လမစေ့ဘဲမွေးဖွားခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ
1.ပေါင်မပြည့်ခြင်း - 2500 g (သို့) 5.5 ပေါင် အောက်နည်းခြင်း
2.အသက်ရှူခြင်းဆိုင်ရာအခက်အခဲများ
• အသက်ရှူရခက်ခဲခြင်းရောဂါလက္ခဏာစု
• ကာလကြာရှည်စွာ တစ်သျှူးများကိုထိခိုက်ဒဏ်ရာဖြစ်ခြင်းကြောင့် နာတာရှည်အဆုတ်ရောဂါ
• အဆုတ်နေရာအပြင်ဘက်သို့ လေများစိမ့်ထွက်ခြင်း
• အဆုတ်ကောင်းကောင်းမဖွံ့ဖြိုးသေးခြင်း
• အသက်ရှူရပ်ခြင်း
3.ကိုယ်တွင်းအင်္ဂါများကောင်းမွန်စွာမဖွံ့ဖြိုးသေးခြင်းနှင့် အမြင်အာရုံပြသနာများ
4.သင်ယူမှုဆိုင်ရာချို့ယွင်းချက်များဖြစ်နိုင်ချေများခြင်း
5.အပြုအမူပိုင်းဆိုင်ရာပြသနာများ
6.ကိုယ်အပူချိန်မတည်ငြိမ်ခြင်း - ခန္ဓာကိုယ်အဆီများနည်းခြင်းကြောင့် အပူချိန်ကိုကောင်းကောင်းထိန်းချုပ်နိုင်စွမ်းမရှိခြင်း
7.နှလုံးသွေးကြောဆိုင်ရာပြသနာများ
• Patent ductus arteriosus (PDA) - အဆုတ်ကိုသွေးထောက်ပံ့မှုကိုဟန့်တားသောအခြေအနေတစ်မျိုး
• သွေးဖိအားများလွန်းခြင်း (သို့) နည်းလွန်းခြင်း
• နှလုံးခုန်နှုန်းနှေးခြင်း (အသက်ရှူရပ်ခြင်းနှင့်အတူတွဲဖြစ်လေ့ရှိ)
8.သွေးနှင့် ဇီဝကမ္မဆိုင်ရာအခြေအနေများ
• သွေးအားနည်းခြင်း (သွေးသွင်းဖို့လိုအပ်နိုင်)
• အသည်းကောင်းကောင်းမဖွံ့ဖြိုးသေးခြင်းနှင့် အစာအိမ်နှင့်အူလမ်းကြောင်းလုပ်ငန်းစဉ်များ မဖွံဖြိုးသေးခြင်းများကြောင့် အသားဝါခြင်း
• ကျောက်ကပ်လုပ်ငန်းစဉ်များကောင်းကောင်းမဖွံ့ဖြိုးသေးခြင်း
9.အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာအခြေအနေများ
• အစာစားခြင်းဆိုင်ရာအခက်အခဲများ - နို့မစို့နိုင်ခြင်းနှင့် မျိုမချနိုင်သေးခြင်း
• အစာခြေအားနည်းခြင်း
• Necrotizing enterocolitis (NEC) ပြင်းထန်သောအူရောဂါတစ်မျိုး
10.အာရုံကြောဆိုင်ရာပြသနာများ
• ဦးနှောက်အတွင်းသွေးယိုစီးခြင်း
• ဦးနှောက်တစ်သျှူးများပျော့ခြင်း
• ကြွက်သားတင်းအားနည်းခြင်း
• ဦးနှောက်အတွင်းသွေးထွက်ခြင်းကြောင့် တက်ခြင်း
• Retinopathy of prematurity (ROP) - မြင်လွှာအတွင်းရှိသွေးကြောများကြီးထွားမှုပုံမမှန်ခြင်းကြောင့် မျက်လုံးအနောက်ဖက်မှမြင်လွှာကွာကျခြင်းကြောင့်မျက်စိကွယ်ခြင်း
11.ရောဂါပိုးဝင်ခြင်း - ပိုးသတ်ဆေးပေးပြီးကုသဖို့လိုအပ်နိုင်ပါတယ်။
(Unicode)
- • အသကျရှူရခကျခဲခွငျးရောဂါလက်ခဏာစု
8.သှေးနှင့ျ ဇီဝကမ်မဆိုငျရာအခွအေနမြေား
















