/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက-ကိုယ်ခံအားကို-တိုးစေနိုင်သလား

ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက ကိုယ်ခံအားကို တိုးစေနိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ချောင်းဆိုး၊ အအေးမိနေပြန်ပြီလား? တစ်ချိန်လုံး အားအင်နည်းပါးနုံးချိနေပြီလား? နေ့တိုင်းလမ်းလျှောက်ပေးတာ၊ တစ်ပတ်ကို ရက်အနည်းငယ်စီ လေ့ကျင့်ခန်း ရိုးရိုးရှင်းရှင်းလေးတွေ လုပ်ပေးတာမျိုးက ဒါတွေကို သက်သာစေပါလိမ့်မယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပြီး အရိုးတွေကို ကျန်းမာကြံ့ခိုင်စေနိုင်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ်ခံအားကိုရော ကောင်းစေသလား ကြည့်ကြရအောင်နော် ...

ImmunPro 2022 IA 1

●  ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက အဆုတ်နဲ့အသက်ရှူလမ်းကြောင်းကနေ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးရာမှာ အကူအညီပေးပါတယ်။ အအေးမိ၊ တုပ်ကွေးနဲ့ အခြားရောဂါဘယတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

●  လေ့ကျင့်ခန်းပြုလုပ်ခြင်းက အင်တီဘော်ဒီ နဲ့ ရောဂါတွေကို တိုက်ထုတ်ပေးမယ့် ကိုယ်ခန္ဓာရဲ့ ခုခံအားဆဲလ်တွေဖြစ်တဲ့ သွေးဖြူဥတွေရဲ့ သွေးထဲလှည့်လည်နှုန်း ပိုမိုမြန်ဆန်လာပြီး ရောဂါပိုးမွှားတွေကို ပိုမိုမြန်ဆန်စွာ ရှာဖွေဖော်ထုတ်လာနိုင်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေက ရောဂါပိုးမွှားတွေကို တကယ်ကာကွယ်တားဆီး နိုင်၊ မနိုင်တော့ မပြောနိုင်သေးပါဘူး။

●  လေ့ကျင့်ခန်းလုပ်နေချိန်နဲ့ လုပ်ပြီးပြီးချင်းအချိန်မှာ ကိုယ်တွင်းအပူချိန် မြင့်တက်လာခြင်းက ဘက်တီးရီးယားပွားခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဒီနည်းအားဖြင့် ရောဂါပိုးမွှားတွေကိုလည်း ပိုမိုတိုက်ဖျက်နိုင်ပါတယ်။

●  လေ့ကျင့်ခန်းပြုလုပ်ခြင်းက ဖိစီးမှုဟော်မုန်းထွက်နှုန်းကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဖိစီးမှုများခြင်းက ရောဂါဘယဖြစ်နှုန်းကို ပိုများစေနိုင်တာကြောင့် ဖိစီးမှုဟော်မုန်းကို လျှော့ချပေးခြင်းဖြင့် ရောဂါဘယတွေကို တားဆီးပေးနိုင်ပါတယ်။

ImmunPro 2022 IA 2

လေ့ကျင့်ခန်းပြုလုပ်ခြင်းက ပိုမိုကျန်းမာလာစေပြီး ခွန်အားတွေ ပြည့်ဝစေလာနိုင်ပါတယ်။ ပိုပြီးလည်း နေကောင်းလာစေနိုင်ပါတယ်။ ဒီလိုကိုယ်လက်လှုပ်ရှားမှုအပြင် အစားအသောက် မှန်ကန်စွာစားခြင်း၊ အိပ်ရေးဝဝ အိပ်စက်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းနဲ့ ကိုယ်ခံအားမြှင့်တင်ပေးတဲ့ ဖြည့်စွက်စာတွေ စားသုံးပေးခြင်းဖြင့် ကိုယ်ခံအားကို အားကောင်းစေပြီး ရောဂါဘယတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)