ကျောက်ကပ် ကျောက်မတည်အောင် ဘယ်လိုရှောင် ...
ခါးနာလို့ ဆီးအောင့်တာတွေရှိလို့ ဓာတ်မှန်ရိုက်၊ အာထရာဆောင်း ထောက်ကြည့်တဲ့အခါ ကျောက်မှုန်လေးတွေ ကျောက်လေးတွေ တွေ့ရလေ့ ရှိပါတယ်။
ကျောက်တည်တဲ့အခါ ...
• ဆီးပူမယ်၊ အောင့်မယ်၊ နာမယ်၊ ကျင်မယ်
• ဆီးနောက်မယ်၊ သွေးပါတတ်မယ်
• ခဏခဏ ဆီးသွားချင်မိမယ်
• ဆီးတင်းတဲ့အခါ ခါးနာလာတတ်မယ်၊ ချမ်းမယ်၊ တုန်ပြီး ဖျားလာမယ်
အထက်ပါလက္ခဏာတွေ တစ်ခုမှမရှိဘဲ ခါးလေးမှာ ပူပြီး ကွက်ကွက်ကလေး အောင့်နေတတ်တာ တစ်ခုထဲလည်း ရှိနေတတ်ပါတယ်။
>> ဒီတော့ ကျောက်မတည်အောင် ဘာလုပ်ကြမလဲ?
• ရေ တစ်ရက်ကို ရေသန့် တစ်ဘူးခွဲကနေ နှစ်ဘူး သောက်ပါ။
• ဆား လျှော့စားပါ။ ငပိ၊ ငါးခြောက်၊ ငံပြာရည် ရှောင်ပေးပါ။ ကြိုက်လို့ စားရင်တောင် နေ့စဉ် မဖြစ်သင့်ပါဘူး။
• ကိုကာကိုလာ ရှောင်ပါ။ စက်ရုံထုတ် အချိုရည် လျှော့သောက်ပါ။ သဘာဝရေသန့်သာ သောက်ပါ။ ရေဆာတိုင်း ရေသန့်သန့်သာသောက်ဖို့ တိုက်တွန်းပါတယ်။
• သံပရာရည် သောက်ပါ။
• နို့နဲ့ နို့ထွက်ပစ္စည်း နွားနို့၊ ဒိန်ချဉ်၊ ကယ်လ်ဆီယမ်ဓာတ် ပြည့်ဝအောင် စားပါ။
• အသားစား လျှော့ပါ။ ကြက်သား၊ ဝက်သား၊ အမဲသား လျှော့ပါ။
• အစိမ်းရင့်ရင့် သစ်သီးသစ်နှံတွေ စားပေးပါ။
• နေ့စဉ် မျှတညီညွတ်တဲ့ အစာအုပ်စုတွေ ပါဝင်ပါစေ။
(အသားနည်းနည်း အသီးအရွက် ပေါပေါကြွယ်ကြွယ်နဲ့ အချဉ်ဓာတ်များများ ပါ၀င်ပါစေ။)
ကျောက်ကပ် ကျောက်မဖြစ်အောင် ရှောင်ကြဉ်စရာလေးတွေ သိရသလို ဖော်ပြပါလက္ခဏာလေးတွေ ရှိခဲ့ရင်လည်း သတိပြု ကုသမှုခံယူနိုင်ဖို့ တင်ပြလိုက်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























