/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/နို့တိုက်မိခင်နဲ့-အစားအသောက်

နို့တိုက်မိခင်နဲ့ အစားအသောက်

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

၁။ ငါး

        ငါးမှာ ပရိုတင်​းအသားဓာတ်​​တွေ ကြွယ်​ဝစွာ ပါဝင်​ပါတယ်​။ ဒါ့အပြင်​ ပင်​လယ်​ငါး​တွေဖြစ်​တဲ့ ဆယ်​လ်​မွန်​နဲ့ တူနာငါး​တွေမှာ အိုမီဂါ(Omega 3) ဓာတ်​ ပြည်​့ဝစွာပါဝင်​တဲ့အတွက်​ ခန္ဓာကိုယ်​ကို များစွာအ​ထောက်​အကူပြုပါတယ်​။ ဒါ​ပေမယ်​့မာကျူရီနဲ့ အဆိပ်​အ​တောက်​​တွေကို​တော့ သတိပြုသင်​့ပါတယ်​။ ပင်​လယ်​ငါး​တွေကို တစ်​ပတ်​နှစ်​ကြိမ်​​လောက်​ ပုံမှန်​​ ချက်​ပြုတ်​စား​သောက်​ခြင်​းက က​လေး​ရောမိခင်​ကိုပါ ကျန်​းမာ​ရေးနဲ့ ညီညွတ်​​စေနိုင်​ပါတယ်​။

 

၂။ အပူအစပ်​အစားအစာများ

        အပူအစပ်​ကြိုက်​တတ်​သူ​မေ​မေ​တွေမှာ စားသင်​့မစားသင်​့ ​တွေ​ဝေ​နေတတ်​ကြပါတယ်​။ အပူအစပ်​​တွေက က​လေးအ​ေ​တာ်များများမှာ ဘာဆိုးကျိုးမှ မဖြစ်​​စေတတ်​​ပေမယ်​့ ​လေထ၊ ဝမ်​း​လျောတတ်​တဲ့က​လေး​တွေမှာ​တော့ အပူအစပ်​ကို ရက်​သတ္တပတ်​ အနည်​းငယ်​မျှ ​ရှောင်​သင်​့ပါတယ်​။

 

၃။ ပူစီနံ၊ တရုတ်​နံနံ

        ဒီဟင်​းခတ်​အ​မွှေးအကြိုင်​​တွေဟာ အစားအစာ​တွေကို အနံ့အရသာနဲ့ ပြည်​စုံ​စေနိုင်​ပါတယ်​။ ဒါ​ပေမယ်​့ အများအပြားစားသုံးမိပါက နို့တိုက်​​မေ​မေ​တွေမှာ နို့ထွက်​နှုန်​းနည်​းသွား​စေတတ်​ပါတယ်​။ အချို ့​တွေမှာ ပူစီနံအရသာ သွားတိုက်​​ဆေးနဲ့ သကြားလုံး​တွေ သုံးစွဲရုံနဲ့တင်​ နို့ထွက်​နှုန်​းနည်​း​စေတာကို ​တွေ့ရတတ်​ပါတယ်​။

၄။ နို့

        နို့​သောက်​ခြင်​း​ကြောင်​့ ပြဿနာကြီးကြီးမားမား မဖြစ်​​စေနိုင်​​တတ်​ပါဘူး။ ဒါ​ပေမယ့်​ က​လေးမှာ အ​ရေပြားပြဿနာတစ်​စုံတစ်​ရာ ဖြစ်​လာတာ၊ အသက်​ရှူ ကြပ်​လာတာမျိုး​တွေ ဖြစ်​လာခဲ့မယ်​ဆိုရင်​​တော့ ဆရာဝန်​နဲ့ အမြန်​ဆက်​သွယ်​ကုသသင်​့ပါတယ်​။

 

၅။ လက်​ဖက်​ရည်

        လက်​ဖက်​ရည်​​သောက်​ခြင်​း​ကြောင်​့ စိတ်​ကြည်​လင်​စေနိုင်​​ပေမယ်​့ ကဖိန်​းဓာတ်​က ​က​လေး​ရောအ​မေပါ အိပ်​မ​ပျော်​​​တာမျိုးကို ဖြစ်​​စေတတ်​ပါတယ်​။ ​နောက်​တစ်​ချက်​က​တော့ ခန္ဓာကိုယ်​ စွမ်​းအင်​အ​နေနဲ့လိုအပ်​တဲ့ သံဓာတ်​စုပ်​ယူမှုကိုလည်​း နည်​း​စေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ သံဓာတ်​များတဲ့ အစားအစာ​တွေဖြစ်​တဲ့ အသား​တွေ၊ ဟင်​းရွက်​စိမ်​းစိမ်​း​တွေနဲ့ မနက်​စာ cereal ​တွေကို လက်​ဖ​က်​ရည်​နဲ့ တွဲပြီးစားသုံးခြင်​းကို ​ရှောင်​ကြဉ်​သင်​့ပါတယ်​။

