မွေးဖွားတဲ့အချိန်မှာ ကလေးအသက်မရှူနိုင်ခြင်း
မမွေးဖွားခင်၊ မွေးနေစဉ်နဲ့ မွေးပြီးပြီးချင်းအချိန်တွေမှာ အောက်ဆီဂျင် မလုံလောက်တဲ့အတွက်ကြောင့် ကလေးအသက်မရှူနိုင်တာ ဖြစ်တတ်ပါတယ်။ ဒီအခါမှာဆိုရင် -
● ကလေးအောက်ဆီဂျင်နည်းတာ
● ကာဗွန်ဒိုင်အောက်ဆိုက်များတာ
● သွေးတွင်းအက်ဆစ်ဓာတ်များတာတွေ ဖြစ်တတ်ပါတယ်။
နှလုံးသွေးကြောဆိုင်ရာပြဿနာတွေနဲ့ ကိုယ်တွင်းအင်္ဂါ ကောင်းကောင်း အလုပ်မလုပ်နိုင်တာတွေကို ဖြစ်စေနိုင်ပါတယ်။
မမွေးခင်မှာဆိုရင် ကလေးရဲ့ နှလုံးခုန်နှှုန်းနှေးနေတာ၊ pH ပမာဏနည်းတာတွေ ပြတတ်ပါတယ်။
Obimin 1

>> တခြားလက္ခဏာတွေအနေနဲ့ကတော့ -
● အသားရောင်ပုံမမှန်ခြင်း
● နှလုံးခုန်နှုန်းနှေးခြင်း
● ကြွက်သားတုံ့ပြန်မှုအားနည်းခြင်း
● အသက်ရှူမမှန်ခြင်း
● အသက်ရှူပုံ အားမရှိခြင်း
● ရေမြွှာရေက ကလေးငယ်ချေးရောင်ဖြစ်နေခြင်းတို့ ဖြစ်ပါတယ်။
ကုထုံးတွေအနေနဲ့ကတော့ အမေကို အောက်ဆီဂျင်ပေးမယ်၊ လိုအပ်ရင် အရေးပေါ် ဗိုက်ခွဲမွေးရတတ်ပါတယ်။ မွေးပြီးပြီးချင်းမှာလည်း ကလေးကို အသက်ရှူစက် တပ်ပေးတာနဲ့ ဆေးတွေပေးဖို့ လိုကောင်းလိုနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Obimin 2

(Zawgyi)
မေမြးဖြားခင္၊ ေမြးေနစဥ္နဲ႔ ေမြးၿပီးၿပီးခ်င္းအခ်ိန္ေတြမွာ ေအာက္ဆီဂ်င္ မလုံေလာက္တဲ့အတြက္ေၾကာင့္ ကေလးအသက္မရွဴႏိုင္တာ ျဖစ္တတ္ပါတယ္။ ဒီအခါမွာဆိုရင္ -
● ကေလးေအာက္ဆီဂ်င္နည္းတာ
● ကာဗြန္ဒိုင္ေအာက္ဆိုက္မ်ားတာ
● ေသြးတြင္းအက္ဆစ္ဓာတ္မ်ားတာေတြ ျဖစ္တတ္ပါတယ္။
ႏွလုံးေသြးေၾကာဆိုင္ရာျပႆနာေတြနဲ႔ ကိုယ္တြင္းအဂၤါ ေကာင္းေကာင္း အလုပ္မလုပ္ႏိုင္တာေတြကို ျဖစ္ေစႏိုင္ပါတယ္။
မေမြးခင္မွာဆိုရင္ ကေလးရဲ႕ ႏွလုံးခုန္ႏွႈန္းေႏွးေနတာ၊ pH ပမာဏနည္းတာေတြ ျပတတ္ပါတယ္။
>> တျခားလကၡဏာေတြအေနနဲ႔ကေတာ့ -
● အသားေရာင္ပုံမမွန္ျခင္း
● ႏွလုံးခုန္ႏႈန္းေႏွးျခင္း
● ႂကြက္သားတံု႔ျပန္မႈအားနည္းျခင္း
● အသက္ရွဴမမွန္ျခင္း
● အသက္ရွဴပုံ အားမရွိျခင္း
● ေရႁမႊာေရက ကေလးငယ္ေခ်းေရာင္ျဖစ္ေနျခင္းတို႔ ျဖစ္ပါတယ္။
ကုထုံးေတြအေနနဲ႔ကေတာ့ အေမကို ေအာက္ဆီဂ်င္ေပးမယ္၊ လိုအပ္ရင္ အေရးေပၚ ဗိုက္ခြဲေမြးရတတ္ပါတယ္။ ေမြးၿပီးၿပီးခ်င္းမွာလည္း ကေလးကို အသက္႐ွဴစက္ တပ္ေပးတာနဲ႔ ေဆးေတြေပးဖို႔ လိုေကာင္းလိုႏိုင္ပါတယ္။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























