/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကော်ဖီ-နဲ့-ပါရာစီတမော-တွဲသောက်လို့-ရလား

ကော်ဖီ နဲ့ ပါရာစီတမော တွဲသောက်လို့ ရလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            ကော်ဖီနဲ့ paracetamol တွဲသောက်ရင် အသည်းကို ပျက်စီးစေတယ်လို့ ဆိုနေကြပေမယ့် သေချာစမ်းသပ်လေ့လာမှုတွေ ပြုလုပ်ကြည့်တဲ့အခါ ကော်ဖီ အခွက် ၂၀ လောက်နဲ့ ညီမျှတဲ့ ကဖင်းဓာတ်သောက်မှသာလျှင် အသည်းကိုထိခိုက်စေတဲ့ အဆိပ်ဓာတ်တွေကို ထွက်လာစေတယ်လို့ တွေ့ရှိရပါတယ်။ ဒီလို ကော်ဖီ အများကြီးသောက်တတ်တဲ့သူဆိုရင် အကိုက်အခဲပျောက်ဆေးတွေ သောက်တဲ့အခါ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်ပါ။

            ပုံမှန် ကော်ဖီအတော်အသင့် သောက်သူတွေအတွက် ဘာမှမဖြစ်ပါဘူး။ Paracetamol ကိုလည်း ညွှန်ကြားထားတဲ့အတိုင်း သောက်နိုင်ပါတယ်။

            ဒါကြောင့် paracetamol ကို သောက်သင့်တဲ့ဆေးပမာဏပဲ သောက်မယ်ဆိုရင် ကော်ဖီ (သို့) ကဖင်းဓာတ်ပါတဲ့ အချိုရည်တွေနဲ့ တွဲသောက်လို့ ရပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။

            ဒါ့အပြင် paracetamol က ibuprofen, aspirin စတဲ့ အကိုက်အခဲပျောက်ဆေးတွေထက် အစာအိမ်ကို ထိခိုက်နိုင်တဲ့ အန္တရာယ် ပိုနည်းတဲ့အတွက် အသည်းမကောင်းတဲ့သူတွေကလွဲရင် paracetamol ကို စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။

            တချို့ဆေးတွေမှာဆိုရင် ဆေးထဲမှာတင် တခါတည်း ကဖင်းနဲ့ acetaminophen တွဲပြီး ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် ကဖင်းဓာတ်က အကိုက်အခဲပျောက်ကင်းမှုကို ပိုမိုအားကောင်းစေတဲ့ အတွက် ညွှန်ကြားတဲ့အတိုင်း သောက်မယ်ဆိုရင် စိတ်ချရပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)