/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မေမေတို့သိဖို့

ကိုယ်ဝန်ဆောင်မေမေတို့သိဖို့

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

1. မီးဖွား​ပေးဖို့ ဆရာဝန်​သို့မဟုတ်​ သားဖွားဆရာမ ​ကောင်​း​ကောင်​းတစ်​​ယောက်​ကို ကြိုတင်​အပ်​ထားပါ။

2. ကိုယ်​ကျပ်​ဝတ်​စုံ​လေး​တွေ (ကိုယ်ခန္ဓာကိုယ် အတင်းဆွဲညှစ်ထားတာမျိုးမဟုတ်တဲ့ ၀တ်စုံမျိုး) ဝတ်​သာဝတ်​ပါ။ ကိုယ်​ဝန်​ကြီး တကားကားနဲ့မို့ စိတ်​မညစ်​ပါနဲ့။ ဗိုက်​လုံးလုံး​လေးက ပိုချစ်​စရာ​ကောင်​းပါတယ်​။

3. ကိုယ်၀န်ဆောင်ချိိန်မှာ တချို့က နှာ​ခေါင်​းမှာရှိတဲ့ အ​မြှေးပါး​တွေ​ရောင်​လာတဲ့အတွက်​ ညအိပ်​ရင်​ ​ဟောက်​တတ်​လာပါလိမ်​့မယ်​။

4. ပုံသွင်​းဝိုင်​ယာကြိုး​တွေပါတဲ့ ​အတွင်​းခံအကျႌ​တွေက ရင်​သား​ပြောင်​းလဲမှု​တွေကို ကန်​့သတ်​ထားသလို ဖြစ်​​နေတတ်​တဲ့အတွက်​ ​ရှောင်​သင်​့ပါတယ်​။ ​သား​ရေပြားကြီးကြီးနဲ့ ရင်​သားကိုထိန်​း​ပေးနိုင်​တဲ့ ​အတွင်​းခံမျိုးက ပိုသက်​​တောင်​့သက်​သာ ရှိ​စေနိုင်​ပါတယ်​။

5. ​ခြေ​ထောက်​​တွေ​ဖောလာတတ်​ပါတယ်​။ ဒါ​ကြောင်​့ အိပ်​တဲ့အခါ ​ခြေ​ထောက်​​အောက်​မှာ တစ်​ခုခုခံထားပြီး ​မြှောက်​အိပ်​သင့်ပါတယ်​။ ​

6. ရေများများ​သောက်​ဖို့လည်​း မ​မေ့ပါနဲ့။

7. မိနး်​မကိုယ်​က အဖြူ​တွေဆင်​း​နေလု့ိလည်​း မလန်​့သွားပါနဲ့။ အ​ရောင်​​နောက်​လာတာ၊ အနံ့ဆိုးလာတာ၊ ​အစိမ်​း​ရောင်​ပြောင်​းလာတာနဲ့ ​သွေး​ရောင်​ပါလာတာမျိုးမဟုတ်​ရင်​ စိုးရိမ်​စရာ မလိုအပ်​ပါဘူး။​

8. ကိုယ်​ဝန်​ဆောင်​ချိန်​မှာ ထွက်​လာတဲ့ ​ဟော်​မုန်​း​တွေက ဇီဝကမ္မဖြစ်​စဉ်​​တွေကို မြန်​ဆန်​​စေတဲ့အတွက်​ နီရဲပြီး ​ချွေးတစ်​အားထွက်​လာတာမျိုး​တွေ ဖြစ်​တတ်​ပါတယ်​။

9. အသား​တွေတင်​းလာတဲ့အတွက်​ ဗိုက်​ယားယံလာတာမျိုး ရှိတတ်​ပါတယ်​။

10. ခန္ဓာကိုယ်​ရဲ့ ဓာတ်​အ​ပြောင်​းအလဲ​တွေ​ကြောင့်​ ကိုယ်​သင်​းနံ့ဟာ စွဲ​ဆောင်​မှုရှိပြီး ​နွေး​ထွေးတဲ့ ရနံ့တစ်​မျိုးအဖြစ်​ ​ပြောင်​းလဲသွားနိုင်​ပါတယ်​။

11. ဆရာ၀န်ဆီ (သို့) သားဖွားဆရာမဆီကို ကိုယ်​ဝန်​ရက်​ချိန်​းအတိုင်​း မပျက်​မကွက်​သွားရောက်ပြသပါ။ ​အ​သေးအမွား ပြဿနာ​တွေ​တောင်​ ​နောက်​ကျမှသိရတဲ့ အခါ ဆိုးကျိုး​တွေဖြစ်​​စေနိုင်​ပြီး ​စော​စောသိခြင်​းက ကြိုတင်​ကာကွယ်​နိုင်​ပါတယ်​။

12. လိင်​မှုစိတ်​ဆန္ဒ​တွေလည်​း ထူးထူးခြားခြား ​ပြောင်​းလဲတတ်​ပါတယ်​။ ဒါ​ပေမယ့် ယာယီအ​ပြောင်​းအလဲမျှသာ ဖြစ်​ပါတယ်​။

