနားယူပြီးတော့ အရည်များများ သောက်ပေးပါ။ ကိုယ်ပူတာအတွက် Paracetamol တစ်မျိုးတည်းပါဝင်တဲ့ဆေးကို သောက်ပါ။ အစာစားချင်စိတ် မရှိဘူးဆိုရင်တောင်မှ သရေစာလေးတွေနဲ့ စွပ်ပြုတ်လေးတွေကို တတ်နိုင်သမျှ ဝင်အောင် စားပေးပါ။ အာဟာရပြည့်မှ တုပ်ကွေးကို တိုက်ထုတ်နိုင်ဖို့ အားရှိမှာပါ။

>>    ပြင်းထန်သောလက္ခဏာများ
         တုပ်ကွေးဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်မှာ အဆုတ်ရောင်တာလိုမျိုး ဘက်တီးရီးယားပိုးဝင်တဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။ အသက်ရှူရ ခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ရုတ်တရက်ကြီး မူးဝေထိုင်းမှိုင်းခြင်းတွေ ဖြစ်လာရင် အရေးပေါ်ကုသမှု ခံယူပါ။ ကလေးအလှုပ်နည်းတာ၊ Paracetamol သောက်ပေမယ့် ကိုယ်ပူမကျဘဲ ပိုဆိုးတာတွေကလည်း အရေးပေါ်လက္ခဏာတွေပါ။ ဝမ်းဗိုက် (သို့) ရင်ဘတ်အောင့်တာ၊ တစ်ခုခု ဖိထားသလို ခံစားရတာတွေရှိရင်၊ ဒီလိုဖြစ်တာက မပျောက်သွားဘဲဆက်ဖြစ်ရင်၊ အရမ်းအန်ရင် ဆေးရုံ ချက်ချင်းသွားပါ။

>>    စိတ်ချရတဲ့ဆေးဝါးများ
         ကိုယ်ဝန်ဆောင်မိခင်တွေမှာ တုပ်ကွေးကာကွယ်ဆေး ထိုးထားဖို့ လိုပါတယ်။ ကာကွယ်ဆေးက မိခင်ရော ကလေးကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အများစုအတွက်တော့ ဒီကာကွယ်ဆေးက အန္တရာယ်ကင်းပေမယ့်လည်း ကြက်ဥနဲ့ ဓာတ်မတည့်ရင်တော့ ထိုးလို့မရပါဘူး။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကာကွယ်ဆေးကို နှာခေါင်းဖြန်းဆေးအနေနဲ့ လာတာတွေ မသုံးသင့်ပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Zawgyi)

         တုပ္ေကြးျဖစ္တဲ့အခါမွာ ဖ်ားမယ္၊ ပင္ပန္းႏြမ္းနယ္မယ္၊ ေခါင္းကိုက္ၿပီးေတာ့ တျခားအသက္ရႉလမ္းေၾကာင္း ျပႆနာေတြကိုလည္း ၾကဳံေတြ႕ရနိုင္ပါတယ္။ တုပ္ေကြးအရမ္းျပင္းထန္ရင္ အသက္ဆုံးရႈံးတဲ့အထိေတာင္မွ ျဖစ္နိုင္ပါတယ္။ တုပ္ေကြးက ကိုယ္ဝန္ေဆာင္မိခင္ေတြမွာဆိုရင္ ပိုအႏၲရာယ္မ်ားၿပီးေတာ့ သေႏၶသားေလးကိုလည္း ထိခိုက္ေကာင္း ထိခိုက္နိုင္ပါတယ္။ ဒီေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ တုပ္ေကြးျဖစ္ၿပီဆိုရင္ေတာ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြမျဖစ္ေစဖို႔ ဆရာဝန္ အျမန္သြားျပဖို႔ လိုပါတယ္။

>>    ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား
         ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ကိုယ္ခံအားနည္းေနေတာ့ တုပ္ေကြးျဖစ္ရင္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ၾကဳံရဖို႔ ပိုမ်ားပါတယ္။ ၿပီးေတာ့ ကိုယ္ဝန္ ဒုတိယနဲ႔ တတိယသုံးလပတ္ေတြမွာ ႏွလုံးနဲ႔အဆုတ္ေတြေပၚမွာ ဖိအားပိုမ်ားတဲ့အတြက္ေၾကာင့္ ကိုယ္ခံအားစနစ္ကိုလည္း သြားၿပီးေတာ့ သက္ေရာက္ျပန္ပါေသးတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ တုပ္ေကြးျဖစ္တယ္ဆိုရင္ လမေစ့ဘဲ ဗိုက္နာတာနဲ႔ လမေစ့ဘဲ ကေလးေမြးတာေတြ ျဖစ္နိုင္ပါတယ္။

