လမစေ့ခင် ကလေးမွေးမယ့် လက္ခဏာတွေ
ကိုယ်ဝန်အပတ် ၄၀ ဝန်းကျင်လောက်မှာ ကလေးမွေးတာ များပြီးတော့ ၃၇ ပတ်ကနေ ၄၂ ပတ်ကြား မွေးတာကို လစေ့တယ်လို့ သတ်မှတ်ပါတယ်။ ၃၇ ပတ်မတိုင်ခင်မွေးရင်တော့ လမစေ့ဘဲမွေးတယ်လို့ သတ်မှတ်ပါတယ်။
လမစေ့ဘဲ ကလေးမွေးရင်လည်း လစေ့ပြီးမှ မွေးသလိုပဲ လက္ခဏာတွေပြပါတယ်။ ကလေး မွေးခါနီးလက္ခဏာတွေကတော့ -
• ဗိုက်နာခြင်း (သားအိမ်ညှစ်)
• ရေမွှာရေ ရုတ်တရက်ပေါက်ခြင်း/ ရဆေငျးခွငျး
• အချွဲဆင်းခြင်း
လမစေ့ဘဲ ကလေးမွေးမယ့်လက္ခဏာတွေပြရင် အထူးကုကိရိယာတွေရှိတဲ့ ဆေးရုံမှာ တက်ပြီးတော့ မွေးဖို့လိုပါတယ်။ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်ရှိတဲ့ဆေးရုံ ဖြစ်ရပါမယ်။ ကိုယ်ဝန် ၃၄ ပတ်မတိုင်ခင် မွေးတဲ့ကလေးတွေကတော့ အသက်ရှူဖို့၊ နို့တိုက်ဖို့နဲ့ နွေးထွေးအောင်ထားဖို့ အထူးဂရုစိုက်ပေးဖို့ လိုပါတယ်။
ဆေးရုံတိုင်းမှာ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် မရှိတဲ့အတွက် အချိန်ရရင် ကလေးမမွေးခင် (သို့) ကလေးမွေးပြီးပြီးချိန်မှာ ဒီဆေးရုံတွေကို လွှဲပါလိမ့်မယ်။
လမစေ့ဘဲနဲ့ မွေးချင်လာပြီး သားအိမ်က ညှစ်လာပြီဆိုရင် ကလေးအတွက် လိုအပ်တဲ့ steroid ထိုးဆေးထိုးပေးဖို့ အချိန်ရအောင်လို့ သားအိမ်ညှစ်တာကို ခဏတားတဲ့ ဆေးထိုးေပေးပါလိမ့်မယ်။ Steroid ထိုးဆေးက လမပြည့်ဘဲမွေးလာမယ့်ကလေးမှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို လျော့ကျစေနိုင်ပါတယ်။ ဒီဆေးရဲ့အာနိသင်ပြဖို့အတွက် ၂၄ နာရီကြာပါတယ်။
>> ၂ မွှာပူး၊ ၃ မွှာပူး
၂ မွှာပူး၊ ၃ မွှာပူးကလေးလေးတွေက လမစေ့ဘဲမွေးနိုင်ချေ ပိုများပါတယ်။ ဒီအမွှာကိုယ်ဝန်တွေရဲ့ တစ်ဝက်လောက်ပဲ ၃၇ ပတ်ကျော်ပါတယ်။ ၃ မွှာပူးကိုယ်ဝန်တွေဆိုရင် ယေဘုယျအားဖြင့် ၃၄ ပတ်လောက်မှာ မွေးတာ များပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























