/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကြက်သွန်နီကို-ဘယ်လိုသိမ်းဆည်းမလဲ

ကြက်သွန်နီကို ဘယ်လိုသိမ်းဆည်းမလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကြက်သွန်နီကို ချက်ပြုတ်ခြင်းမပြုမီ တစ်ရက် ကြိုလှီးထားခြင်းက အန္တရာယ် ရှိစေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါဟာ မှန်ပါသလား။

          မှန်ကန်တဲ့ ကာကွယ်နည်းတွေကို သုံးမယ်ဆိုရင် ကြက်သွန်ကို မိမိအသုံးပြုလိုတဲ့ အချိန်ထက် တစ်ရက် ကြိုပြီးလှီးထားခြင်းက အန္တရာယ်ကင်းပါတယ်။

•        လှီးပြီးသား ကြက်သွန်နီတွေကို လေလုံတဲ့ဘူးထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် ဘက်တီးရီးယား ပေါက်ဖွားမှုကို နှေးကွေးစေပါတယ်။

•        ကြက်သွန်နီ မလှီးခင်မှာ လက်နဲ့ ကြက်သွန်နီ တင်လှီးမယ့်နေရာကို သေချာဆေးကြောခြင်းဖြင့် ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

 

>>    ဖြစ်နိုင်ခြေရှိသော အန္တရာယ်များ

          ဘက်တီးရီးယားပိုး ကပ်ငြိနိုင်ချေက ကြက်သွန်နီ တစ်မျိုးတည်းအတွက် မဟုတ်ပါဘူး။ ဘယ်ဟင်းသီးဟင်းရွက်ကိုမဆို စနစ်တကျ လှီးဖြတ် သိမ်းဆည်းခြင်းမပြုဘဲ ကြိုလုပ်ထားပါက ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားနိုင်ချေ များပါတယ်။ ဥပမာ - ကြက်သား အစိမ်းတင်ပြီး လှီးထားတဲ့ စဉ်းတီတုံးကို မဆေးဘဲ ဒီပေါ်မှာပဲ ကြက်သွန်နီကို ထပ်ပြီးတင်လှှီးမယ်ဆိုရင် ကြက်သားက ဘက်တီးရိးယားပိုးတွေက ကြက်သွန်နီဆီကို ရောက်သွားနိုင်ပါတယ်။

 

>>    ကြိုတင်လှီးထားသော ကြက်သွန်နီများကို အသုံးပြုခြင်း

          လှီးထား၊ နုပ်နုပ်စင်းထားသော ကြက်သွန်နီတွေကို ရေခဲသေတ္တာထဲမှာ သေချာသိမ်းထားမယ်ဆိုရင် 7 ရက်ကနေ 10 ရက်လောက်အထိ အထားခံပါတယ်။ ဒါပေမဲ့ ကြက်သွန်နီတွေ ပစ်ချွဲပြီး အရေတွေ ထွက်နေရင်တော့ လွှင့်ပစ်လိုက်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)