/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်ဝန်ဆောင်ခြင်းနှင့်ပတ်သက်သော-အံ့သြသင့်ဖွယ်ရာအချက်များ

ကိုယ်ဝန်ဆောင်ခြင်းနှင့်ပတ်သက်သော အံ့သြသင့်ဖွယ်ရာအချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. ကိုယ်ဝန်ဆောင်ကာလကို တစ်နှစ််ကျော်ခန့် ဖြတ်သန်းဖူးသူရှိခြင်း

          အများအားဖြင့် ကိုယ်ဝန်ဆောင်ကာလမှာ 9 လခန့်ဖြစ်၍ ထို့ထက်ကျော်လွန်ပါက ဆရာဝန်များသည် ကလေးမွေးစေရန် ဆေးများသွင်းပေးပါတယ်။ သို့ရာတွင် တစ်နှစ်ခန့်ကြာအောင် ကိုယ်ဝန်ဆောင်တာလည်းဖြစ်နိုင်ပါသေးတယ်။ ကမ်ဘာအကြာရှည်ဆုံးကိုယ်ဝန်ဆောင်ကာလမှာ 375 ရက်ဖြစ်ပြီး ကလေးမှာ 7 ပေါင်ခန့်သာရှိကြောင်း အံ့အားသင့်ဖွယ်တွေ့ရှိရပါတယ်။

2. မွေးဖွားပြီးနောက်တွင် မွေးလမ်းကြောင်းကိုပြန်ချုပ်ရန်လိုအပ်ခြင်း

          အမျိုးသမီးအများစုသည် မိန်းမကိုယ်တွင်းချုပ်ရိုးရှိမှာကိုမလိုလားကြသော်လည်း 10 ယောက်မှာ 9 ယောက်လောက်က ကလေးမွေးဖွားစဉ် မိန်းမကိုယ်စုတ်ပြဲခြင်းများဖြစ်တတ်ကြပါတယ်။ အချို့စုတ်ပြဲခြင်းတွေဟာ ချုပ်ရိုးအနည်းငယ်သာလိုအပ်ပေမယ့်လည်း အချို့ကတော့ စအိုဝရောက်သည်အထိပြင်းထန်ပါတယ်။ အချို့ဆိုလျှင် စအိုကိုကျော်၍ ကြွက်သားများကိုပါထိခိုက်သည်ထိ ဆိုးရွားနိုင်ပါတယ်။ ဒါပေမယ့်လည်း အဲလိုဖြစ်စဉ်မျိုးတွေဟာ ရှားပါးလေ့ရှိပြီး အမျိုးသမီး 100 လျှင် 1 ယောက်သာဖြစ်လေ့ရှိပါတယ်။

3. မွေးဖွားစဉ် ဝမ်းထွက်ကျခြင်း

          ကလေးမွေးဖွားစဉ် ဝမ်းသွားခြင်းဟာအလွန်ပင်ဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ကလေးမွေးဖွားဖို့ ညှစ်ရတဲ့ကြွက်သားတွေဟာ ဝမ်းသွားလိုပါက အသုံးပြုရတဲ့ကြွက်သားနဲ့အတူတူပဲဖြစ်တဲ့အပြင် သနေ္ဓသားလောင်းဟာလည်း အူမကြီးကိုတွန်းတာကြောင့် စအိုဝနားမှာရှိတဲ့ ဝမ်းတွေဟာ ထွက်ကျလာခြင်းဖြစ်ပါတယ်။

4. ကိုယ်၀န်ဆောင်ချိန်အတွင်း အသားအရည်ပိုမိုကြည်လင်တောက်ပလာခြင်း

          လူအများစုကတော့ မိခင်လောင်းတစ်ဦးဖြစ်၍ စိတ်လှုပ်ရှားခြင်းကြောင့်ဟုဆိုပေမယ့်လည်း အသားအရည်ပိုမိုလှပတာတော့ အမှန်ပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း ခန္ဓာကိုယ်တွင်းသွေးပမာဏသည် 50% ပိုများလာတာကြောင့် အရေပြားအချို့နေရာများ (ဥပမာ - ပါးမို့) တွင် ပို၍နီရဲလာစေပါတယ်။

          ထို့ပြင်ဟော်မုန်းတွေဟာ အဆီဂလင်းတွေပို၍ လှု့ံဆော်ပေးတာကြောင့် ပို၍နူးညံ့ပြီး တောက်ပသောအသွင်အပြင်ကို ရရှိစေနိုင်ပါတယ်။ သွေးစီးဆင်းမှုမြင့်မားခြင်းနဲ့ တောက်ပခြင်းတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကြည်လင်တဲ့အသားအရည်ကို ဖြစ်စေနိုင်ပါတယ်။

