ကျန်းမာစေဖို့ နည်းလမ်းကောင်းများ
တော်တော်များ သိပြီးဖြစ်ပေမယ့် လိုက်နာဖို့ မေ့လျော့နေတဲ့ ကျန်းမာစေဖို့ နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။
1. တစ်နေ့ကို မိနစ် 30 ခန့် ကိုယ်လက်လပ်ရှားမှု ပြုလုပ်သင့်ပါတယ်။ အချိန်မရတဲ့အခါ 10 မိနစ်စီ ခွဲခွဲပြီးလည်း လုပ်နိုင်ပါတယ်။ လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ ကတာ၊ အားကစားလုပ်တာ၊ ပြေးတာစတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။
2. ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပေးရပါမယ်။ အစားအစာကို ကျန်းမာရေးနဲ့ ညီညွတ်စွာ ရွေးချယ်စားသုံးပေးခြင်းဖြင့် ပိုစားကောင်းသလို ဈေးနှုန်းလည်း ပိုသက်သာပါတယ်။ ဘယ်လောက် စားတယ်ဆိုတာထက် ဘာတွေစားတယ်ဆိုတာက ပိုအရေးကြီးတာကြောင့် စားတဲ့အစားအသောက်ကို သတိထား ရွေးချယ်သင့်ပါတယ်။
3. ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ဟာ အဆုတ်ကင်ဆာအပြင် အခြားကင်ဆာရောဂါများကိုလည်း ဖြစ်စေနိုင်ပြီး နှလုံးရောဂါ၊ လေဖြတ်လေဖြန်းရောဂါတွေကိုလည်း ဖြစ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
4. ဘဝကို ညီညွတ်မျှတစွာ နေပါ။ အလုပ်ချိန်၊ ပျော်ချိန် ပါးချိန်နဲ့ နားနေချိန်တွေကို မျှမျှတတ ထားနိုင်အောင် ကြိုးစားပါ။ စိတ်ရော၊ ကိုယ်ပါ ကျန်းမာပါမှ ဘဝမှာ နေပျော်မှာ ဖြစ်ပါတယ်။
5. ရေ အများကြီးသောက်ပါ။ ရေဓာတ် ပြည့်ဝနေမှသာ ခေါင်းမူးခေါင်းကိုက်ခြင်းတွေမှ ကင်းဝေးစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရေသောက်ဖို့ မမေ့ရလေအောင် အချိန်မှတ်ထားပြီး သောက်ပေးသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