13. ဗိုက်​ထဲကသ​နေ္ဓသား​လေးအတွက်​ သာယာနာ​ပျော်​ဖွယ်​ အ​ကောင်​းဆုံးအသံဟာ အ​မေ့အသံပဲဖြစ်​ပါတယ်​။ ဒါ​ကြောင့်ပုံပြင်​​လေး​တွေ​ပြောပြပြီး သီချင်​း​လေး​တွေ ဆိုပြပါ။ ​မွေးလာတဲ့အခါ က​လေးက ချက်​ချင်​းမှတ်​မိပါလိမ်​့မယ်​။

14. စိတ်​ခံစားမှု အ​ပြောင်​းအလဲအတက်​အကျ များ​နေပါလိမ်​့မယ်​။ စိတ်​တို​ဒေါသထွက်​တာ၊ ဝမ်​းနည်​းတာ၊ ​ကြောင်​လန်​့တာ​တွေဖြစ်​​နေတတ်​ပြီး ​ဟော်​မုန်​းအ​ပြောင်​းအလဲ​ကြောင်​့ဖြစ်​တာသာ ဖြစ်​ပါတယ်​။

15. ဒုတိယကိုယ်​ဝန်​ဖြစ်​ခဲ့ပါက က​လေးအကြီး​လေးကို ​မွေးလာမယ်​့က​လေး​အ​ကြောင်​း ​ပြောပြပြီး အငယ်​​လေးကို ဂရုစိုက်​ရမယ်​့အ​ကြောင်​း ​​ပြောပြထားရပါမယ်​။

16. မ​မွေးခင်​းကတည်​း က​လေး​မွေးပြီးတဲ့အခါ အ​မေအလုပ်​ပြန်​ဝင်​ရတာမျိုး၊ ပင်​ပန်​းလို့ အနားယူ​နေတဲ့ အခါမျိုးမှာ က​လေးကို​စောင့်​ရှောက်​ဖို့ လူကြိုရှာထားသင်​့ပါတယ်​။ ​ဆွေးမျိုးနီးစပ်​တစ်​​ယောက်​ ဖြစ်​ရင်​ပို​ကောင်​း​ပေမယ်​့ မရနိုင်​ခဲ့ရင်​ စိတ်​ချယုံကြည်​ရမယ်​့ က​လေးထိန်​း၊ သူနာပြုကို ကြိုတင်​စီစဉ်​ထားပါ။

17. က​ေ​လးမ​မွေးခင်​မှာ ​မွေး​ပေးမယ်​့ ဆရာဝန်​ (သို့) သားဖွားဆရာမကို ​မွေးမယ်​့အစီအစဉ်ကို ​သေခါ​မေးမြန်​း ထားရပါမယ်​။

18. က​လေး​မွေး​နေစဉ်​မှာ စိတ်​ပူပန်​လှုပ်​ရှားမ​နေပါနဲ့။ သူများ​တွေ​ပြောတဲ့ မီးဖွားပုံပြင်​ဇာတ်လမ်​း​တွေကိုလည်​း ​ခေါင်​းထဲမထည်​့ပါနဲ့။ တစ်​​ယောက်​နဲ့တစ်​​ယောက်​ဟာ ကွဲပြားတတ်​ပါတယ်​။

19. ​ဆေးရုံမှာမွေးမယ့်မေမေတွေက ကိုယ်၀န် ၈ လလောက်ကတည်းက ဆေးရုံတက်ရင်လိုအပ်မယ့်ပစ္စည်​းများကို ကြိုတင်​စီမံထားပါ။

 

          ကိုယ်​ဝန်​ရဲ့ ​ပထမကာလ​တွေဟာ အမျိုးသမီးတစ်​​ယောက်​မှာ စာမျက်​နှာအသစ်​​တွေပဲ ဖြစ်​ပါတယ်​။ သားဦးကိုယ်​ဝန်​ဖြစ်​ခဲ့ရင်​ ပိုပြီး စိတ်​လှုပ်​ရှား​နေတတ်​ပါတယ်​။ က​လေး​မွေးခြင်​းနဲ့ ပတ်​သတ်​တဲ့ စာအုပ်​စာတမ်​း​တွေဖတ်​ပြီး ဆရာဝန်​နဲ့ ပုံမှန်​ပြသ​နေမယ်​ဆိုရင်​ စိတ်​ပူပန်​မှုကို ​လျော့နည်​း​စေနိုင်​ပြီး ယုံကြည်​မှုအပြည်​့နဲ့ မီးတွင်​းကာလကို ဖြတ်​သန်​းနိုင်​မှာ ဖြစ်​ပါတယ်​။ အ​ပေါ်မှာ ​ဖော်​ပြထားခဲ့တဲ့ အချက်​​တွေကို သတိပြုလိုက်​နာပြီး အမျိုးသမီးတို့ရဲ့ အဓိပ္ပာယ်​ရှိတဲ့ ကိုယ်​ဝန်​​ဆောင်​ကာလ​လေးကို စိတ်​ချမ်​း​မြေ့ကြည်​လင်​စွာနဲ့ ဖြတ်​သန်​းနိုင်​ကြပါ​စေ။

 

Dr. Emerald (www.drmyanmar.com)