/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/နို့တိုက်မိခင်တွေ-နို့တွေတင်းနေရင်-ဘာလုပ်မလဲ

နို့တိုက်မိခင်တွေ နို့တွေတင်းနေရင် ဘာလုပ်မလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          က​လေး​မွေးပြီး ၂ရက်​​မြောက်​​နေ့နဲ့ ၅ရက်​​မြောက်​​နေ့တို့မှာ က​လေး​တို့​မေမေ​​တွေ နို့တင်​း​လေ့ရှိတတ်​ပါတယ်​။ ဒီလိုဖြစ်​ရတာဟာ က​လေးကို နို့မကြာခဏမတိုက်​လို့​သော်​လည်​း​ကောင်​း၊ ပြည်​့လာတဲ့နို့​တွေကို မညှစ်​ထုတ်​လိုက်မိလို့ ဖြစ်​လာတတ်​ပါတယ်​။ သဘာဝနည်​းအရ က​လေး​မွေးပြီးချိန်​မှာ က​လေးအတွက်​လိုအပ်​တဲ့ နို့ပမာဏကို ပုံမှန်​ထုတ်​​ပေးပါတယ်​။ ဒါ​ပေမယ်​့ တစ်ခါတစ်​ရံ က​လေးကိုနို့ပုံမှန်​တိုက်​​နေလျက်​နဲ့​တောင်​ နို့​တွေကျန်​​နေတာမျိုး ဖြစ်​တတ်​ပါတယ်​။ ဒီလိုကျန်​ခဲ့တဲ့နို့​တွေက နို့တင်​းခြင်​းကို ဖြစ​်​​စေလာပါတယ်​။

          နို့တင်း​လာတဲ့အခါ နို့အုံဟာ တင်​း​ပြောင်​ပြီး နာလာတတ်​ပါတယ်​။ ကိုင်​မိထိမိတဲ့အခါလည်​း နာ​​နေတတ်​ပါ​သေးတယ်​။ နို့တင်​းခြင်​းဟာ က​လေးအတွက်​​ရော အ​မေအတွက်​​ရော အခက်​အခဲ​တွေဖြစ်​​စေနိုင်​ပါတယ်​။ နို့အုံဟာ နို့​တွေနဲ့ပြည်​့​နေ​ပေမယ်​့ မာ​နေတဲ့သားမြတ်​ကို ရ​အောင်​ငုံဖို့မလွယ်​ကူတဲ့အတွက်​ က​လေးနို့စို့ရာမှာ ​အခက်​အခဲ​တွေဖြစ်​​စေနိုင်​ပါတယ်​။

ဘယ်​လိုကာကွယ်​မလဲ

 

1. က​လေးနို့တိုက်​ပြီးချိန်​မှာ​တောင်​ ရင်​သား​တွေမာပြီးပြည်​့​နေတုန်​းဆိုရင်​ ပို​နေတဲ့နို့​တွေကို လက်​နဲ့ညှစ်​ထုတ်​ပါ။ လျှပ်​စစ်​သို့မဟုတ်​ရိုးရိုး နု့ိစုပ်​ခွက်​​တွေကို အသုံးပြုပြီး ညှစ်​ထုတ်​တာဟာ အလွယ်​ကူဆုံးနည်​းလမ်​းဖြစ်​ပါတယ်​။ အကယ်​၍ ​နောက်​တစ်​ကြိမ်က​လေးနို့ဆာတဲ့အခါ ​က​လေးနို့မဝမှာ စိုးရိမ်​ရင်​ ညှစ်​ထားတဲ့နို့ကို စနစ်​တကျ သိမ်​းထားနိုင်​ပါတယ်​။ တကယ်​တမ်​း​တော့ ဘယ်​​လောက်​ပဲ ညှစ်​ထုတ်​​နေ​နေ က​လေးအတွက်​​ လိုအပ်​တဲ့နို့ပမာဏကို အမြဲထုတ်​​ပေးနိုင်​တဲ့အတွက်​ အရမ်​းစိုးရိမ်​စရာ​တော့ မလိုအပ်​ပါဘူး။

 

2. နို့တိုက်​ချိန်​​တွေဘယ်​​လောက်​ပဲကပ်​​နေပါ​စေ က​လေးငိုပြီး နို့​တောင်​းတဲ့အခါတိုင်​း တိုက်​ပါ။

 

3. နို့​တွေတင်​းခဲ​နေတဲ့အခါ ​ရေ​နွေးအိတ်​​လေးကပ်​​ပေးပါ။ နို့​တွေ​ပျော့ကျလာ​တော့မှ နို့စုပ်​ခွက်​​လေးနဲ့ ညှစ်​ထုတ်​နိုင်​ပါတယ်​။

 

4. နို့တင်​းခြင်​းဖြစ်​လာပါက ချက်​ချင်​းအိမ်​မှာဖြစ်​​စေ၊ ဆရာဝန်​နဲ့ဖြစ်​​စေ ကုသပါ။ မကုသပဲထားပါက ပိုးဝင်​ပြီး ပြည်​တည်​တာမျိုးကို ဖြစ်​​စေနိုင်​ပြီး တစ်​ပတ်​​လောက်​ ပိုးသတ်​​ဆေး​သောက်​ရတာ၊ ခွဲစိတ်​ရတာ​တွေအထိ ဖြစ်​​စေနိုင်​ပါတယ်​။

 

www.drmyanmar.com