ကိုယ်နေဟန်ထား မမှန်ခြင်းကြောင့်ဖြစ်တဲ့ ခါးနာတာကို သက်သာစေမယ့် နည်းလမ်းများ
ခါးနာဝေဒနာဟာ လူကြီးလူငယ်မရွေး ခံစားရနိုင်တဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ်။ ကိုယ်နေဟန်ထားမမှန်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဒေါက်ဖိနပ်အစီးများခြင်း၊ ခါးအပေါ်တွင် ဖိအားသက်ရောက်မှုများခြင်း၊ ကိုယ်တွင်းကလီစာများ ရောင်ရမ်းခြင်း အစရှိသော ရောဂါအမျိုးမျိုးတို့တွင် ခါးနာဝေဒနာကိုပါ ခံစားရတတ်ပါတယ်။ ရောဂါကြောင့်မဟုတ်ဘဲ ကိုယ်နေဟန်ထားကြောင့်ဖြစ်တဲ့ ခါးနာခြင်းကတော့ နေထိုင်မှုပုံစံပြောင်းလဲလိုက်ခြင်းဖြင့် သက်သာအောင် ပြုလုပ်လို့ရပါတယ်။
1. အိပ်စက်မှုပုံစံ ပြောင်းလဲပေးပါ။
ခါးနာဝေဒနာ သက်သာအောင် ပျော့ပျော့အိအိ အိပ်ရာထက် မာသောအိပ်ရာကိုသာ ရွေးချယ်ပါ။ ခါးပေါ်တွင် ဖိအားသက်ရောက်မှု လျော့နည်းစေရန် ဒူးကွေး၍ ဒူးနှစ်ခုကြားတွင် ခွခေါင်းအုံးထားပြီး အိပ်ပါ။
2. ကိုယ်နေဟန်ထား မှန်ကန်ပါစေ။
မှားယွင်းတဲ့ ကိုယ်နေဟန်ထားက ကြွက်သားမညီမျှမှုကို ဖြစ်စေပြီး ကျောရိုးမကြီးရဲ့ အချို့သောနေရာတွေမှာ ဖိအားသက်ရောက်မှုကို ဖြစ်ပေါတယ်။ သက်သောင့်သက်သာနဲ့ မတ်မတ်နေပါ။ မတ်မတ်ရပ်တဲ့အခါ ရင်ဘတ်ကို ဖွင့်ထားပါ။ လက်ပြင်မကိုင်းအောင် ဂရုစိုက်ပါ။ မှန်ကန်တဲ့ ကိုယ်နေဟန်ထားရှိခြင်းဖြင့် သဘာဝအားဖြင့် တည်ရှိနေတဲ့ ကျောရိုးမအကွေး (လည်ပင်း၊ ခါးအပေါ်ပိုင်းနှင့် ခါးအောက်ပိုင်းရှိ အကွေးတွေ) ကို ပုံမှန်အတိုင်းရှိနေအောင် ထိန်းထားနိုင်မှာဖြစ်တာကြောင့် ကြွက်သားတွေအပေါ်ကို ဖိအားသက်ရောက်မှုနည်းစေပြီး နာကျင်မှုကို လျော့ကျစေပါတယ်။
3. အလေးမချိန်တွင် ဂရုစိုက်ပါ။
လေးပင်သောပစ္စည်းများကို မ’ မည်ဆိုပါက ခါးအစား ဒူးနှင့် တင်ပါးကို အသုံးပြု၍ မ’ ပါ။ ဒူးကွေးဆောင့်ကြောင့်ထိုင်ပြီး မ’ ပါ။ မမှီတဲ့ပစ္စည်းဖြစ်ပါက ကုလားထိုင်/ခွေးခြေအသုံးပြုပါ။ အလေးမတဲ့ ပုံစံမမှန်ခြင်းက ခါးရိုးဆစ်တစ်ခုနှင့် တစ်ခုကြားရှိ (အရိုးနုချပ်ပြား (Intervertebral Discs) တွေပေါ်မှာ ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ဖြစ်စေပါတယ်။
