/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်မေမေတို့-သတိထားရမယ့်-ကိုယ်ဝန်ဆိပ်တက်ရောဂါ

ကိုယ်ဝန်ဆောင်မေမေတို့ သတိထားရမယ့် ကိုယ်ဝန်ဆိပ်တက်ရောဂါ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန်ဆောင်မေမေတိုင်း ကြောက်ကြတဲ့ ကိုယ်ဝန်ဆိပ်တက်ရောဂါကို ဘယ်လိုကာကွယ်လို့ရသလဲ။ ကိုယ်ဝန်ဆိပ်တက်ရောဂါမှာ သွေးပေါင်တက်ပြီး နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ကိုယ်တွင်းအင်္ဂါတွေ အများကြီး ထိခိုက်ပျက်ပြားကုန်တာ ဖြစ်ပါတယ်။ နောက်ဆုံး မိခင်ရော သနေ္ဓသားလေးပါ အသက်သေဆုံးသည်အထိ ဖြစ်နိုင်တာမို့ ဒီဗဟုသုတလေးတွေ ကြိုကြိုတင်တင် သိထားသင့်တယ်နော်။

 

>>    ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်စစ်ဆေးတဲ့အခါ ...

●        သွေးပေါင် တက်၊ မတက် ပုံမှန်ချိန်မယ်။

●        ဆီး စစ်တယ်ဆိုတာ ဆီးထဲမှာ ပရိုတင်း အနည်ဓာတ်နဲ့ သကြားဓာတ်တွေ ပါ၊ မပါ စမ်းသပ်တုတ်တံလေးနဲ့ စစ်ဆေးတာြ ဖစ်ပါတယ်။

●        ဒီနှစ်ခုပာာ ရိုးရှင်းသလောက် ထိရောက်တဲ့ အချက်အလက် အများကြီး ပေးနိုင်တာမို့ ပုံမှန်စမ်းသပ်စစ်ဆေးဖို့ ဖြစ်ပါတယ်။

          ကိုယ်ဝန်ဆိပ်တက်ရောဂါရဲ့ ကနဦးလက္ခဏာတွေက ဘာတွေလဲဆိုတာ မိခင်လောင်းလေးတွေ သိထားခြင်းဖြင့် အများကြီး ကာကွယ်နိုင်ပါတယ်နော်။

●        ခေါင်း မကြာခဏ ကိုက်မယ်။

●        ဆေးသောက်ပေမယ့် မသက်သာဘူး။

●        ခြေတွေ၊ လက်တွေ ရောင်မယ်။

●        အမြင်အာရုံ ဝေဝါးမယ်။

●        ဝင်းခနဲ လက်ခနဲတွေ မြင်မယ်။

●        ဗိုက်အပေါ်ပိုင်း နာကျင်တာတွေ ရှိနိုင်ပါတယ်။

 

>>    ကိုယ်ဝန်ဆိပ် မတက်အောင် ကာကွယ်လို့ရတာများ ရှိမလား ...

          တကယ်တော့ အာရှသူတွေထက် လူမည်းအမျိုးသမီးတွေက ပိုအဖြစ်များတာပါ။ ပုံမှန်သွေးပေါင် ချိန်မယ်၊ ဆီးထဲ အနည် ပါ၊ မပါ စစ်ဆေးမယ်။ အာပာာရပြည့်ဝတဲ့ အစားအသောက် စားပြီး အငန် ရှောင်ခြင်းအားဖြင့် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ သုတေသန တွေ့ရှိချက်တွေအရ စိတ်ဖိစီးမှုများတာ မကြာခဏ စိတ်ညစ်ရတာတွေကလည်း ကို်ယ်ဝန်ဆိပ်တက်ရောဂါကို ဖြစ်စေနိုင်တဲ့အကြောင်းတွေ တင်ပြထားကြပါတယ်။ ဒီတော့ မိခင်လောင်းလေးတွေကို တတ်နိုင်သလောက် စိတ်ချမ်းချမ်းသာသာထားဖို့ မမေ့ကြပါနဲ့နော်။

          ကိုယ့်မှာ ကို်ယ်ဝန်ဆိပ်တက်ရောဂါ ဖြစ်ပြီဆိုရင်လည်း အရမ်းထူပူပြီး ကြောက်မသွားပါနဲ့။ သွေးပေါင်ကို ထိရောက်စွာ ထိန်းချုပ်တဲ့ ဆေးဝါးတွေအပြင် ကလေးကို ခွဲမွေးဖို့ အမြန်ဆုံး စီစဉ်ကြမှာ ဖြစ်ပါတယ်။ ကို်ယ်ဝန်ဆိပ်တက် အခြေအနေတွေ တွေ့ရှိတာနဲ့ ၃၇ ပတ်မှာ မွေးဖွားဖို့ ဆုံးဖြတ်ကြမှာပါ။ ဒီကြားထဲမှာတော့ သွေးကျဆေးတွေအပြင် မိခင်နဲ့ သနေ္ဓသားလေးကို စောင့်ကြည့်ပြီး လိုအပ်သလို ကုသမှုပေးဖို့ တတ်ကျွမ်းနားလည်တဲ့ သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ တိုင်ပင်ပြသလိုက်ပါနော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)