ကျစ်ကျစ်လျစ်လျစ် လှချင်သူတွေအတွက် အကြံကောင်းလေးတွေ ...
ပိန်လွန်းလို့ ကြေကွဲနေရသူတွေ ပျိုပျိုမေတို့ ပိန်လည်းမပိန် ၀လည်းမ၀ ကျစ်ကျစ်လေးနဲ့ ဘာ၀တ်၀တ် ဆွဲဆောင်မှု ရှိနေစေဖို့ ဘာစလုပ်ရင် ကောင်းမလဲ ...
တကယ်တော့ ပိန်တာထက် ကြံ့ခိုင်ပြီး မာတဲ့အသွင်ဟာ ပိုဆွဲဆောင်မှု ရှိပါတယ်။ ပိန်တဲ့မိန်းကလေးတွေ လေ့ကျင့်ခန်း များများလုပ်ပါ။ ချွေးတွေ ထွက်လာပြီး သွေးလည်ပတ်မှု ကောင်းလာတာကြောင့် အသားအရေ ဝင်းပစိုပြေလာတာက လက်ငင်းရမယ့်ကောင်းကျိုး ဖြစ်ပါတယ်။ ပိုပိန်မသွားပါဘူးနော်။ သူ့နေရာနဲ့သူ လှပကြွရွတက်လာမှာ ဖြစ်ပါတယ်။
ရေများများ သောက်ပါ။ ပထမတစ်ရက်ကို ရေသန့်ဘူးအသေးနဲ့ အသောက်ကျင့်ပါ။ ပြီးမှ ဖြည့်ဖြည်းချင်း ရေသန့်ဘူးကြီး တစ်ဘူးမှ တစ်ဘူးခွဲထိ သောက်နိုင်အောင် ကျင့်ရမှာ ဖြစ်မှာတယ်။ ရေသောက်လေလေ အသားအရေ ကြည်လာလေလေပါပဲ။ ပိန်ပေမယ့် အသားအရေလေးက ၀င်းပစိုပြေနေရင် တစ်မျိုးကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။
မိမိစားတဲ့အစားအစာကို ကယ်လိုရီ တွက်ချက်ပါ။ အသီးအနှံ အသားငါးကို နေ့စဉ် အစားအသောက်ထဲမှာ ပါဝင်အောင် မျှတစားသုံးပေးရမှာ ဖြစ်ပါတယ်။ ပေါင်မုန့်၊ အမဲသား၊ ကြက်ပေါင်၊ ကြက်ဥ၊ ငါး နဲ့ ပဲ တွေဟာ ခန္ဓာကိုယ် ကြီးထွားစေတဲ့ ပရိုတင်းဓာတ်တွေ ပါတာမို့ နေ့စဉ်စားပေးသင့်ပါတယ်။
နွားနို့လည်း သောက်သင့်ပါတယ်။ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်တော့ လျှော့သင့်ပါတယ်။ အစားနဲ့ လေ့ကျငိ့ခန်း တွဲခြင်းအားဖြင့် ဝမ်းမီးကောင်းလာပြီး ပိုစားနိုင်လာမှာ ဖြစ်ပါတယ်။
အဆီစုပြီး ဖောင်းအစ်လာတာနဲ့ ကြွက်သား တိုးတက်ကြီးထွားလာပြီး ကျစ်လျစ်လာတာ မတူပါဘူး။ ၀ချင်လို့ အဆီအဆိမ့် တွန်းစားတာက ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အယူအဆ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