Alaxan IA (1)
4. ဖိနပ်အပါးကို တစ်ခါတလေသာ စီးပါ။
ဒေါက်အမြင့်သာမက ဖိနပ်အပါးကို တစ်ချိန်လုံး စီးခြင်းကလည်း ခါးနာခြင်းကို ဖြစ်စေပါတယ်။ ဖိနပ်အပါး စီးထားခြင်းကြောင့် လမ်းလျှောက်လိုက်တိုင်း ခြေထောက်က အတွင်းဘက်ကို လိမ့်သွားတာကြောင့် ဒူး၊ တင်ပါးနှင့် ခါးအောက်ပိုင်းတို့တွင် ပုံမှန်မဟုတ်တဲ့ ဖိအားများ ဖြစ်ပေါ်စေပြီး ခါးနာစေပါတယ်။
5. အချိန်အကြာကြီး ထိုင်ပြီး အလုပ်မလုပ်ပါနှင့်။
အညောင်းဆန့်ခြင်း၊ လမ်းလျှောက်ခြင်းတို့ကို မိနစ် 30 မှာ တစ်ခါ ပြုလုပ်ပေးပါ။ ကြာရှည်စွာထ ိုင်မယ်ဆိုပါက တင်ပါးနှင့် ကျောကို နောက်မှီမှာ ထိထားပြီး မတ်မတ်ထိုင်ပါ။
6. ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးပါ။
ကြွက်သားနှင့် ကျောရိုးမတစ်လျှောက် သန်မာစေတဲ့ လေ့ကျင့်ခန်းတွေကို ရိုးရိုးလေ့ကျင့်ခန်းများနှင့် ပေါင်းစပ်ပြုလုပ်ခြင်းက ခန္ဓာကိုယ်လှုပ်ရှားမှုပြုလုပ်ရာမှာ အဓိကကျတဲ့ ကြွက်သားများနှင့် ဟန်ချက်ညီစေရန်ကူညီပေးတဲ့ ကြွက်သား ၂ မျိုးစလုံးကို သန်မာစေတာကြောင့် ခါးနာဝေဒနာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
Alaxan IA (2)
(Zawgyi)
ခါးနာေဝဒနာဟာ လူႀကီးလူငယ္မေ႐ြး ခံစားရႏိုင္တဲ့ ေဝဒနာတစ္ခု ျဖစ္ပါတယ္။ ကိုယ္ေနဟန္ထားမမွန္ျခင္း၊ ထိခိုက္ဒဏ္ရာရျခင္း၊ ေဒါက္ဖိနပ္အစီးမ်ားျခင္း၊ ခါးအေပၚတြင္ ဖိအားသက္ေရာက္မႈမ်ားျခင္း၊ ကိုယ္တြင္းကလီစာမ်ား ေရာင္ရမ္းျခင္း အစရွိေသာ ေရာဂါအမ်ိဳးမ်ိဳးတို႔တြင္ ခါးနာေဝဒနာကိုပါ ခံစားရတတ္ပါတယ္။ ေရာဂါေၾကာင့္မဟုတ္ဘဲ ကိုယ္ေနဟန္ထားေၾကာင့္ျဖစ္တဲ့ ခါးနာျခင္းကေတာ့ ေနထိုင္မႈပုံစံေျပာင္းလဲလိုက္ျခင္းျဖင့္ သက္သာေအာင္ ျပဳလုပ္လို႔ရပါတယ္။
1. အိပ္စက္မႈပုံစံ ေျပာင္းလဲေပးပါ။
ခါးနာေဝဒနာ သက္သာေအာင္ ေပ်ာ့ေပ်ာ့အိအိ အိပ္ရာထက္ မာေသာအိပ္ရာကိုသာ ေ႐ြးခ်ယ္ပါ။ ခါးေပၚတြင္ ဖိအားသက္ေရာက္မႈ ေလ်ာ့နည္းေစရန္ ဒူးေကြး၍ ဒူးႏွစ္ခုၾကားတြင္ ခြေခါင္းအုံးထားၿပီး အိပ္ပါ။
2. ကိုယ္ေနဟန္ထား မွန္ကန္ပါေစ။
