/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/မွေးပြီးနောက်ပိုင်း-သွေးသွန်ခြင်း

မွေးပြီးနောက်ပိုင်း သွေးသွန်ခြင်း

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          ပျမ်းမျှအားဖြင့် ကလေးတစ်ယောက် ရိုးရိုးမွေးရင် အမေမှာ သွေး လီတာ၀က် (500 ml) လောက် ဆုံးရှုံးတတ်ပါတယ်။ ခွဲမွေးရင်တော့ တစ်လီတာ လောက် ဆုံးရှုံးလေ့ရှိပါတယ်။ ဒါ့အပြင် မွေးပြီး ၂၄ နာရီအတွင်း (သို့) မွေးပြီး ၁၂ ပတ်လောက်ထိ သွေးတွေ ဆင်းနိုင်ပါတယ်။ ကလေးမွေးပြီး သွေးသွန်ရတဲ့ အကြောင်းအရင်းရဲ့ 80% လောက်က သားအိမ်ကြွက်သား တုံ့ပြန်မှုမရှိလို့ ဖြစ်ရတာပါ။

          အချင်းကျပြီးနောက်မှာ သားအိမ်ညှစ်တာ အားနည်းပြီးတော့ အချင်းနဲ့ သားအိမ်ကို တွယ်ပေးထားတဲ့ သွေးကြောတွေကို ကောင်းကောင်းမဖိနိုင်တဲ့အခါမှာ သွေးသွန်စေပါတယ်။ ဒါဆိုရင် သွေးပေါင်ကျတာ၊ ကိုယ်အင်္ဂါ အလုပ်မလုပ်နိုင်တာ၊ သွေးလန့်တာနဲ့ အသက်ဆုံးရှုံးတာအထိတောင်မှ ဖြစ်နိုင်ပါတယ်။

 

>>    အချို့သောကိစ္စရပ်တွေက မွေးပြီး သွေးသွန်တာကို ပိုဆိုးစေပါတယ်။ ဒါတွေကတော့ -

●        အချင်းရှေ့ရောက်ခြင်း

●        အမြွှာကိုယ်ဝန်

●        သားအိမ် အရမ်းကြီးသွားခြင်း

●        ကိုယ်ဝန်ဆောင် သွေးတိုးရောဂါရှိခြင်း

●        ကလေးမွေးချိန် ကြာခြင်း

●        ကလေးမွေးရာတွင် လေစုပ်၊ ညှပ်ဆွဲ မွေးရခြင်း

●        ရောဂါပိုးဝင်ခြင်း

●        အဝလွန်ခြင်း တို့ ဖြစ်ကြပါတယ်။

>>    ဆိုးကျိုးများစေနိုင်တဲ့ အခြားကျန်းမာရေး အခြေအနေတွေကတော့ -

●        မွေးဖွားစဉ် သားအိမ်ခေါင်း၊ မွေးလမ်းကြောင်း၊ သားအိမ်သွေးကြော ပြဲသွားခြင်း

●        မိန်းမကိုယ်၊ မွေးလမ်းကြောင်းတွင် သွေးခဲပိတ်ခြင်း

●        နဂိုတည်းက သွေးခဲခြင်းဆိုင်ရာပြဿနာ ရှိခြင်း

●        သားအိမ်ပေါက်ထွက်ခြင်း  စတာတွေ ဖြစ်ပါတယ်။

 

>>    ကုသရာမှာတော့ သွေးထွက်တာကို တတ်နိုင်သမျှ မြန်မြန်တိတ်သွားအောင်လုပ်ဖို့ လိုပါတယ်။ သွေးတိတ်စေဖို့ -

●        ဆေးသွင်းခြင်း

●        သားအိမ်ကို နှိပ်နယ်ပေးခြင်း

●        အချင်း မကျသေးရင် ကျလာအောင် ထုတ်ပေးခြင်း

●        သွေးထွက်နေတဲ့ သွေးကြောများကို ချည်ခြင်း

●        ခွဲစိတ်ခြင်း - သွေးထွက်နေရတဲ့ အကြောင်းအရင်းကို သိဖို့အတွက် ဗိုက်ကိုဖွင့်ပြီးတော့ ရှာဖို့ လိုနိုင်ပါတယ်။ သားအိမ် ထုတ်ပစ်ရတဲ့ အခြေအနေတွေလည်း ဖြစ်တတ်ပါတယ်။

www.drmyanmar.com

(Unicode)


>>    အခြို့သောကိစ်စရပျတှကေ မှေးပွီး သှေးသှနျတာကို ပိုဆိုးစပေါတယျ။ ဒါတှကေတော့ -



www.drmyanmar.com