ကိုယ်၀န်ဆောင်ချိန်တွင် လိုက်နာသင့်သော အခြေခံကျန်းမာရေးလမ်းညွှန်ချက်များ
1. အရင်ဆုံး သားဖွားမီးယပ်ဆရာ၀န်နှင့် စောနိုင်သမျှစောအောင် ကိုယ်၀န်အပ်ရပါမယ်။ ဆရာ၀န်နှင့်ေ၀းတဲ့ဒေသဖြစ်ပါက ဒေသန္တရကျန်းမာရေးဆရာ၊ ဆရာမများနှင့် ပြသနိုင်ပါတယ်။
2. မိခင်ရောသနေ္ဓသားပါကျန်းမာဖို့အတွက် အာဟာရဓာတ်ပြည့်၀တဲ့ အစားအစာတွေကို သန့်ရှင်းစင်ကြယ်စွာ ပြင်ဆင်၊ ချက်ပြုတ် စားသောက်ရပါမယ်။
3. နည်းနည်းနှင့်အကြိမ်များများစားသုံးပါ။
4. အသား၊ ငါး၊ ပဲ စတဲ့အာဟာရဖြစ်စေတဲ့ အစားအစာများကိုပုံမှန်စားသုံးရပါမယ်။ အစားမရှောင်ပါနှင့်။
2 ယောက်စာစားဖို့မလိုပေမယ့် အရင်စားခဲ့တဲ့ပမာဏထက်တော့ ပိုစားပေးရပါမယ်။
5. အိုင်အိုဒင်းဆားစားသုံးပါ။
6. ဆီကြော်စာတွေကိုရှောင်ရှားပါ။
7. ကြက်ဟင်းခါးသီး၊ မှို၊ ဒညင်းသီးကဲ့သို့သော အစားအစာများကိုလည်းရှောင်ရှားပါ။
8. သံဓာတ်နှင့် ဖောလစ်အက်ဆစ် (Folic Acid) အားဆေးကို နေ့စဉ်ပုံမှန်သောက်ပါ။ (တကယ်က ကိုယ်၀န်ယူဖို့ စိတ်ကူးထားပြီဆိုကတည်းက ဖောလစ်အက်ဆစ်အားဆေးကို နေ့စဉ် ပုံမှန်သောက်ပေးသင့်ပါ တယ်။) ဖောလစ်အက်ဆစ်ဟာမွေးရာပါ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
9. လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ လမ်းလျှောက်ခြင်း၊ ကိုယ်၀န်ဆောင်ယောဂကျင့်ခြင်းစတဲ့ အပျော့စားလေ့ကျင့်ခန်းတွေကို တစ်နေ့လျှင် မိနစ် 30 ခန့်ပြုလုပ်ပေးပါ။
10. ဆေးလိပ်နှင့် အယ်လ်ကိုဟောပါ၀င်တဲ့ အရည်၊ မူးယစ်ဆေးသုံးစွဲမှု ကိုရှောင်ကြဉ်ပါ။
11. စိတ်ဖိစီးမှုဖြစ်စေမည့်အရာများကို ရှောင်ရှားပါ။
12. ညစဉ်ပုံမှန် အိပ်စက်ပါ။ နေ့လည်နေ့ခင်းတရေးတမောအိပ်ပါ။
Dr. Htet Htet Aung




