၆။ ဥ၊ ပဲနဲ့ အ​စေ့အဆံများ

        က​လေးကို ဥ၊ပဲ၊အ​စေ့အဆံ ဓာတ်​မတည်​့မှာကို စိုးရိမ်​​​နေပါသလား။ ဒီအစားအစာ​တွေကို မစားပဲ ​ရှောင်​ကြဉ်​ခြင်​းက က​လေးကို ဓာတ်​မတည်​့မှုမှ ​ကာကွယ်​​ပေးနိုင်​တယ်​ဆိုတဲ့ သက်​​သေသကာရ​တော့ မရှိ​သေးပါဘူး။ ဒါ​ပေမယ်​့ ​နေ့စဉ်​စား​သောက်​မှုပုံစံက​နေ ဒီအစားအစာ​တွေကို ​ရှောင်​ကြဉ်​လိုက်​ခြင်​းဖြင်​့ က​လေးမှာ နှင်​းခူလို အ​ရေပြားဓာတ်​မတည်​့​​ရောဂါ​တွေ အဖြစ်​နည်​း​စေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ ​က​လေးဆရာဝန်​နဲ့ ​သေချာတိုင်​ပင်​ စား​သောက်​သင်​့ပါတယ်​။

 

၇။ အချိုရည်​များ

 

      နို့တိုက်​ခြင်​းက ​မေ​မေ​တွေကို အရင်​ကထက်​ပိုပြီး ​ရေဆာ​စေတတ်​ပါတယ်​။ ဒါ​ကြောင်​့ နို့တိုက်​ပြီးတိုင်​းမှာ ​ရေတစ်​ဖန်​ခွက်​စီ ​သောက်​သုံးသင်​့ပါတယ်​။ ဆိုဒါအချိုရည်​​တွေနဲ့ သစ်​သီး​ဖျော်​ရည်​​တွေဟာ ကယ်​လိုရီကိုတက်​​စေနိုင်​တဲ့အတွက်​ တတ်​နိုင်​သ​လောက်​ ​ရှောင်​ကြဉ်​သင်​့ပါတယ်​။

 

၈။ အရက်

        အရက်​​သေစာ လုံးဝမ​သောက်​သုံးခြင်​းက က​လေးအတွက်​ ​အ​ကောင်​းဆုံးဖြစ်​ပါတယ်​။ အကယ်​၍​သောက်​သုံးမိခ့ဲရင်​ နို့ထဲမှာ အရက်​လုံးဝမပါဝင်​​တော့တဲ့ အချိန်​အထိ က​လေးကိုနို့မတိုက်​ပဲ ​ရှောင်​သင်​့ပါတယ်​။ ဘီယာ၁၂​အောင်​စ၊ သို့မဟုတ်​ ဝိုင်​ ၅​အောင်​စ၊ သို့မဟုတ်​ အရက်​ ၁.၅​အောင်​စ ​သောက်​ပြီးတိုင်​းမှာ အနည်​းဆုံး ၃နာရီခန်​့ ​စောင်​့ဆိုင်​းပြီးမှသာ နို့ပြန်​တိုက်​သင်​့ပါတယ်​။

 

၉။ ​လေထ​စေတဲ့အစာများ

 

          ပဲ၊ ပန်​း​ဂေါ်ဖီ၊​ဂေါ်ဖီထုပ်​နဲ့ ပန်​း​ဂေါ်ဖီစိမ်​း​တွေဟာ ​လေပွ၊​လေထ​စေပြီး ဝမ်​းသွားတိုင်​း လေပါ​စေတတ်​ပါတယ်​။ က​လေးဗိုက်​​အောင်​့၊ ​လေထဖြစ်​လာတဲ့ အချိန်​မျိုးမှာ ဒီအစားအ​သောက်​​တွေကို ​ရှောင်​ကြဉ်​သင့် ပါတယ်​။

 

၁၀။ ​ချော့ကလက်​နဲ့ ​ကော်​ဖီ

 

        နှစ်​မျိုးစလုံးဟာ ကဖိန်​းဓာတ်​ပါတဲ့ အစားအစာ​တွေပဲ ဖြစ်​ပါတယ်​။ ကိုလာနဲ့ အားဖြည်​့အချိုရည်​​တွေမှာလည်​း ကဖိန်​းဓာတ်​ပါဝင်​ပါတယ်​။ အကယ်​၍​ ​ကော်​ဖီမ​သောက်​ပဲ မ​နေနိုင်​ရင်​​တောင်​ နှပ်​​ကော်​ဖီကို တစ်​​နေ့ ၂ခွက်၊ ၃ခွက်​ထပ်ပိုပြီး မ​သောက်​သင်​့ပါဘူး။ ဒါမှမဟုတ်​ ကဖိန်​းဓာတ်​မပါတဲ့ ​ကော်​ဖီမျိုးကို ​ရွေးချယ်​​သောက်​သုံးသင်​့ပါတယ်​။

www.drmyanmar.com