/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကားမောင်းတာကြာလို့-ခါးနာတဲ့အခါ

ကားမောင်းတာကြာလို့ ခါးနာတဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခါးနာတဲ့ဝေဒနာဟာ အသက်ကြီးလာတာနဲ့အမျှ အဖြစ်များလာတဲ့ ပြဿနာဆိုပေမယ့် တစ်နေ့ကို လေးနာရီထက်ပိုပြီး ကားမောင်းရတဲ့သူတွေမှာလည်း ဖြစ်နိုင်ပါသေးတယ်။

ကားမောင်းတဲ့သူတွေ ခါးနာရတာ အကြောင်းရင်းနှစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ထိုင်တဲ့ပုံစံမမှန်လို့ရယ်၊ ပုံစံတစ်မျိုးတည်းမှာပဲ အချိန်အကြာကြီး ထိုင်နေမိလို့ရယ်ကြောင့် ဖြစ်ရတာပါ။

Alaxan IA (1)

ဒါကြောင့် အချိန်အကြာကြီး ကားမောင်းရမယ်ဆိုရင် ခါးမနာအောင် ကာကွယ်ဖို့ ဒီအချက်တွေကို လိုက်နာပေးသင့်ပါတယ်။

●  ခါးကို ၁၀၀ သို့ ၁၁၀ ဒီဂရီလောက်စောင်းပြီး နောက်ကိုမှီထိုင်ပေးပါ။ ရှေ့ကို အရမ်းကိုင်းတာ၊ နောက်ကို အရမ်းမှီတာမျိုး မလုပ်ပါနဲ့။
●  စတီယာတိုင်နဲ့ ထိုင်ခုံကို မနီးမဝေးအကွာအဝေးရှိအောင် ချိန်ပေးပါ။
●  နောက်ကြည့်မှန်၊ ဘေးမှန်တွေကို ခါးစောင်းပြီးကြည့်ဖို့မလိုအောင် သေချာချိန်ထားပါ။
●  အချိန်အကြာကြီး ကားမောင်းရမယ်ဆိုရင် ၂-၃ နာရီမောင်းပြီးတိုင်းမှာ ခဏနားပြီး လမ်းလျှောက်ပေးပါ၊ အကြောလျှော့ပေးပါ။
●  ကားပေါ်ကို ပစ္စည်းတင်ဖို့ရှိရင် ခါးမကုန်းဘဲ ဒူးကွေးပြီးတော့ ပစ္စည်းကို မ,တင်ပေးပါ။

Alaxan IA (2)

အကယ်၍ ခါးနာလာတဲ့အခါ သက်သာစေဖို့ အိုင်ဗျူပရိုဖန်ပါဝင်တဲ့ Alaxan လိုမျိုး အကိုက်အခဲပျောက်ဆေးတွေကို သောက်သုံးပေးလို့ရပါတယ်။ ဒါပေမဲ့ ဆေးသောက်ပြီး အနားယူတာတောင် ခါးနာမသက်သာရင် ဆရာဝန်နဲ့ပြသဖို့ လိုအပ်သလို ခါးနာတာအပြင် -
●  ရောင်ရမ်းမှုရှိရင်
●  ဖျားရင်
●  ဆီး၊ ဝမ်း မထိန်းနိုင်ရင်
●  အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျသွားရင်
●  မျိုးပွားအင်္ဂါနဲ့ တင်ပါးပတ်ပတ်လည်မှာ ထုံတာ၊ ကျဉ်တာရှိရင်
●  ထိခိုက်ဒဏ်ရာရပြီးမှ ခါးနာတယ်ဆိုရင်

ဒီအချက်တွေရှိရင်လည်း ဆရာဝန်နဲ့ ပြသပေးသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)