5. အနံ့ခံအာရုံပိုမိုကောင်းမွန်လာခြင်း

          ကိုယ်ဝန်ဆောင်ကာလအတွင်း အနံ့ခံအာရုံသာမက အရသာခံအာရုံပါ ပိုမိုကောင်းမွန်လာပါတယ်။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ထိုကဲ့သို့ဖြစ်ရခြင်းဟာ လူကြီး၌အန္တရာယ်မရှိသော်လည်း ကလေးကိုထိခိုက်စေနိုင်တဲ့ အဆိပ်အတောက်တွေကိုရှောင်ရှားစေနိုင်ဖို့ဖြစ်တယ်လို့သိရပါတယ်။ အထူးသဖြင့် ဆေးလိပ်၊ အရက်နဲ့ ကော်ဖီတွေကို ဖြစ်တာကြောင့် ဒီအယူအဆဟာမှန်တယ်လို့ ဆိုနိုင်ပါတယ်။

6. ကလေးမွေးပြီးတဲ့အချိန်အထိ ကြွက်သားများ ဆက်ညှစ်နေခြင်း

          မိခင်အများစုတွင် ကလေးမွေးပြီး ရက်အနည်းငယ်ကြာသည့်တိုင်အောင် ကြွက်သားညှစ်ခြင်း ဆက်လက်ဖြစ်ပေါ်နေပါတယ်။ ကြွက်သား ညှစ်ခြင်းသည် သွေးထွက်များခြင်းကို ဟန့်တားနိုင်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

7. နှစ်ယောက်စာ စားရန်မလိုခြင်း

          ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ကျန်းမာသန်စွမ်းတဲ့ကလေးငယ်ကို မွေးဖွားနိုင်ဖို့အတွက် ကိုယ်အလေးချိန်တိုးအောင်စားရန်လိုအပ်တယ်လို့ ကောလဟာလတွေရှိကြပေမယ့်လည်း အမှန်တော့အမျိုးသမီးအများစုအတွက် တစ်နေ့လျှင် ကယ်လိုရီ 300 ခန့်သာ ပိုမိုလိုအပ်ပါတယ်။ ဒါဟာဘာနဲ့ညီမျှလဲဆိုတော့ ပေါင်မုန့်အဝိုင်းတစ်ခြမ်းနဲ့ ဒိန်ချဉ်တစ်ခွက်စာပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်များသည် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် 25 ပေါင်ခန့်သာမြင့်တက်ရန်လိုအပ်ပါတယ်။ ဒါကြောင့် ဗိုက်ဝနေပေမယ့်လည်း အနည်းငယ်ကြိုးစားပြီး ပိုစားလိုက်ခြင်းဖြင့်ပင် လုံလောက်ပါတယ်။

8. ခြေထောက်တွေဟာ ဖိနပ်ဆိုဒ်တစ်ခုစာပိုမိုကြီးလာခြင်း

          25 ပေါင်လောက်သာတက်လာခြင်းကို ဘာကြောင့်ခြေထောက်တွေက ဒီလောက်ကြီးလာရသလဲဆိုတာ အံ့သြနေကြပေလိမ့်မယ်။ ကိုယ်ဝန်ဆောင်စဉ်တွင် အရွတ်တွေတင်းရင်းခြင်းကို ခန္ဓာကိုယ်မှစတင်လျော့ရဲစေခြင်းဖြင့် မွေးဖွားရလွယ်ကူအောင်ကူညီပေးပါတယ်။ အလားတူစွာခြေထောက်တွေဟာလည်း ပိုပြားလာပြီး ဘေးဘက်ကိုပိုကျယ်လာပါတယ်။ ဒီလိုဖြစ်စဉ်ဟာ အများအားဖြင့် ခဏတာသာဖြစ်ပေမယ့်လည်း တခါတရံမှာတော့ ခြေထောက်တွေဟာ ပြန်မသေးတော့တာမျိုးလည်း တွေ့ရပါတယ်။

9. ဖခင်လောင်းမှာလည်း ကိုယ်ဝန်ဆောင်လက္ခဏာများတွေ့ခြင်း

          တချို့ဖခင်လောင်းတွေအတွက် ထူးဆန်းတာကတော့ ကိုယ်အလေးချိန်တက်လာခြင်း၊ မနက်ပိုင်းတွင်မူးဝေအော့အန်ခြင်းနဲ့ ဝမ်းဗိုက်အောက်ပိုင်းအောင့်ခြင်း စတာတွေကိုခံစားရစေပါတယ်။ ဒီအခြေအနေကို Couvade Syndrome လို့ လူသိများကြပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com