ကိုယ်ဝန်ဆောင်မိခင်များတွင် ညအိပ်မပျော်ခြင်းကို ဘယ်ကိုကုစားမလဲ
မေမေတို့အနေနှင့် စတင်ကိုယ်ဝန်ဆောင်ပြီ ဆိုကတည်းက တွေ့ကြုံရတဲ့ပြဿနာတွေ များပြားလှပါတယ်။ ဒီအထဲမှာ ညအိပ်မပျော်ခြင်းလည်း ပါဝင်ပါတယ်။ ဗိုက်ထဲကရင်သွေးလေး တဖြည်းဖြည်း ကြီးထွားလာတာနှင့်အမျှ ဆီးမကြာခဏသွားရခြင်း၊ ခြေထောက်ကြွက်တက်ခြင်း၊ ကလေးမွေးဖွားချိန်အတွက် ကြိုတင်ပူပန်ရခြင်းစတဲ့ အချက်များစွာကြောင့် ညအိပ်မပျော်တတ်ကြပါဘူး။
ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် အောက်ပါလက္ခဏာတွေထဲက အချို့ရှိနေရင်တော့ ညအိပ်မပျော်ခြင်းရောဂါ စတင်နေပါပြီ။
● ညဘက်မှာ အိပ်မပျော်ခြင်း
● ညအိပ်နေစဉ် မကြာခဏ နိုးခြင်း
● မနက်အစောကြီးနိုးခြင်း
● တစ်ညလုံး အိပ်ထားတာတောင်မှ အိပ်ရေးမဝသလို ခံစားရခြင်း
● နေ့ခင်းဘက်တွင် အိပ်ငိုက်နေခြင်း
● နေ့ခင်းဘက် ပင်ပန်းနွမ်းနယ်ခြင်း
● စိတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း
● အာရုံစူးစိုက်မရခြင်း
>> ကိုယ်ဝန်ဆောင်မိခင်များ ဘာကြောင့် ညအိပ်မပျော်ရသလဲ?
(၁) ခါးကိုက်ခြင်း
ရင်သွေးလေး တဖြည်းဖြည်း ကြီးထွားလာခြင်းကြောင့် သားအိမ်က ကြီးလာတာနှင့်အမျှ ဗိုက်ကြွက်သားတွေ ဆန့်ထွက်လာပါတယ်။ ဒီအခါမှာ ခါးနာခြင်းနှင့်အတူ နေရထိုင်ရတာ ကသိကအောက် ဖြစ်လာစေပါတယ်။ ခါးနာခြင်းဟာ ညဘက်မှာ ပိုဆိုးတဲ့အတွက် အိပ်ရတာ အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။
(၂) ရင်ပူခြင်း
သန္ဓေသားလေး ကြီးထွားလာတာနှင့်အမျှ အူများနှင့် အစာရေမျိုပြွန်တို့ကို တွန်းထုတ်သလို ဖြစ်စေပါတယ်။ အဲဒီကနေတစ်ဆင့် အစာအိမ်အက်ဆစ်တွေဟာ အပေါ်ကိုဆန်တက်ပြီး ရင်ပူစေတတ်ပါတယ်။
Obimin 1

(၃) ညဘက်အိပ်နေစဉ် ခြေထောက်လှုပ်ခြင်း
ကိုယ်ဝန်တတိယသုံးလတွင် အဖြစ်များပါတယ်။ ညဘက်အိပ်နေစဉ် ခြေထောက်ကြွက်တက်ခြင်းနှင့် အသားလှုပ်ခြင်းကြောင့် အိပ်မရဖြစ်စေပါတယ်။
(၄) အသက်ရှူမဝခြင်း
သားအိမ်ထဲရှိ ရင်သွေးလေး ကြီးထွားလာခြင်းကြောင့် အဆုတ်အောက်ရှိ ရင်ဝမ်းခြားကြွက်သားကို ဖိရာကနေ အသက်ရှူမဝ ဖြစ်စေပါတယ်။
(၅) စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်း
ကလေးမီးဖွားချိန်ကို ကြိုတင်စိုးရိမ်နေရတဲ့အတွက် ညအိပ်မပျော်တတ်ပါဘူး။
>> ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ညအိပ်မပျော်ခြင်းကို ဘယ်လိုလျှော့ချမလဲ?
