/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကိုယ်အလေးချိန်-မကျနိုင်-ဖြစ်နေတာက-သိုင်းရွိုက်ကြောင့်လည်း

ကိုယ်အလေးချိန် မကျနိုင် ဖြစ်နေတာက သိုင်းရွိုက်ကြောင့်လည်း ဖြစ်နိုင်တယ်နော်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သိုင်းရွိုက်ပြဿနာ အတော်များများက သတိမမူမိဘဲ ဖြစ်တတ်ပေမယ့်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားဖို့ရာမှာလည်း သိုင်းရွိုက်ကောင်းကောင်းလုပ်ဖို့က အဓိကသော့ချက်ပါ။

          သိုင်းရွိုက်ဂလင်းက ကယ်လိုရီတွေကို ဘယ်လောက်များ ကောင်းကောင်း လောင်ကျွမ်းနိုင်မလဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း ဆိုတာကတော့ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်ပေးတဲ့ အဓိကဟော်မုန်းပါ။

          သိုင်းရွိုက်ပြဿနာတွေက ရောဂါမသိတာများပြီးတော့ ဒီလိုဖြစ်စေတဲ့ အကြောင်းတွေကလည်း ရှိပါတယ်။ အများအားဖြင့်က သိုင်းရွိုက်ကျန်းမာရေးကို စစ်တော့မယ်ဆိုရင် TSH ဆိုတဲ့ ဟော်မုန်းတစ်မျိုးပဲ စစ်တာများပြီးတော့ ဒါက မလုံလောက်ပါဘူး။

          အမှန်က Free T3, free T4, reverse T3, thyroid antibodies thyroid peroxidase, thyroglobulin စတာတွေကိုလည်း စစ်ဖို့ လိုပါတယ်။

          ဒီတော့ ကိုယ်အလေးချိန်တွေ တက်လာတယ်၊ ဝိတ်လျှော့ဖို့ ကြိုးစားပေမယ့်လည်း အကြောင်းအရင်းမရှိဘဲ ဝိတ်ကမကျဖြစ်နေတယ်ဆိုရင် သိုင်းရွိုက်နဲ့ဆိုင်တာ စစ်ဖို့ လို၊ မလို ဆရာ၀န်နဲ့ တိုင်ပင်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)