/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ပျက်ပြီးနောက်ပိုင်း-ကလေးထပ်ယူဖို့-စီစဉ်တဲ့အခါ

ကိုယ်ဝန်ပျက်ပြီးနောက်ပိုင်း ကလေးထပ်ယူဖို့ စီစဉ်တဲ့အခါ ...

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ကိုယ်ဝန် ရက်ပတ် ၂၀ မတိုင်မီ ကလေးပျက်ကျပြီးနောက် သိပ်မကြာမီကာလအတွင်း နောက်ထပ် ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားကြည့်ချင်သူ အမျိုးသမီးတွေ ဖတ်ကြည့်ဖို့ ဗဟုသုတတွေ တင်ပြပေးလိုက်တယ်နော်။

          တကယ်လို့ နှစ်ကြိမ်ထက်ပိုပြီး ကလေးပျက်ကျဖူးရင် ဒါလေးတွေ စစ်သင့်ပါတယ်။

●        သွေးတွင်းဟော်မုန်းပမာဏများ

●        ခရိုမိုစုမ်းမျိူးရိုးဗီဇ စမ်းသပ်ချက်များ

●        သားအိမ်အနေအထားသိဖို့ အာထရာဆောင်းဓာတ်မှန်

●        သားအိမ်တွင်းအကျိတ်ရှာမှန်ပြောင်း

●        သားဥပြွန်နှင့်

●        သားအိမ်တွင်းဓာတ်မှန်

●        သားအိမ်တွင်းထည့် အာထရာဆောင်းတို့ ဖြစ်ပါတယ်။

 

◊       သားဥပြွန်တွေပိတ်ဆို့နေသလား?

◊       သားအိမ်အနေအထားမှန်ရဲ့လား?

◊       သားအိမ်တွင်းအဖုအကျိတ်တွေရှိလား? ဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

 

          နောက်ပြီး ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ မိမိအဖော်ရော မိမိပါ ဝမ်းနည်းပူဆွေးမှုတွေနဲ့ တောက်လျှောက် ရင်ဆိုင်ရမယ့်ကာလကို ဖြတ်သန်းခဲ့ရပြီးအချိန်ပါ။

          ကိုယ်ဝန်ပျက်ပြီး နှစ်ပတ်အတွင်း မျိုးပွားအဂါ ၤပိုးမဝင်အောင် လိင်မဆက်ဆံသင့်ပါဘူး။

          အနည်းဆုံး ခြောက်ပတ်ထိစောင့်ပြီးမှ နောက်ထပ်ကိုယ်ဝန်ဆောင်ဖို့ စဉ်းစားသင့်ပါတယ်။

          ခြောက်လအတွင်းမှာ ကိုယ်ဝန်တစ်ကြိမ်ပဲ ပျက်ဖူးရင် သိပ်စိတ်မပူဘဲ ကိုယ်ဝန်ထပ်ဆောင်ဖို့ ကြိုးစားစီစဉ်လို့ရပါတယ်။

          နှစ်ကြိမ်နဲ့အထက် ကလေးပျက်ဖူးရင်တော့ အောက်ခံအရေးတကြီးပြဿနာတွေ ရှိနေပြီမို့ အရင်ဆုံး ရောဂါရှာဖွေ စမ်းသပ်သင့်ပါတယ်။

          ကလေးထပ်ယူတဲ့အခါ အဆင်ပြေ အောင်မြင်စေဖို့ ဗီတာအားဆေးတွေအပြင် ဖောလစ်အက်ဆစ်ကိုပါ မပြတ်မှီဝဲနေသင့်ပါတယ်။ ဆေးလိပ်၊ အရက်၊ ဝိုင်သောက်တာတွေရှောင်ပြီး စိတ်ဖိစီးမှုတွေကနေ ဝေးအောင် နေသင့်ပါသေးတယ်။ စိတ်ချမ်းသာ ပျော်ရွှင်နေဖို့ကလည်း အရေးကြီးပါတယ်နော်။

          ကလေးပျက်ကျဖူးပေမယ့် အောင်အောင်မြင်မြင် နောက်ထပ် ကိုယ်ဝန်ဆောင်နိုင်ဖို့ အလားအလာတွေကိုမမေ့ဘဲ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးလို့ ထပ်မံကြိုးစားကြည့်သင့်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)