လမစေ့ဘဲကလေးမွေးခြင်း
လမစေ့ဘဲကလေးမွေးခြင်းဆိုတာဟာ ကိုယ်၀န်ပတ် 37 ပတ်မပြည့်ခင် ကလေးမွေးခြင်းကို ဆိုလိုပါတယ်။ ပုံမှန်အားဖြင့် ကိုယ်၀န်ပတ် 38 - 40 အတွင်း မွေးဖွားတတ်ကြပါတယ်။ ဒီလို 37 ပတ် မတိုင်မီမွေးတဲ့ကလေးကို premature baby လို့ခေါ်ပါတယ်။ လမစေ့ဘဲမွေးတဲ့ ကလေးများဟာ အခြားသောကလေးများထက် ရောဂါ ကူးစက်ခံရခြေ ပိုများပြီး လမစေ့ဘဲမွေးခြင်းသည် ကမ်ဘာတ၀ှမ်းရှိ မွေးကင်းစကလေးငယ်များ သေဆုံးမှု၏နံပါတ်တစ် တရားခံဖြစ်ပါတယ်။
ဘယ်လိုမိခင်တွေမှာ လမစေ့ဘဲကလေးမွေးခြင်းဖြစ်နိုင်သလဲ
ဘယ်လိုမိခင်ဟာလမစေ့ဘဲကလေးမွေးမယ်ဆိုတာကိုပုံသေသတ်မှတ်လို့မရပါဘူး။ များသောအားဖြင့်
- မိသားစုမျိုးရိုးရှိသူများ
- ပထမကလေးကိုလမစေ့ဘဲမွေးသူများနှင့် ကိုယ်၀န်ပျက်ကျဖူးသူများ
- အမွှာကိုယ်၀န်ဆောင်ထားရသူများ
- မျိုးပွားအင်္ဂါလမ်းကြောင်းပိုး၀င်ခြင်း
- သားအိမ်လမ်းကြောင်းတွင်အလုံးအကြိတ်ရှိသူများ
- သွေးထုံးရောဂါ၊နှလုံးရောဂါ၊ဆီးချိုသွေးချိုရောဂါ၊ သွေးခဲခြင်းနှင့်ဆိုင်သောရောဂါရှိသူများ
- 17 နှစ်အောက်အမျိုးသမီးနှင့် 35 နှစ်အထက်အမျိုးသမီးများ
- သားအိမ်တွင်းထည့် သနေ္ဓတားပစ္စည်းIUCD အသုံးပြုရင်းကိုယ်၀န်ရသွားသောအမျိုးသမီးများ
- သားအိမ်နှင့်သားအိမ်ခေါင်းပုံံစံမမှန်သူများ
- ပိန်လွန်းခြင်း၊ ၀လွန်းခြင်း
- ကိုယ်၀န်ဆောင်သောအကြိမ်စိပ်သူများ
- ကိုယ်၀န်ဆောင်စဉ်ဆေးလိပ်၊အရက်နှင့်မူးယစ်ဆေးသုံးစွဲသူများ
- စိတ်ဖိစီးမှုများသူများ
- ကိုယ်၀န်ဆောင်စဉ်သင့်တင့််သောကျန်းမာရေးစောင့်ရှောက်မှုမခံယူထားသူများ
- သွားဖုံးရောဂါရှိသူများ (သွားဖုံးမှာရှိတဲ့ ရောဂါပိုးမွှားတွေနဲ့ အဲဒီပိုးမွှားတွေကိုတိုက်ထုတ်ဖို့ ခန္ဓာကိုယ်ကထုတ်လုပ်တဲ့ Proinflammatory Cytokines တွေက ကိုယ်၀န်ကို ထိခိုက်စေပါတယ်။)
လမစေ့ဘဲမွေးဖွားခြင်းကိုလျော့ချနိုင်ရန်ဘာတွေလုပ်သင့်လဲ
- ဆေးလိပ်ဖြတ်ပါ။
- ကျန်းမာသောကိုယ်အလေးချိန်ကိုထိန်းထားပါ။
- ကိုယ်၀န်နှင့်ပတ်သက်သောကျန်းမာရေးဗဟုသုတများနှင့် သနေ္ဓသားနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့လာပါ။
- ကိုယ်၀န်ဆောင်စဉ် အတောအတွင်းရောဂါပိုးကူးစက်ခံရပါကစောစီးစွာကုသမှုခံယူပါ။
- ကလေးမွေးပြီးနောက် ၂ နှစ်လောက်နေမှ ကလေးထပ်ယူပါ။
- ကိုယ်၀န်ဆောင်မိခင်များအားဖေးမပါ။ယခုအခါမှာမိခင်အချို့သည် လမစေ့ဘဲမိမိမွေးလိုသောနေ့တွင် ခွဲမွေးခြင်းကိုပြုလုပ်လာကြပါတယ်။ ထိုသို့ပြုလုပ် ခြင်းကိုရှောင်ရှားပါ။
လမစေ့ဘဲမွေးတဲ့ကလေးတွေမှာနောက်ဆက်တွဲဆိုးကျိုးအနေနဲ့ဘာတွေဖြစ်လာနိုင်သလဲ။
ဦးနှောက်တွင်းသွေးယိုစီးခြင်း၊ အဆုတ်ရောင်နမိုးနီးယားရောဂါဖြစ်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါများ ခံစားရခြင်း၊ အသားဝါခြင်း၊ အကြားအာရုံနှင့်အမြင်အာရုံချို့ယွင်းခြင်း၊ သွက်ချာပါဒဖြစ်ခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်း စတဲ့နောက်ဆက်တွဲဆိုးကျိုးများလည်း ဖြစ်ပေါ်လာနို်င်ပါတယ်။
လမစေ့ဘဲမွေးလာတဲ့ ကလေးတွေမှာ အဆုတ်ဟာကောင်းစွာဖံံွ့ဖြိုးခြင်း မရှိသေးတာကြောင့် အသက်ရှုဖို့အတွက် အခက်အခဲဖြစ်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းသိမ်းနိုင်စွမ်းမရှိတာကြောင့် နွေးထွေးအောင်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အစားအစာမျိုချရာမှာလည်း အခက်အခဲများရှိနိုင်ပါတယ်။
Dr. Htet Htet Aung





























