သားအိမ်ကွဲထွက်ခြင်း
အရင်က ဗိုက်ခွဲမွေးဖူးပြီး နောက်ကိုယ်ဝန်မှာရိုးရိုးမွေးရင် အရင်ခွဲထားတဲ့အနာရွတ်နေရာကနေ ကွဲထွက်နိုင်ချေရှိပါတယ်။ ဒီလိုကွဲထွက်သွားရင် ကလေးမှာအောက်ဆီဂျင်ပြတ်လတ်သွားနိုင်ချေရှိပြီးတော့ ချက်ချင်းခွဲမွေးဖို့လိုပါတယ်။ အမေမှာလည်း သွေးထွက်လွန်နိုင်ချေရှိပါတယ်။
သားအိမ်ကွဲထွက်နိုင်ခြေရှိတဲ့ အခြားသောအချက်တွေကတော့ -
• မီးဖွားဖို့အတွက် ဆေးသွင်းပြီးတော့ဗိုက်နာအောင်လုပ်ခြင်း
• ကလေးအရွယ်အစား
• မိခင်အသက် ၃၅ နှစ်နှင့်အထက်ရှိခြင်း
• ရိုးရိုးမွေးချိန်မှာ ညှပ်ဆွဲ၊ လေစုပ်ပြီးမွေးရခြင်း
ဒါကြောင့်အရင် ကလေးတုန်းကခွဲမွေးထားပြီး နောက်ကလေးမှာ ရိုးရိုးမွေးမယ်ဆိုရင် ဆေးရုံမှာပဲ မွေးသင့်ပါတယ်။ ဒါမှလိုတဲ့အချိန်မှာတန်းပြီး ဗိုက်ခွဲမွေးဖို့၊ သွေးသွင်းဖို့တွေ အဆင်ပြေမှာဖြစ်ပါတယ်။
သားအိမ်ကွဲတဲ့လက္ခဏာတွေကတော့ -
• ကလေးနှလုံးခုန်သံပုံမမှန်ခြင်း
• မိခင်မှာ ဗိုက်နာတာ ပုံမမှန်ခြင်း (သို့) အမာရွတ်နေရာကနာခြင်း
• မီးဖွားဖို့ အဆင့်တက်တာ ပုံမှန်ထက်နှေးခြင်း
• သွေးဆင်းခြင်း
• မိခင်နှလုံးခုန်နှုန်းမြန်ပြီး သွေးပေါင်ကျလာခြင်း တို့ဖြစ်ကြပါတယ်။ သေသေချာချာစောင့်ကြည့်ပြီးတော့ လိုအပ်တဲ့ စောင့်ရှောက်မှုတွေပေးရင်တော့ ဆိုးကျိုးကိုနည်းစေပါတယ်။
(Unicode)
သားအိမျကှဲတဲ့လက်ခဏာတှကေတော့ -






























