/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်၀န်ဆောင်မိခင်နှင့်-မေးခိုင်ကာကွယ်ဆေး

ကိုယ်၀န်ဆောင်မိခင်နှင့် မေးခိုင်ကာကွယ်ဆေး

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

        မေးခိုင်ရောဂါဟာ Clostridium Tetaniလို့ခေါ်တဲ့ ဘတ်တီးရီးယားပိုးကြောင့် ဖြစ်ပွား ရခြင်းဖြစ်ပါတယ်။ ၎င်းရောဂါပိုးဟာ ခန္ဓာကိုယ်ရဲ့ ပြတ်ရှဒဏ်ရာများ၊ အနာများမှတဆင့် ၀င်ရောက်လာပြီး အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါတယ်။ ဒီရောဂါကိုကာကွယ်ဆေးထိုးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

       ကိုယ်၀န်ဆောင်ကာလမှာ မေးခိုင်ကာကွယ်ဆေးထိုးခြင်းဖြင့် မိခင်လောင်းသာမက ကလေးငယ်အတွက်ပါ ရောဂါကြိုတင်ကာကွယ်နိုင်မှာဖြစ်သလို လမစေ့ဘဲကလေးမွေးဖွားခြင်းကိုလဲ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိခင်လောင်းများအနေနဲ့ မေးခိုင်ရောဂါကာကွယ်ဆေးကို ထိုးထားသင့်ပါတယ်။

       ပထမအကြိမ် ကိုယ်၀န်ဆောင်သူတွေအနေနဲ့ ပထမအကြိမ် ကာကွယ်ဆေးကို ကိုယ်၀န်ပထမ 3 လ ကာလ (ပထမအကြိမ်ကိုယ်၀န်စောင့်ရှောက်မှုခံယူချိန်) တွင် ထိုးရမှာဖြစ်ပြီး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခြင်းကို ပထမအကြိမ်ဆေးထိုးပြီး 4 ပတ်မှ 8 ပတ်အကြာမှာ လုပ်ဆောင်သင့်ပါတယ်။ တတိယအကြိမ်ကာကွယ်ဆေးကိုတော့ ဒုတိယအကြိမ်ဆေးထိုးပြီး 6 လအကြာမှာ ထိုးသင့်တယ်လို့ ကမ်ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး (WHO) က အကြံပြုထားပါတယ်။ တတိယအကြိမ်ထိုးထားတဲ့ ကာကွယ်ဆေးဟာ နောင် 5 နှစ်အထိ မေးခိုင်ရောဂါဖြစ်ခြင်းမှ ကာကွယ်မှုပေးနိုင်မှာဖြစ်ပါတယ်။ ဒီမှာကတော့ 2 ကြိမ်ပဲထိုးတာ များပါတယ်။ 2 ကြိမ်ထိုးထားရင်ကို 1 နှစ်က နေ 3 နှစ်အထိ အကာအကွယ်ပေးနိုင်ပါ တယ်။

       အကယ်၍ ပထမကိုယ်၀န်ဆောင်ပြီး နောက်နှစ်နှစ်အတွင်း ဒုတိယအကြိမ် ကိုယ်၀န်ဆောင်ဖြစ်တယ်ဆိုရင်တော့ Booster အနေနဲ့ တစ်ကြိမ်သာထပ်ထိုးပေးဖို့ လိုအပ်ပါတယ်။

 

 

Dr. HtetHtetAung

www.drmyanmar.com