မွေးလာမယ့်ကလေးကို အသည်းရောင် အသားဝါ B ပိုး မကူးအောင် ဘယ်လိုကာကွယ်မလဲ
>> အသည်းရောင် အသားဝါ B ပိုးက မိခင်ကနေ ကလေးကို ကူးစက်နိုင်ပါသလား?
ကူးနိုင်ပါတယ်။ ရိုးရိုးမွေးတာပဲဖြစ်ဖြစ်၊ ခွဲမွေးတာပဲဖြစ်ဖြစ် မွေးဖွားနေချိန်မှာ ကူးစက်နိုင်ပါတယ်။
>> အသည်းရောင် အသားဝါ B ပိုး ကူးစက်နိုင်တဲ့ တခြားနည်းလမ်းတွေက ဘာတွေလဲ?
သွေး၊ သုတ်ရည်အပါအဝင် ခန္ဓာကိုယ်ကထွက်တဲ့ အခြားသော အရည်တွေကို တိုက်ရိုက်ထိတွေ့မိရာကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အနည်းငယ်သော သွေးစက်ပမာဏနှင့် တိုက်ရိုက်ထိတွေ့မိရုံနဲ့ ကူးစက်သွားနိုင်တဲ့အထိ ကူးစက်အားကောင်းလွန်းတဲ့ဗိုင်းရပ်စ် ဖြစ်ပါတယ်။
>> ရောဂါ ကူးစက်ခံရခြင်းရဲ့ နောက်ဆက်တွဲတွေက ဘာတွေလဲ?
ကလေးငယ်တွေမှာ Hepatitis B ရောဂါပိုး ကူးစက်ခံရပါက B ပိုး အမြဲသယ်ဆောင်သူဖြစ်ပြီး နာတာရှည် အသည်းရောင် အသားဝါဖြစ်ဖို့ 95% ရာခိုင်နှုန်း ရှိပါတယ်။
>> ကိုယ်ဝန်ဆောင်တွေက အသည်းရောင် အသားဝါ B ပိုး ရှိ၊ မရှိ စစ်ဆေးသင့်သလား?
မဖြစ်မနေ စစ်ဆေးရမယ့် ကိုယ်ဝန်ဆောင် စစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။ မိခင်ကိုယ်တွင်း၌ B ပိုးတွေ ဆက်မပွားလာအောင်၊ မိခင်မှတစ်ဆင့် ကလေးကို မကူးစက်အောင် ပြင်ဆင်ရမယ့်အပိုင်းတွေ ရှိတာကြောင့် အမေမှာ B ပိုး ရှိ/မရှိ သိဖို့ လိုကို လိုအပ်ပါတယ်။ မိမိမှာ B ပိုး ရှိပါက ဆရာဝန်ကို ကြိုတင်အသိပေးပါ။
>> ရောဂါပိုးရှိတဲ့ မိခင်ကနေ ကလေးကို မကူးစက်အောင် ဘယ်လိုပြင်ဆင်သလဲ?
ကာကွယ်ဆေး Hepatitis B Immunoglobulin (HBIG) နှစ်မျိုးကို မွေးပြီး ၁ နာရီအတွင်း တစ်ပြိုင်တည်း ထိုးပေးရပါမယ်။
ဒုတိယအကြိမ် Hepatitis B ကာကွယ်ဆေးကို အသက် 1 လမှ 2 လကြား၊ တတိယအကြိမ် ကာကွယ်ဆေးကို အသက် 6 လမှ 18 လအကြား ထပ်မံထိုးပေးရပါမယ်။ နောက်ပိုင်းမှာ ထပ်ထိုးရမယ့် B ပိုးကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ ထိုးရမယ့်အချိန်ကို ကလေးဆရာဝန် ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်ပါ။ ဒါမှသာ B ပိုး ကူးစက်နှုန်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
Obimin 1

>> HBIG ဆိုတာ ဘာလဲ?
B ပိုး အဆိပ်ဖြေဆေးလို့ ဆိုရမှာပါ။ ခန္ဓာကိုယ်မှ ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့ဆေး ဖြစ်ပါတယ်။ B ပိုးရှိတဲ့မိခင်က မွေးလာတဲ့ကလေးတွေပဲ ထိုးဖို့လိုအပ်တာ ဖြစ်ပါတယ်။
>> ကလေးမှာ B ပိုး ရှိ၊ မရှိ ဘယ်လိုသိနိုင်လဲ?