မွားယြင္းတဲ့ ကိုယ္ေနဟန္ထားက ႂကြက္သားမညီမွ်မႈကို ျဖစ္ေစၿပီး ေက်ာ႐ိုးမႀကီးရဲ႕ အခ်ိဳ႕ေသာေနရာေတြမွာ ဖိအားသက္ေရာက္မႈကို ျဖစ္ေပါတယ္။ သက္ေသာင့္သက္သာနဲ႔ မတ္မတ္ေနပါ။ မတ္မတ္ရပ္တဲ့အခါ ရင္ဘတ္ကို ဖြင့္ထားပါ။ လက္ျပင္မကိုင္းေအာင္ ဂ႐ုစိုက္ပါ။ မွန္ကန္တဲ့ ကိုယ္ေနဟန္ထားရွိျခင္းျဖင့္ သဘာဝအားျဖင့္ တည္ရွိေနတဲ့ ေက်ာ႐ိုးမအေကြး (လည္ပင္း၊ ခါးအေပၚပိုင္းႏွင့္ ခါးေအာက္ပိုင္းရွိ အေကြးေတြ) ကို ပုံမွန္အတိုင္းရွိေနေအာင္ ထိန္းထားႏိုင္မွာျဖစ္တာေၾကာင့္ ႂကြက္သားေတြအေပၚကို ဖိအားသက္ေရာက္မႈနည္းေစၿပီး နာက်င္မႈကို ေလ်ာ့က်ေစပါတယ္။
3. အေလးမခ်ိန္တြင္ ဂ႐ုစိုက္ပါ။
ေလးပင္ေသာပစၥည္းမ်ားကို မ’ မည္ဆိုပါက ခါးအစား ဒူးႏွင့္ တင္ပါးကို အသုံးျပဳ၍ မ’ ပါ။ ဒူးေကြးေဆာင့္ေၾကာင့္ထိုင္ၿပီး မ’ ပါ။ မမွီတဲ့ပစၥည္းျဖစ္ပါက ကုလားထိုင္/ေခြးေျခအသုံးျပဳပါ။ အေလးမတဲ့ ပုံစံမမွန္ျခင္းက ခါး႐ိုးဆစ္တစ္ခုႏွင့္ တစ္ခုၾကားရွိ (အ႐ိုးႏုခ်ပ္ျပား (Intervertebral Discs) ေတြေပၚမွာ ဆိုးဝါးတဲ့ သက္ေရာက္မႈေတြ ျဖစ္ေစပါတယ္။
4. ဖိနပ္အပါးကို တစ္ခါတေလသာ စီးပါ။
ေဒါက္အျမင့္သာမက ဖိနပ္အပါးကို တစ္ခ်ိန္လုံး စီးျခင္းကလည္း ခါးနာျခင္းကို ျဖစ္ေစပါတယ္။ ဖိနပ္အပါး စီးထားျခင္းေၾကာင့္ လမ္းေလွ်ာက္လိုက္တိုင္း ေျခေထာက္က အတြင္းဘက္ကို လိမ့္သြားတာေၾကာင့္ ဒူး၊ တင္ပါးႏွင့္ ခါးေအာက္ပိုင္းတို႔တြင္ ပုံမွန္မဟုတ္တဲ့ ဖိအားမ်ား ျဖစ္ေပၚေစၿပီး ခါးနာေစပါတယ္။
5. အခ်ိန္အၾကာႀကီး ထိုင္ၿပီး အလုပ္မလုပ္ပါႏွင့္။
အေညာင္းဆန႔္ျခင္း၊ လမ္းေလွ်ာက္ျခင္းတို႔ကို မိနစ္ 30 မွာ တစ္ခါ ျပဳလုပ္ေပးပါ။ ၾကာရွည္စြာထ ိုင္မယ္ဆိုပါက တင္ပါးႏွင့္ ေက်ာကို ေနာက္မွီမွာ ထိထားၿပီး မတ္မတ္ထိုင္ပါ။
6. ကိုယ္လက္လႈပ္ရွားမႈ ပုံမွန္ျပဳလုပ္ေပးပါ။
ႂကြက္သားႏွင့္ ေက်ာ႐ိုးမတစ္ေလွ်ာက္ သန္မာေစတဲ့ ေလ့က်င့္ခန္းေတြကို ႐ိုး႐ိုးေလ့က်င့္ခန္းမ်ားႏွင့္ ေပါင္းစပ္ျပဳလုပ္ျခင္းက ခႏၶာကိုယ္လႈပ္ရွားမႈျပဳလုပ္ရာမွာ အဓိကက်တဲ့ ႂကြက္သားမ်ားႏွင့္ ဟန္ခ်က္ညီေစရန္ကူညီေပးတဲ့ ႂကြက္သား ၂ မ်ိဳးစလုံးကို သန္မာေစတာေၾကာင့္ ခါးနာေဝဒနာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။






























