/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/လမစေ့ဘဲမွေးဖွားခြင်း၏-နောက်ဆက်တွဲဆိုးကျိုးများ

လမစေ့ဘဲမွေးဖွားခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

1.ပေါင်မပြည့်ခြင်း - 2500 g (သို့) 5.5 ပေါင် အောက်နည်းခြင်း

2.အသက်ရှူခြင်းဆိုင်ရာအခက်အခဲများ

• အသက်ရှူရခက်ခဲခြင်းရောဂါလက္ခဏာစု

• ကာလကြာရှည်စွာ တစ်သျှူးများကိုထိခိုက်ဒဏ်ရာဖြစ်ခြင်းကြောင့် နာတာရှည်အဆုတ်ရောဂါ

• အဆုတ်နေရာအပြင်ဘက်သို့ လေများစိမ့်ထွက်ခြင်း

• အဆုတ်ကောင်းကောင်းမဖွံ့ဖြိုးသေးခြင်း

• အသက်ရှူရပ်ခြင်း

3.ကိုယ်တွင်းအင်္ဂါများကောင်းမွန်စွာမဖွံ့ဖြိုးသေးခြင်းနှင့် အမြင်အာရုံပြသနာများ

4.သင်ယူမှုဆိုင်ရာချို့ယွင်းချက်များဖြစ်နိုင်ချေများခြင်း

5.အပြုအမူပိုင်းဆိုင်ရာပြသနာများ

6.ကိုယ်အပူချိန်မတည်ငြိမ်ခြင်း - ခန္ဓာကိုယ်အဆီများနည်းခြင်းကြောင့် အပူချိန်ကိုကောင်းကောင်းထိန်းချုပ်နိုင်စွမ်းမရှိခြင်း

7.နှလုံးသွေးကြောဆိုင်ရာပြသနာများ

• Patent ductus arteriosus (PDA) - အဆုတ်ကိုသွေးထောက်ပံ့မှုကိုဟန့်တားသောအခြေအနေတစ်မျိုး

• သွေးဖိအားများလွန်းခြင်း (သို့) နည်းလွန်းခြင်း

• နှလုံးခုန်နှုန်းနှေးခြင်း (အသက်ရှူရပ်ခြင်းနှင့်အတူတွဲဖြစ်လေ့ရှိ)

8.သွေးနှင့် ဇီဝကမ္မဆိုင်ရာအခြေအနေများ

• သွေးအားနည်းခြင်း (သွေးသွင်းဖို့လိုအပ်နိုင်)

• အသည်းကောင်းကောင်းမဖွံ့ဖြိုးသေးခြင်းနှင့် အစာအိမ်နှင့်အူလမ်းကြောင်းလုပ်ငန်းစဉ်များ မဖွံဖြိုးသေးခြင်းများကြောင့် အသားဝါခြင်း

• ကျောက်ကပ်လုပ်ငန်းစဉ်များကောင်းကောင်းမဖွံ့ဖြိုးသေးခြင်း

9.အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာအခြေအနေများ

• အစာစားခြင်းဆိုင်ရာအခက်အခဲများ - နို့မစို့နိုင်ခြင်းနှင့် မျိုမချနိုင်သေးခြင်း

• အစာခြေအားနည်းခြင်း

• Necrotizing enterocolitis (NEC) ပြင်းထန်သောအူရောဂါတစ်မျိုး

10.အာရုံကြောဆိုင်ရာပြသနာများ

• ဦးနှောက်အတွင်းသွေးယိုစီးခြင်း

• ဦးနှောက်တစ်သျှူးများပျော့ခြင်း

• ကြွက်သားတင်းအားနည်းခြင်း

• ဦးနှောက်အတွင်းသွေးထွက်ခြင်းကြောင့် တက်ခြင်း

• Retinopathy of prematurity (ROP) - မြင်လွှာအတွင်းရှိသွေးကြောများကြီးထွားမှုပုံမမှန်ခြင်းကြောင့် မျက်လုံးအနောက်ဖက်မှမြင်လွှာကွာကျခြင်းကြောင့်မျက်စိကွယ်ခြင်း

11.ရောဂါပိုးဝင်ခြင်း - ပိုးသတ်ဆေးပေးပြီးကုသဖို့လိုအပ်နိုင်ပါတယ်။

www.drmyanmar.com

(Unicode)

 



  • • အသကျရှူရခကျခဲခွငျးရောဂါလက်ခဏာစု







8.သှေးနှင့ျ ဇီဝကမ်မဆိုငျရာအခွအေနမြေား







www.drmyanmar.com