>>    တုပ္ေကြးလကၡဏာမ်ား
         တုပ္ေကြးရဲ့လကၡဏာေတြကေတာ့ ကိုယ္ပူ၊ ကိုယ္လက္ေတြ ကိုက္ခဲ၊ ခ်မ္းတုန္၊ ေခ်ာင္းဆိုး၊ လည္ေခ်ာင္းနာ၊ ႏွာရည္ယိုတာေတြ ျဖစ္ၿပီးေတာ့ တစ္ခ်ိဳ႕ဆိုရင္ ဝမ္းပ်က္ဝမ္းေလၽွာနဲ႔ အန္တာေတြေတာင္ ျဖစ္ပါေသးတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ တုပ္ေကြးျဖစ္ေနၿပီလို႔ ထင္ရင္ေတာ့ ဆရာဝန္ကို ခ်က္ခ်င္းျပပါ။ အိမ္မွာေန၊ ေကာင္ေကာင္း အနားယူၿပီးေတာ့ အရည္မ်ားမ်ား ေသာက္ေပးပါ။ ကိုယ္ပူတာအတြက္ Paracetamol တစ္မ်ိဳးတည္းပါဝင္တဲ့ေဆးကို ေသာက္ပါ။ အစာစားခ်င္စိတ္ မရွိဘူးဆိုရင္ေတာင္မွ သေရစာေလးေတြနဲ႔ စြပ္ျပဳတ္ေလးေတြကို တတ္နိုင္သမၽွ ဝင္ေအာင္ စားေပးပါ။ အာဟာရျပည့္မွ တုပ္ေကြးကို တိုက္ထုတ္နိုင္ဖို႔ အားရွိမွာပါ။

>>    ျပင္းထန္ေသာလကၡဏာမ်ား
         တုပ္ေကြးျဖစ္တဲ့ ကိုယ္ဝန္ေဆာင္မိခင္မွာ အဆုတ္ေရာင္တာလိုမ်ိဳး ဘက္တီးရီးယားပိုးဝင္တဲ့ေရာဂါေတြ ျဖစ္တတ္ပါတယ္။ အသက္ရႉရ ခက္ခဲျခင္း၊ စိတ္ရႈပ္ေထြးျခင္း၊ ႐ုတ္တရက္ႀကီး မူးေဝထိုင္းမွိုင္းျခင္းေတြ ျဖစ္လာရင္ အေရးေပၚကုသမႈ ခံယူပါ။ ကေလးအလႈပ္နည္းတာ၊ Paracetamol ေသာက္ေပမယ့္ ကိုယ္ပူမက်ဘဲ ပိုဆိုးတာေတြကလည္း အေရးေပၚလကၡဏာေတြပါ။ ဝမ္းဗိုက္ (သို႔) ရင္ဘတ္ေအာင့္တာ၊ တစ္ခုခု ဖိထားသလို ခံစားရတာေတြရွိရင္၊ ဒီလိုျဖစ္တာက မေပ်ာက္သြားဘဲဆက္ျဖစ္ရင္၊ အရမ္းအန္ရင္ ေဆး႐ုံ ခ်က္ခ်င္းသြားပါ။

>>    စိတ္ခ်ရတဲ့ေဆးဝါးမ်ား
         ကိုယ္ဝန္ေဆာင္မိခင္ေတြမွာ တုပ္ေကြးကာကြယ္ေဆး ထိုးထားဖို႔ လိုပါတယ္။ ကာကြယ္ေဆးက မိခင္ေရာ ကေလးကိုပါ ကာကြယ္ေပးနိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္အမ်ားစုအတြက္ေတာ့ ဒီကာကြယ္ေဆးက အႏၲရာယ္ကင္းေပမယ့္လည္း ၾကက္ဥနဲ႔ ဓာတ္မတည့္ရင္ေတာ့ ထိုးလို႔မရပါဘူး။ ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ ကာကြယ္ေဆးကို ႏွာေခါင္းျဖန္းေဆးအေနနဲ႔ လာတာေတြ မသုံးသင့္ပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)