/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ရှိနေချိန်မှာ-သက်သောင့်သက်သာ-အိပ်စက်ပါ

ကိုယ်ဝန်ရှိနေချိန်မှာ သက်သောင့်သက်သာ အိပ်စက်ပါ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

       ပူစူလေးထွက်နေတဲ့ဗိုက်ကြောင့် အိပ်ရ၊ ထိုင်ရခက်တဲ့ မဗိုက်တို့အတွက် ဒါလေး ဖတ်ကြည့်ပါလား။
၁။    တတ်နိုင်သလောက် ဘေးစောင်းအိပ်ပါ။ ပက်လက်အိပ်ခြင်းဖြင့် ခါးနာခြင်း၊ လိပ်ခေါင်း၊ အသက်ရှုရခက်တာ၊ သွေးပေါင်ကျတာတွေ ဖြစ်စေပါတယ်။
၂။    ဒူးကွေးပြီး ဒူးကြားထဲမှာ ခေါင်းအုံးလေးတွေခံပြီး အိပ်ပါ။ ခေါင်းအုံးလေးတွေ ခံလိုက်ခြင်းအားဖြင့် ကျောရိုးစကို ဖြောင့်တန်းစေပြီး သူ့အပေါ်ကျမယ့် ဖိအားသက်ရောက်မှုကို နှေးကွေးစေပါတယ်။ အာရုံကြောလေးတွေကိုလည်း ပြေလျှော့သွားစေတာပေါ့။
၃။    မအိပ်ခင် ဆီကြော်တွေ၊ အငန်တွေ၊ နို့ထွက်ပစ္စည်းတွေ မစားပါနဲ့။ ရင်ပူနာကြောင့် လန့်နိုးရတာတွေ မဖြစ်တော့ဘူးပေါ့။

၄။    ခေါင်းအုံးလေး မြှင့်အိပ်ရင် မသက်မသာဖြစ်တာ ရင်ပူတာပျောက်ပြီး နေကောင်းသွားစေပါတယ်နော်။
၅။    လေ့ကျင့်ခန်း အပျော့စားတစ်ခု နေ့စဉ်လုပ်ခြင်းဖြင့် အကြောတွေပြေပြီး ကောင်းစွာ အိပ်ပျော်စေပါတယ်။
၆။    မအိပ်ခင် ရေသောက်ပြီး ခြေသလုံးတွေ ဆန့်ထုတ်၊ အကြောတွေ ပြေလျှော့ပြီး ကောင်းစွာ အိပ်ပျော်စေပါတယ်။
၇။    ညအိပ်ရာမဝင်ခင် ဆီးသွားထားပါ။ ဆီးတင်းနေတဲ့အတွက် အိပ်ရေးပျက်တာတွေ မကြုံရတော့ဘူးပေါ့။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Zawgyi)

       ပူစူေလးထြက္ေနတဲ့ဗိုက္ေၾကာင့္ အိပ္ရ၊ ထိုင္ရခက္တဲ့ မဗိုက္တို႔အတြက္ ဒါေလး ဖတ္ၾကည့္ပါလား။
၁။    တတ္နိုင္သေလာက္ ေဘးေစာင္းအိပ္ပါ။ ပက္လက္အိပ္ျခင္းျဖင့္ ခါးနာျခင္း၊ လိပ္ေခါင္း၊ အသက္ရႈရခက္တာ၊ ေသြးေပါင္က်တာေတြ ျဖစ္ေစပါတယ္။
၂။    ဒူးေကြးၿပီး ဒူးၾကားထဲမွာ ေခါင္းအုံးေလးေတြခံၿပီး အိပ္ပါ။ ေခါင္းအုံးေလးေတြ ခံလိုက္ျခင္းအားျဖင့္ ေက်ာရိုးစကို ေျဖာင့္တန္းေစၿပီး သူ႔အေပၚက်မယ့္ ဖိအားသက္ေရာက္မႈကို ေႏွးေကြးေစပါတယ္။ အာ႐ုံေၾကာေလးေတြကိုလည္း ေျပေလၽွာ့သြားေစတာေပါ့။
၃။    မအိပ္ခင္ ဆီေၾကာ္ေတြ၊ အငန္ေတြ၊ နို႔ထြက္ပစၥည္းေတြ မစားပါနဲ႔။ ရင္ပူနာေၾကာင့္ လန႔္နိုးရတာေတြ မျဖစ္ေတာ့ဘူးေပါ့။
၄။    ေခါင္းအုံးေလး ျမႇင့္အိပ္ရင္ မသက္မသာျဖစ္တာ ရင္ပူတာေပ်ာက္ၿပီး ေနေကာင္းသြားေစပါတယ္ေနာ္။
၅။    ေလ့က်င့္ခန္း အေပ်ာ့စားတစ္ခု ေန႔စဥ္လုပ္ျခင္းျဖင့္ အေၾကာေတြေျပၿပီး ေကာင္းစြာ အိပ္ေပ်ာ္ေစပါတယ္။
၆။    မအိပ္ခင္ ေရေသာက္ၿပီး ေျခသလုံးေတြ ဆန႔္ထုတ္၊ အေၾကာေတြ ေျပေလၽွာ့ၿပီး ေကာင္းစြာ အိပ္ေပ်ာ္ေစပါတယ္။
၇။    ညအိပ္ရာမဝင္ခင္ ဆီးသြားထားပါ။ ဆီးတင္းေနတဲ့အတြက္ အိပ္ေရးပ်က္တာေတြ မၾကဳံရေတာ့ဘူးေပါ့။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)