/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကျောက်ကပ်-ကျောက်မတည်အောင်-ဘယ်လိုရှောင်

ကျောက်ကပ် ကျောက်မတည်အောင် ဘယ်လိုရှောင် ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ခါးနာလို့ ဆီးအောင့်တာတွေရှိလို့ ဓာတ်မှန်ရိုက်၊ အာထရာဆောင်း ထောက်ကြည့်တဲ့အခါ ကျောက်မှုန်လေးတွေ ကျောက်လေးတွေ တွေ့ရလေ့ ရှိပါတယ်။

          ကျောက်တည်တဲ့အခါ ...

•        ဆီးပူမယ်၊ အောင့်မယ်၊ နာမယ်၊ ကျင်မယ်

•        ဆီးနောက်မယ်၊ သွေးပါတတ်မယ်

•        ခဏခဏ ဆီးသွားချင်မိမယ်

•        ဆီးတင်းတဲ့အခါ ခါးနာလာတတ်မယ်၊ ချမ်းမယ်၊ တုန်ပြီး ဖျားလာမယ်

          အထက်ပါလက္ခဏာတွေ တစ်ခုမှမရှိဘဲ ခါးလေးမှာ ပူပြီး ကွက်ကွက်ကလေး အောင့်နေတတ်တာ တစ်ခုထဲလည်း ရှိနေတတ်ပါတယ်။

 

>>    ဒီတော့ ကျောက်မတည်အောင် ဘာလုပ်ကြမလဲ?

•        ရေ တစ်ရက်ကို ရေသန့် တစ်ဘူးခွဲကနေ နှစ်ဘူး သောက်ပါ။

•        ဆား လျှော့စားပါ။ ငပိ၊ ငါးခြောက်၊ ငံပြာရည် ရှောင်ပေးပါ။ ကြိုက်လို့ စားရင်တောင် နေ့စဉ် မဖြစ်သင့်ပါဘူး။

•        ကိုကာကိုလာ ရှောင်ပါ။ စက်ရုံထုတ် အချိုရည် လျှော့သောက်ပါ။ သဘာဝရေသန့်သာ သောက်ပါ။ ရေဆာတိုင်း ရေသန့်သန့်သာသောက်ဖို့ တိုက်တွန်းပါတယ်။

•        သံပရာရည် သောက်ပါ။

•        နို့နဲ့ နို့ထွက်ပစ္စည်း နွားနို့၊ ဒိန်ချဉ်၊ ကယ်လ်ဆီယမ်ဓာတ် ပြည့်ဝအောင် စားပါ။

•        အသားစား လျှော့ပါ။ ကြက်သား၊ ဝက်သား၊ အမဲသား လျှော့ပါ။

•        အစိမ်းရင့်ရင့် သစ်သီးသစ်နှံတွေ စားပေးပါ။

•        နေ့စဉ် မျှတညီညွတ်တဲ့ အစာအုပ်စုတွေ ပါဝင်ပါစေ။

          (အသားနည်းနည်း အသီးအရွက် ပေါပေါကြွယ်ကြွယ်နဲ့ အချဉ်ဓာတ်များများ ပါ၀င်ပါစေ။)

          ကျောက်ကပ် ကျောက်မဖြစ်အောင် ရှောင်ကြဉ်စရာလေးတွေ သိရသလို ဖော်ပြပါလက္ခဏာလေးတွေ ရှိခဲ့ရင်လည်း သတိပြု ကုသမှုခံယူနိုင်ဖို့ တင်ပြလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)