ကာကွယ်ဆေး အားလုံးထိုးပြီး 1 လ၊ 2 လနေရင် သွေးပြန်စစ်ရပါမယ်။ မိခင်ကနေ ကလေးကို ကူးစက်ခြင်း ရှိ၊ မရှိ သိရမယ့်အချိန် ဖြစ်တာကြောင့် အဲဒီသွေးစစ်တာက အရေးကြီးပါတယ်။
ကလေးမှ မဟုတ်ပါဘူး၊ မိသားစုဝင်တွေအားလုံး B ပိုး ရှိ၊ မရှိ စစ်ဆေးပြီး မရှိဘူးဆိုရင် ကာကွယ်ဆေး ထိုးထားရပါမယ်။
B ပိုးရှိတဲ့ မိခင်အနေနဲ့ ကလေးကို နို့တိုက်တာတွေ၊ မိသားစုဝင်တွေအတွက် အစားအစာ ပြင်ဆင်ချက်ပြုတ်ပေးတာတွေ၊ ပွေ့ဖက်တာ၊ နမ်းတာတွေ ပြုလုပ်လို့ ရပါတယ်။ ပွေ့ဖက်တာ၊ နမ်းရှုံ့တာ၊ နှာချေ၊ ချောင်းဆိုးတာတွေကတစ်ဆင့် မကူးစက်နိုင်ပါဘူး။
ဒါပေမဲ့ ကလေးငယ်ကို ဝါးကျွေးတာမျိုးတွေ မပြုလုပ်သင့်ပါဘူး။ သွားဖုံးက သွေးယိုနေတယ်ဆိုရင် ရောဂါပိုး ကူးသွားနိုင်ပါတယ်။ ခန္ဓာကိုယ်မှ ဒဏ်ရာ၊ ပြတ်ရှရာရှိရင် ပတ်တီးဖြင့် သေချာစွာ စည်းထားပါ။ ရောဂါပိုးရှိသူနှင့် သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်စက်၊ လက်သည်းညှပ်၊ ဆီးချိုတိုင်းစက်တွေ မျှဝေသုံးစွဲတာမျိုးကို ရှောင်ကြဉ်ပါ။
Dr. Htet Htet Aung (www.drmyanmar.com)
Obimin 2

(Zawgyi)
>> အသည္းေရာင္ အသားဝါ B ပိုးက မိခင္ကေန ကေလးကို ကူးစက္ႏိုင္ပါသလား?
ကူးႏိုင္ပါတယ္။ ႐ိုး႐ိုးေမြးတာပဲျဖစ္ျဖစ္၊ ခြဲေမြးတာပဲျဖစ္ျဖစ္ ေမြးဖြားေနခ်ိန္မွာ ကူးစက္ႏိုင္ပါတယ္။
>> အသည္းေရာင္ အသားဝါ B ပိုး ကူးစက္ႏိုင္တဲ့ တျခားနည္းလမ္းေတြက ဘာေတြလဲ?
ေသြး၊ သုတ္ရည္အပါအဝင္ ခႏၶာကိုယ္ကထြက္တဲ့ အျခားေသာ အရည္ေတြကို တိုက္႐ိုက္ထိေတြ႕မိရာကေနတစ္ဆင့္ ကူးစက္ႏိုင္ပါတယ္။ အနည္းငယ္ေသာ ေသြးစက္ပမာဏႏွင့္ တိုက္႐ိုက္ထိေတြ႕မိ႐ုံနဲ႔ ကူးစက္သြားႏိုင္တဲ့အထိ ကူးစက္အားေကာင္းလြန္းတဲ့ဗိုင္းရပ္စ္ ျဖစ္ပါတယ္။
>> ေရာဂါ ကူးစက္ခံရျခင္းရဲ႕ ေနာက္ဆက္တြဲေတြက ဘာေတြလဲ?
ကေလးငယ္ေတြမွာ Hepatitis B ေရာဂါပိုး ကူးစက္ခံရပါက B ပိုး အၿမဲသယ္ေဆာင္သူျဖစ္ၿပီး နာတာရွည္ အသည္းေရာင္ အသားဝါျဖစ္ဖို႔ 95% ရာခိုင္ႏႈန္း ရွိပါတယ္။
>> ကိုယ္ဝန္ေဆာင္ေတြက အသည္းေရာင္ အသားဝါ B ပိုး ရွိ၊ မရွိ စစ္ေဆးသင့္သလား?
မျဖစ္မေန စစ္ေဆးရမယ့္ ကိုယ္ဝန္ေဆာင္ စစ္ေဆးမႈတစ္ခု ျဖစ္ပါတယ္။ မိခင္ကိုယ္တြင္း၌ B ပိုးေတြ ဆက္မပြားလာေအာင္၊ မိခင္မွတစ္ဆင့္ ကေလးကို မကူးစက္ေအာင္ ျပင္ဆင္ရမယ့္အပိုင္းေတြ ရွိတာေၾကာင့္ အေမမွာ B ပိုး ရွိ/မရွိ သိဖို႔ လိုကို လိုအပ္ပါတယ္။ မိမိမွာ B ပိုး ရွိပါက ဆရာဝန္ကို ႀကိဳတင္အသိေပးပါ။
>> ေရာဂါပိုးရွိတဲ့ မိခင္ကေန ကေလးကို မကူးစက္ေအာင္ ဘယ္လိုျပင္ဆင္သလဲ?