(၁) ညမအိပ်ခင် ရေ အများကြီး မသောက်ပါနဲ့။
(၂) ကော်ဖီသောက်တာ လျှော့ပါ။
(၃) နေ့ခင်းဘက်တွင် ရေများများသောက်ပါ။
(၄) ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားပါ။ နေ့စဉ် အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စုံလင်စွာပါအောင် စားသောက်ပါ။
(၅) တစ်နေ့ကို အနည်းဆုံး ၃၀ မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
(၆) ညနေတိုင်း ရေနွေးနွေးဖြင့် ရေချိုးပါ။
(၇) ခင်ပွန်း/မိသားစုဝင်များနှင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံပါ။ စိတ်ညစ်နေတာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးပါ။ စိတ်ရှုပ်လုံးဝမခံပါနဲ့။
(၈) နေ့စဉ်လုပ်ငန်းဆောင်တာများကို အချိန်ဇယားဆွဲပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Obimin 2

(Zawgyi)
ေမေမတို႔အေနႏွင့္ စတင္ကိုယ္ဝန္ေဆာင္ၿပီ ဆိုကတည္းက ေတြ႕ႀကဳံရတဲ့ျပႆနာေတြ မ်ားျပားလွပါတယ္။ ဒီအထဲမွာ ညအိပ္မေပ်ာ္ျခင္းလည္း ပါဝင္ပါတယ္။ ဗိုက္ထဲကရင္ေသြးေလး တျဖည္းျဖည္း ႀကီးထြားလာတာႏွင့္အမွ် ဆီးမၾကာခဏသြားရျခင္း၊ ေျခေထာက္ႂကြက္တက္ျခင္း၊ ကေလးေမြးဖြားခ်ိန္အတြက္ ႀကိဳတင္ပူပန္ရျခင္းစတဲ့ အခ်က္မ်ားစြာေၾကာင့္ ညအိပ္မေပ်ာ္တတ္ၾကပါဘူး။
ကိုယ္ဝန္ေဆာင္မိခင္မ်ားအေနႏွင့္ ေအာက္ပါလကၡဏာေတြထဲက အခ်ိဳ႕ရွိေနရင္ေတာ့ ညအိပ္မေပ်ာ္ျခင္းေရာဂါ စတင္ေနပါၿပီ။
● ညဘက္မွာ အိပ္မေပ်ာ္ျခင္း
● ညအိပ္ေနစဥ္ မၾကာခဏ ႏိုးျခင္း
● မနက္အေစာႀကီးႏိုးျခင္း
● တစ္ညလုံး အိပ္ထားတာေတာင္မွ အိပ္ေရးမဝသလို ခံစားရျခင္း
● ေန႔ခင္းဘက္တြင္ အိပ္ငိုက္ေနျခင္း
● ေန႔ခင္းဘက္ ပင္ပန္းႏြမ္းနယ္ျခင္း
● စိတ္က်ျခင္း၊ စိတ္တိုလြယ္ျခင္း
● အာ႐ုံစူးစိုက္မရျခင္း
>> ကိုယ္ဝန္ေဆာင္မိခင္မ်ား ဘာေၾကာင့္ ညအိပ္မေပ်ာ္ရသလဲ?
