ကီဝီသီးဖျော်ရည် သောက်ကြမယ်
သေးသေးလေးနဲ့ အရသာရှိတဲ့ ကီဝီသီးဟာ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများပါတယ်။ ကီဝီသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ -
1. နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
2. ခန္ဓာကိုယ်က သံဓာတ် စုပ်ယူမှုကို အားပေးတဲ့အတွက် သံဓာတ်အားနည်းခြင်း၊ သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
3. ဗီတာမင်အေ ပါဝင်တဲ့အတွက် မျက်စိရောဂါအများစုကို ကာကွယ်ပေးပါတယ်။
4. အစာအိမ်ထဲမှ ပိုးမွှားများကို ချေဖျက်နိုင်တဲ့အတွက် အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။
5. ကီဝီသီးမှာ ကိုယ်ဝန်ဆောင်တွေအတွက် လိုအပ်တဲ့ဗီတာမင်တွေ ပြည့်ဝစွာ ပါဝင်တဲ့အတွက် မိခင်လောင်းတို့စားဖို့ အသင့်တော်ဆုံးသစ်သီး ဖြစ်ပါတယ်။
6. အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးသလို အရွယ်တင်နုပျိုမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။
7. ရောဂါပိုးများ ရောင်ရမ်းမှုများမှ ကာကွယ်ပေးလို့ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါတယ်။
8. အချိုဓာတ် နည်းပါးသည့်အပြင် အဆီကျစေသောကြောင့် ဆီးချိုသမားတို့အတွက်လည်း သင့်တော်ပါတယ်။ ဒိန်ချဉ်စားတဲ့အခါ ကီဝီသီးစိတ်လေး တင်စားကြည့်ပါ။
9. ကီဝီသီးမှာ ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ဓာတ်တွေလည်း အများကြီး ပါဝင်ပါတယ်။
10. အဆီကျစေခြင်း၊ သွေးကျဲစေခြင်းတို့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
Dr. Zero (www.drmyanmar.com)






























