/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/အမြွှာကိုယ်ဝန်မှန်း-ဘယ်လိုသိနိုင်မလဲ

အမြွှာကိုယ်ဝန်မှန်း ဘယ်လိုသိနိုင်မလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

          မျိုးရိုးထဲမှာ အမြွှာမွေးဖူးတဲ့သူရှိရင် အမြွှာလေးပိုရနိုင်ချေများပေမယ့် မျိုးရိုးမရှိသော်လည်း အမြွှာမွေးနိုင်ပါတယ်။ ကိုယ်က အမြွှာမျိုးရိုးကိုအစပြုတဲ့မိဘတွေဖြစ်နိုင်ပါတယ်။

          ယခုခေတ်မှာ အာထရာဆောင်းရိုက်ကြည့်လိုက်ရင် အမြွှာလေးရှိမရှိသိနိုင်ပါတယ်။ အရင်တုန်းကတော့ ဒီလိုစက်တွေမပေါ်သေးတော့ မွေးလာတဲ့အချိန်မှပဲ အမြွှာလေးမှန်းသိရပါတယ်။ အမြွှာကလေးတွေက ပုံမှန်ကလေးထက်အရွယ်နည်းနည်းသေးတဲ့အတွက် တစ်ယောက်ထက်ပိုပြီးကိုယ်ဝန်ဆောင်ထားလို့ ဗိုက်ကအရမ်းကြီး ပိုကြီးချင်မှကြီးမှာပါ။ ကိုယ့်ရဲ့ကိုယ်ဝန်က အမြွှာလေးလို့ထင်ရင် ဆေးရုံ၊ဆေးခန်းပြပြီးစစ်ဆေးကြည့်ပါ။

 

 

>> စမ်းသပ်စစ်ဆေးချက်များ

1. ကလေးနှလုံးခုန်သံနားထောင်ခြင်း - ကလေးနှလုံးခုန်သံနားထောင်ပြီး အမြွှာလေးမှန်းမသိနိုင်ဘူးလားဆိုရင် နှလုံးခုန်သံ ၂ ခုကြားချင်မှကြားရမှာပါ။ တစ်ခါတစ်လေမှ သနေ္ဓသားနှလုံးခုန်သံ တစ်သံထက်ပိုပြီးကြားရတယ်လို့ထင်ရပေမယ့် ဒါက နောက်ခံဆူညံတဲ့အသံတစ်ခုခုဖြစ်နိုင်သလို အမေရဲ့နှလုံးခုန်သံကိုကြားနေရတာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် အာထရာဆောင်း (တီဗွီဓာတ်မှန်) လောက်တော့ မသေချာပါဘူး။

 

2. နောက်တစ်မျိုးကတော့ Human Chorionic Gonadotropin ဆိုတဲ့ဟော်မုန်းကို တိုင်းတာပါ။ ဒီဟော်မုန်းကို မိခင်ရဲ့သွေးထဲမှာတွေ့ရပြီးတော့ သနေ္ဓသားတစ်ဦးထဲ ကိုယ်ဝန်ဆောင်ရတာထက်စာရင် တစ်ဦးထက်ပိုပါက ဒီဟော်မုန်း ပိုပြီးမြန်မြန်မြင့်တက်လာပါတယ်။ ဒါကို ကိုယ် ၁၀ ပတ်လောက်ကတည်းကစမ်းလို့ရတဲ့အတွက်အမြွှာကလေးဆိုရင် ကလေးမွေးဖို့ပြင်ဆင်ချိန်အများကြီးရစေပါတယ်။ ချွင်းချက်အနေနဲ့တစ်ခါတစ်လေမှာ သနေ္ဓသားတစ်ဦးတည်းကိုလွယ်ထားရပေမယ့်လည်းမြင့်တက်နေတာမျိုးလည်းရှိတတ်ပေမယ့်လည်း ဒါကကောင်းမွန်တဲ့တိုင်းတာချက်တစ်ခုဖြစ်ပါတယ်။

 

3. ကိုယ်ဝန်ဆောင် ဒုတိယသုံးလပတ်မှာဆိုရင် Alpha-fetoprotein ကိုတိုင်းတာနိုင်ပြီး ဒါက မွေးရာပါချို့တဲ့ခြင်းတွေကိုပါ သိစေနိုင်ပါတယ်။ ဒါကြောင့် ဒီဓာတ်မြင့်တက်နေခြင်းက အမြွှာကိုယ်ဝန်ဆောင်ထားရလို့ဖြစ်နိုင်သလို၊ မွေးရာပါချို့ယွင်းချက်တစ်ခုခုကြောင့်လည်းဖြစ်နိုင်တဲ့အတွက် အာထရာဆောင်းရိုက်ကြည့်ဖို့လိုပါတယ်။ အမြွှာလေးဖြစ်နေတယ်ဆိုရင်တော့ ဒီဓာတ်များနေတာက ချို့ယွင်းချက်ကြောင့်မဟုတ်ဘဲအမြွှာကြောင့်မို့ ကောင်းသတင်းပါ။