ကာကြယ္ေဆး Hepatitis B Immunoglobulin (HBIG) ႏွစ္မ်ိဳးကို ေမြးၿပီး ၁ နာရီအတြင္း တစ္ၿပိဳင္တည္း ထိုးေပးရပါမယ္။
ဒုတိယအႀကိမ္ Hepatitis B ကာကြယ္ေဆးကို အသက္ 1 လမွ 2 လၾကား၊ တတိယအႀကိမ္ ကာကြယ္ေဆးကို အသက္ 6 လမွ 18 လအၾကား ထပ္မံထိုးေပးရပါမယ္။ ေနာက္ပိုင္းမွာ ထပ္ထိုးရမယ့္ B ပိုးကာကြယ္ေဆးေတြနဲ႔ ပတ္သက္လို႔ ထိုးရမယ့္အခ်ိန္ကို ကေလးဆရာဝန္ ၫႊန္ၾကားတဲ့အတိုင္း လိုက္နာေဆာင္႐ြက္ပါ။ ဒါမွသာ B ပိုး ကူးစက္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။
>> HBIG ဆိုတာ ဘာလဲ?
B ပိုး အဆိပ္ေျဖေဆးလို႔ ဆိုရမွာပါ။ ခႏၶာကိုယ္မွ ဗိုင္းရပ္စ္ကို တိုက္ထုတ္ႏိုင္စြမ္းကို ျမႇင့္တင္ေပးတဲ့ေဆး ျဖစ္ပါတယ္။ B ပိုးရွိတဲ့မိခင္က ေမြးလာတဲ့ကေလးေတြပဲ ထိုးဖို႔လိုအပ္တာ ျဖစ္ပါတယ္။
>> ကေလးမွာ B ပိုး ရွိ၊ မရွိ ဘယ္လိုသိႏိုင္လဲ?
ကာကြယ္ေဆး အားလုံးထိုးၿပီး 1 လ၊ 2 လေနရင္ ေသြးျပန္စစ္ရပါမယ္။ မိခင္ကေန ကေလးကို ကူးစက္ျခင္း ရွိ၊ မရွိ သိရမယ့္အခ်ိန္ ျဖစ္တာေၾကာင့္ အဲဒီေသြးစစ္တာက အေရးႀကီးပါတယ္။
ကေလးမွ မဟုတ္ပါဘူး၊ မိသားစုဝင္ေတြအားလုံး B ပိုး ရွိ၊ မရွိ စစ္ေဆးၿပီး မရွိဘူးဆိုရင္ ကာကြယ္ေဆး ထိုးထားရပါမယ္။
B ပိုးရွိတဲ့ မိခင္အေနနဲ႔ ကေလးကို ႏို႔တိုက္တာေတြ၊ မိသားစုဝင္ေတြအတြက္ အစားအစာ ျပင္ဆင္ခ်က္ျပဳတ္ေပးတာေတြ၊ ေပြ႕ဖက္တာ၊ နမ္းတာေတြ ျပဳလုပ္လို႔ ရပါတယ္။ ေပြ႕ဖက္တာ၊ နမ္းရႈံ႕တာ၊ ႏွာေခ်၊ ေခ်ာင္းဆိုးတာေတြကတစ္ဆင့္ မကူးစက္ႏိုင္ပါဘူး။
ဒါေပမဲ့ ကေလးငယ္ကို ဝါးေကြၽးတာမ်ိဳးေတြ မျပဳလုပ္သင့္ပါဘူး။ သြားဖုံးက ေသြးယိုေနတယ္ဆိုရင္ ေရာဂါပိုး ကူးသြားႏိုင္ပါတယ္။ ခႏၶာကိုယ္မွ ဒဏ္ရာ၊ ျပတ္ရွရာရွိရင္ ပတ္တီးျဖင့္ ေသခ်ာစြာ စည္းထားပါ။ ေရာဂါပိုးရွိသူႏွင့္ သြားပြတ္တံ၊ မုတ္ဆိတ္ရိတ္စက္၊ လက္သည္းညႇပ္၊ ဆီးခ်ိဳတိုင္းစက္ေတြ မွ်ေဝသုံးစြဲတာမ်ိဳးကို ေရွာင္ၾကဥ္ပါ။
Dr. Htet Htet Aung (www.drmyanmar.com)




