(၁) ခါးကိုက္ျခင္း
ရင္ေသြးေလး တျဖည္းျဖည္း ႀကီးထြားလာျခင္းေၾကာင့္ သားအိမ္က ႀကီးလာတာႏွင့္အမွ် ဗိုက္ႂကြက္သားေတြ ဆန႔္ထြက္လာပါတယ္။ ဒီအခါမွာ ခါးနာျခင္းႏွင့္အတူ ေနရထိုင္ရတာ ကသိကေအာက္ ျဖစ္လာေစပါတယ္။ ခါးနာျခင္းဟာ ညဘက္မွာ ပိုဆိုးတဲ့အတြက္ အိပ္ရတာ အေႏွာင့္အယွက္ ျဖစ္ေစတတ္ပါတယ္။
(၂) ရင္ပူျခင္း
သေႏၶသားေလး ႀကီးထြားလာတာႏွင့္အမွ် အူမ်ားႏွင့္ အစာေရမ်ိဳႁပြန္တို႔ကို တြန္းထုတ္သလို ျဖစ္ေစပါတယ္။ အဲဒီကေနတစ္ဆင့္ အစာအိမ္အက္ဆစ္ေတြဟာ အေပၚကိုဆန္တက္ၿပီး ရင္ပူေစတတ္ပါတယ္။
(၃) ညဘက္အိပ္ေနစဥ္ ေျခေထာက္လႈပ္ျခင္း
ကိုယ္ဝန္တတိယသုံးလတြင္ အျဖစ္မ်ားပါတယ္။ ညဘက္အိပ္ေနစဥ္ ေျခေထာက္ႂကြက္တက္ျခင္းႏွင့္ အသားလႈပ္ျခင္းေၾကာင့္ အိပ္မရျဖစ္ေစပါတယ္။
(၄) အသက္႐ွဴမဝျခင္း
သားအိမ္ထဲရွိ ရင္ေသြးေလး ႀကီးထြားလာျခင္းေၾကာင့္ အဆုတ္ေအာက္ရွိ ရင္ဝမ္းျခားႂကြက္သားကို ဖိရာကေန အသက္႐ွဴမဝ ျဖစ္ေစပါတယ္။
(၅) စိုးရိမ္ပူပန္ျခင္း၊ စိတ္ဖိစီးျခင္း
ကေလးမီးဖြားခ်ိန္ကို ႀကိဳတင္စိုးရိမ္ေနရတဲ့အတြက္ ညအိပ္မေပ်ာ္တတ္ပါဘူး။
>> ကိုယ္ဝန္ေဆာင္မိခင္ေတြရဲ႕ ညအိပ္မေပ်ာ္ျခင္းကို ဘယ္လိုေလွ်ာ့ခ်မလဲ?
(၁) ညမအိပ္ခင္ ေရ အမ်ားႀကီး မေသာက္ပါနဲ႔။
(၂) ေကာ္ဖီေသာက္တာ ေလွ်ာ့ပါ။
(၃) ေန႔ခင္းဘက္တြင္ ေရမ်ားမ်ားေသာက္ပါ။
(၄) က်န္းမာေရးႏွင့္ ညီၫြတ္ေသာ အစားအစာမ်ားကို စားပါ။ ေန႔စဥ္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္ စုံလင္စြာပါေအာင္ စားေသာက္ပါ။
(၅) တစ္ေန႔ကို အနည္းဆုံး ၃၀ မိနစ္ေလာက္ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ပါ။
(၆) ညေနတိုင္း ေရေႏြးေႏြးျဖင့္ ေရခ်ိဳးပါ။
(၇) ခင္ပြန္း/မိသားစုဝင္မ်ားႏွင့္ ရင္းႏွီးပြင့္လင္းစြာ ဆက္ဆံပါ။ စိတ္ညစ္ေနတာရွိရင္လည္း ပြင့္ပြင့္လင္းလင္း ေျပာဆိုေဆြးေႏြးပါ။ စိတ္ရႈပ္လုံးဝမခံပါနဲ႔။
(၈) ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကို အခ်ိန္ဇယားဆြဲပါ။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)






