 

4. ဆရာဝန်က ကိုယ်ဝန်စမ်းသပ်တဲ့အခါမှာ ပေကြိုးနဲ့ ဆီးစပ်ကနေပြီး ဗိုက်ရဲ့အမြင့်ဆုံးနေရာအထိတိုင်းတာကြည့်ရာမှာ အမြွှာဆိုရင် ကလေးတစ်ယောက်တည်းထက်ပိုပြီး သားအိမ်က ဆန့်နေနိုင်ပါတယ်။ ဒါကတိကျတဲ့လက္ခဏာတော့မဟုတ်ပါဘူး။ ကလေးကြီးနေလို့လည်းဖြစ်နိုင်ပါတယ်။

 

5. မိခင်ရဲ့ကိုယ်အလေးချိန်တက်လာခြင်းကိုလည်း ကလေးအယောက်ရေနဲ့တိုင်းလို့မရပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်နဲ့တစ်ယောက်က ကိုယ်ဝန်ဆောင်ချိန်အတွင်းပြုမူပုံတွေမတူကြတဲ့အတွက် ကိုယ်အလေးချိန်ဘယ်လောက်တက်ရမယ်လို့ တိတိကျကျသတ်မှတ်လို့မရပါဘူး။ တစ်ချို့က ကိုယ်ဝန်ရရင် အရမ်းပျော်ပြီး ကိုယ်အလေးချိန်တက်လာလည်းဂရုမစိုက်ကြသလို တစ်ချိုကကတော့ သူတို့ရဲ့ နဂိုကိုယ်လုံးကိုပြန်မရမှာစိုးတဲ့အတွက် အများကြီးမစားဘဲနေတတ်ပါတယ်။

 

6. ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရတဲ့ပျို့အန်ခြင်းတွေကတော့တကယ်ကို မသက်သာတဲ့ခံစားချက်ပါပဲ။ ဒါကအရမ်းမကြာပေမယ့် ခံစားရတဲ့အချိန်မှာတော့ အရမ်းကိုကြာရှည်တဲ့အချိန်တွေပါ။ ဒီတော့ အမြွှာကိုယ်ဝန်များလွယ်ရရင် ဒီဒုက္ခကို ၂ ဆပိုပြီးခံစားရမလားလု့ိထင်ကြပါတယ်။ အမြွှာကိုယ်ဝန်ဆောင်တွေရဲ့ ၁၅% ကသာပဲ ပျို့အန်ခြင်းတွေကို ပိုပြီးခံစားရတယ်လို့ တွေ့ရှိရပါတယ်။

 

7. နောက်ထပ် မသေချာတဲ့အချက်တစ်ချက်ကတော့ အမြွှာတွေက သနေ္ဓသားတစ်ယောက်တည်းထက်ပိုပြီး စောစောလှုပ်လားဆိုတဲ့အချက်ပါ။ ပုံမှန်အားဖြင့်တော့ သက်ဦးပြီးနောက်ကိုယ်ဝန်တွေက ကလေးစောစောပိုလှုပ်လေ့ရှိပါတယ်။ သက်ဦးကိုယ်ဝန်မှာ ၁၈ ပတ်ကျော်မှ ကလေးစလှုပ်တာကိုခံစားရပေမယ့် နောက်ကိုယ်ဝန်တွေကြရင်တော့ ၁၅ ပတ်လောက်ရောက်တာနဲ့ ကလေးလှုပ်တာကိုခံစားနိုင်ပါတယ်။ အမြွှာဟုတ်ဟုတ်မဟုတ်ဟုတ် ဒါက ပုံမှန်ပါပဲ။

 

8. အရမ်းပင်ပန်းနွမ်းနယ်နေသလို ခံစားရရင်လည်း အမြွှာကိုယ်ဝန်ဖြစ်နိုင်ပါတယ်။ မိခင်ရဲ့ခန္ဓာကိုယ်က အာဟာရတွေကို ကလေးနှစ်ယောက်က ရယူနေတာဖြစ်ပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)